7. ယောဟန်ကမိမိ၏ထံမှဗတ္တိဇံခံယူရန်လာကြ ကုန်သောလူအပေါင်းတို့အား ``အချင်းမြွေဆိုး အမျိုးတို့၊ သက်ရောက်လတ္တံ့သောအမျက်တော်၏ ဘေးမှရှောင်ပြေးရန်သင်တို့အားအဘယ်သူ သတိပေးဘိသနည်း။-
8. နောင်တနှင့်လျော်ကန်သည့်အကျင့်ကိုကျင့်ကြ လော့။ အာဗြဟံသည်ငါတို့၏အဖဖြစ်သည်ဟု မပြောကြနှင့်။ ဘုရားသခင်သည်ဤကျောက်ခဲ များကိုအာဗြဟံ၏သားသမီးများဖြစ်စေ ရန်ဖန်ဆင်းတော်မူနိုင်သည်ဟုသင်တို့အား ငါဆို၏။-
9. သစ်ပင်ရင်းတွင်ပုဆိန်ကိုချထားလျက်ရှိသဖြင့် အသီးကောင်းကိုမသီးသောအပင်ဟူသမျှသည် ခုတ်လှဲ၍ မီးထဲသို့ပစ်ချခြင်းခံရလတ္တံ့'' ဟုလူ အပေါင်းတို့အားဆို၏။
10. လူပရိသတ်အပေါင်းတို့က ``ထိုသို့ဖြစ်ပါမူ အကျွန်ုပ်တို့သည်အဘယ်သို့ပြုရပါမည်နည်း'' ဟု မေးလျှောက်၏။
11. ထိုအခါယောဟန်က ``အင်္ကျီနှစ်ထည်ရှိသူသည် အင်္ကျီမရှိသူအားတစ်ထည်ဝေမျှစေ။ စားသောက် စရာရှိသူသည်လည်းထိုနည်းတူဝေမျှစေ'' ဟု ပြန်ပြော၏။
12. အခွန်ခံသူတို့သည်ဗတ္တိဇံကိုခံယူရန်ရောက်လာ ကြ၏။ သူတို့က ``အရှင်၊ အကျွန်ုပ်တို့သည်အဘယ် သို့ပြုရပါမည်နည်း'' ဟုမေးလျှောက်ကြ၏။
13. ယောဟန်က ``သင်တို့သည်တရားဥပဒေရှိ သည်ထက်ပို၍ အခွန်အကောက်မခွဲမခံကြ နှင့်'' ဟုပြန်ပြော၏။