ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 3:12-24 Common Language Bible (BCL)

12. အ​ခွန်​ခံ​သူ​တို့​သည်​ဗတ္တိ​ဇံ​ကို​ခံ​ယူ​ရန်​ရောက်​လာ ကြ​၏။ သူ​တို့​က ``အ​ရှင်၊ အ​ကျွန်ုပ်​တို့​သည်​အ​ဘယ် သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။

13. ယော​ဟန်​က ``သင်​တို့​သည်​တ​ရား​ဥ​ပ​ဒေ​ရှိ သည်​ထက်​ပို​၍ အ​ခွန်​အ​ကောက်​မ​ခွဲ​မ​ခံ​ကြ နှင့်'' ဟု​ပြန်​ပြော​၏။

14. စစ်​သား​များ​က​လည်း ``အ​ကျွန်ုပ်​တို့​သည်​အ​ဘယ် သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။ယော​ဟန်​က ``သင်​တို့​သည်​အ​ဘယ်​သူ​ကို​မျှ မ​တ​ရား​မ​စွပ်​မ​စွဲ​ကြ​နှင့်။ အ​ဘယ်​သူ့​ထံ​မှ ငွေ​ကို​အ​ဋ္ဌမ္မ​မ​တောင်း​ကြ​နှင့်။ သင်​တို့​ရ​သော လ​စာ​ဖြင့်​ရောင့်​ရဲ​ကြ​လော့'' ဟု​ပြန်​ပြော​၏။

15. လူ​တို့​သည်​မေ​ရှိ​ယ​ကြွ​လာ​တော့​မည်​ဟု​ယုံ ကြည်​လျက်​စောင့်​မျှော်​နေ​ချိန်​ဖြစ်​ရာ ``ယော​ဟန် သည်​မေ​ရှိ​ယ​ပင်​ဖြစ်​လေ​သ​လော'' ဟု​တွေး​တော နေ​ကြ​၏။-

16. သို့​ဖြစ်​၍​ယော​ဟန်​က ``ငါ​သည်​သင်​တို့​အား​ရေ ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​၏။ သို့​ရာ​တွင်​ငါ့​ထက် ကြီး​မြတ်​သူ​သည်​ငါ့​နောက်​မှ​ပေါ်​ထွန်း​လိမ့်​မည်။ ငါ​သည်​ထို​အ​ရှင်​၏​ဖိ​နပ်​ကြိုး​ကို​မျှ​မ​ဖြေ​ထိုက်။ ထို​အ​ရှင်​သည်​သင်​တို့​အား​သန့်​ရှင်း​သော​ဝိညာဉ် တော်​ဖြင့်​လည်း​ကောင်း၊ မီး​ဖြင့်​လည်း​ကောင်း​ဗတ္တိဇံ မင်္ဂ​လာ​ကို​ပေး​တော်​မူ​လတ္တံ့။-

17. မိ​မိ​၏​ကောက်​နယ်​တ​လင်း​ကို​ရှင်း​လင်း​ပစ်​ရန် လက်​တော်​တွင်​ဆန်​ကော​ကို​ကိုင်​ထား​တော်​မူ​သည် ဖြစ်​၍ ဂျုံ​စ​ပါး​များ​ကို​ကျီ​တွင်​စု​သိမ်း​၍​အ​ဖျင်း များ​ကို​မူ ငြိမ်း​သတ်​၍​မ​ရ​နိုင်​သော​မီး​တွင်​ကျွမ်း လောင်​စေ​တော်​မူ​လတ္တံ့'' ဟု​သူ​တို့​အား​ဆို​၏။

18. ယော​ဟန်​သည်​အ​ခြား​နှိုး​ဆော်​ချက်​များ​ဖြင့် လူ​တို့​အား​သ​တင်း​ကောင်း​ကို​ဟော​ပြော​ကြေ ညာ​၏။-

19. သို့​ရာ​တွင်​ဟေ​ရုဒ်​ဘု​ရင်​သည်​မိ​မိ​ညီ​ဖြစ်​သူ​၏ ဇ​နီး​ဟေ​ရော​ဒိ​ကို​သိမ်း​ပိုက်​ခြင်း​နှင့်​ပတ်​သက်​၍ လည်း​ကောင်း၊ မိ​မိ​ကူး​လွန်​ခဲ့​သော​အ​ပြစ်​အ​ပေါင်း နှင့်​ပတ်​သက်​၍​လည်း​ကောင်း​ယော​ဟန်​က​သူ့​အား ဆုံး​မ​ခဲ့​၏။-

20. ထို​နောက်​ယော​ဟန်​ကို​ထောင်​ထဲ​တွင်​ချုပ်​နှောင်​ထား စေ​ခြင်း​ဖြင့် ဟေ​ရုဒ်​သည်​ကူး​လွန်​ပြီး​ခဲ့​သည့် အ​ပြစ်​အ​ပေါင်း​တို့​ထက်​ဆိုး​ရွား​သော​အ​ပြစ် ကို​ကူး​လွန်​လေ​သည်။

21. လူ​အ​ပေါင်း​တို့​သည်​ဗတ္တိဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​ကြ​ပြီး သော​အ​ခါ သ​ခင်​ယေ​ရှု​သည်​လည်း​ဗတ္တိဇံ​မင်္ဂ​လာ ကို​ခံ​ယူ​တော်​မူ​၏။ ကိုယ်​တော်​သည်​ဆု​တောင်း ပတ္ထ​နာ​ပြု​လျက်​နေ​တော်​မူ​စဉ်​ကောင်း​ကင် ပွင့်​ဟ​၍၊-

22. သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည်​ချိုး​ငှက်​အ​သွင် ဖြင့် ကိုယ်​ခန္ဓာ​ပုံ​သဏ္ဌာန်​ထင်​ရှား​စွာ​ဖြင့်​ကိုယ်​တော် ၏​အ​ပေါ်​သို့​ဆင်း​သက်​တော်​မူ​၏။ မိုး​ကောင်း​ကင် မှ ``သင်​ကား​ငါ​နှစ်​သက်​မြတ်​နိုး​ရာ​ငါ​၏​ချစ် သား​ပေ​တည်း'' ဟု​အ​သံ​တော်​ထွက်​ပေါ်​လာ​၏။

23. အ​မှု​တော်​စ​တင်​ဆောင်​ရွက်​ချိန်​၌​သ​ခင်​ယေ​ရှု သည်​အ​သက်​သုံး​ဆယ်​ခန့်​ရှိ​တော်​မူ​၏။ လူ​တို့​ထင် မြင်​ယူ​ဆ​ချက်​အ​ရ​ကိုယ်​တော်​သည်​ယော​သပ်​၏ သား​ဖြစ်​၏။ ယော​သပ်​သည်​ဧ​လိ​၏​သား​တည်း။-

24. ဧ​လိ​ကား​မ​ဿတ်​၏​သား၊ မ​ဿတ်​ကား​လေ​ဝိ​၏ သား၊ လေ​ဝိ​ကား​မေ​လ​ခိ​၏​သား၊ မေ​လ​ခိ​ကား ယန္န​၏​သား၊ ယန္န​ကား​ယော​သပ်​၏​သား​ဖြစ်​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 3