ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 3:1-10 Common Language Bible (BCL)

1. ဧ​က​ရာဇ်​မင်း​တိ​ဗေ​ရိ​နန်း​စံ​တစ်​ဆယ့်​ငါး​နှစ် မြောက်​သော​အ​ခါ ယု​ဒ​ပြည်​တွင်​ပုန္တိ​ပိ​လတ်​သည် ဘု​ရင်​ခံ​ဖြစ်​၏။ ဂါ​လိ​လဲ​ပြည်​တွင်​ဟေ​ရုဒ်၊ ဣ​တု​ရဲ ပြည်​နှင့်​တ​ရာ​ခေါ​နိတ်​ပြည်​တွင်​ဟေ​ရုဒ်​၏​ညီ ဖိ​လိပ္ပု၊ အ​ဘိ​လင်​ပြည်​တွင်​လု​သာ​နိ​တို့​သည် အ​သီး​သီး​ဘု​ရင်​ခံ​ဖြစ်​ကြ​၏။-

2. အန္န​နှင့်​က​ယာ​ဖ​တို့​သည်​ကား​ယဇ်​ပု​ရော​ဟိတ် မင်း​များ​ဖြစ်​ကြ​၏။ ထို​အ​ခါ​တော​ကန္တာ​ရ​၌​ရှိ သော​ဇာ​ခ​ရိ​၏​သား​ယော​ဟန်​သည် ဘု​ရား​သ​ခင် ၏​ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​၏။-

3. သို့​ဖြစ်​၍​ယော​ဟန်​သည်​ယော်​ဒန်​မြစ်​ဝှမ်း​တ​လျှောက် သို့​သွား​ရောက်​၍ ``နောင်​တ​ရ​၍​ဗတ္တိ​ဇံ​ကို​ခံ​ယူ​ကြ လော့။ သို့​မှ​သာ​ဘု​ရား​သ​ခင်​သည်​သင်​တို့​၏​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်'' ဟု​လူ​တို့​အား ဟော​ပြော​၏။-

4. ပ​ရော​ဖက်​ဟေ​ရှာ​ယ​ကျမ်း​တွင်​ပါ​ရှိ​သည်​နှင့် အ​ညီ၊ တော​ကန္တာ​ရ​တွင်​လူ​တစ်​ယောက်​သည် ကြွေး ကြော်​လျက်​နေ​သည်​မှာ၊`ကိုယ်​တော်​ရှင်​ကြွ​တော်​မူ​ရာ​လမ်း​ကို အ​သင့်​ပြင်​ဆင်​ကြ​လော့။ကိုယ်​တော်​၏​လမ်း​ကို​ဖြောင့်​တန်း​အောင်​ပြု​ကြ​လော့။

5. ချိုင့်​ဝှမ်း​ရှိ​သ​မျှ​ကို​ဖို့​၍​တောင်​ကြီး​တောင်​ငယ် အ​ပေါင်း​ကို ဖြို​ရ​ကြ​မည်။လမ်း​ကောက်​များ​ကို​ဖြောင့်​စေ​၍​လမ်း​ကြမ်း​များ​ကို ချော​မော​ပြေ​ပြစ်​စေ​ရ​မည်။

6. လူ​အ​ပေါင်း​တို့​သည်​ဘု​ရား​သ​ခင်​၏​ကယ်​တင်​ခြင်း ကျေး​ဇူး​ကို​တွေ့​မြင်​ရ​ကြ​လတ္တံ့' ဟုတော​ကန္တာ​ရ​တွင်​လူ​တစ်​ယောက်​သည် ကြွေး​ကြော်​လျက်​နေ​၏။

7. ယော​ဟန်​က​မိ​မိ​၏​ထံ​မှ​ဗတ္တိ​ဇံ​ခံ​ယူ​ရန်​လာ​ကြ ကုန်​သော​လူ​အ​ပေါင်း​တို့​အား ``အ​ချင်း​မြွေ​ဆိုး အ​မျိုး​တို့၊ သက်​ရောက်​လတ္တံ့​သော​အ​မျက်​တော်​၏ ဘေး​မှ​ရှောင်​ပြေး​ရန်​သင်​တို့​အား​အ​ဘယ်​သူ သတိ​ပေး​ဘိ​သ​နည်း။-

8. နောင်​တ​နှင့်​လျော်​ကန်​သည့်​အ​ကျင့်​ကို​ကျင့်​ကြ လော့။ အာ​ဗြ​ဟံ​သည်​ငါ​တို့​၏​အ​ဖ​ဖြစ်​သည်​ဟု မ​ပြော​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည်​ဤ​ကျောက်​ခဲ များ​ကို​အာ​ဗြ​ဟံ​၏​သား​သ​မီး​များ​ဖြစ်​စေ ရန်​ဖန်​ဆင်း​တော်​မူ​နိုင်​သည်​ဟု​သင်​တို့​အား ငါ​ဆို​၏။-

9. သစ်​ပင်​ရင်း​တွင်​ပု​ဆိန်​ကို​ချ​ထား​လျက်​ရှိ​သ​ဖြင့် အ​သီး​ကောင်း​ကို​မ​သီး​သော​အ​ပင်​ဟူ​သ​မျှ​သည် ခုတ်​လှဲ​၍ မီး​ထဲ​သို့​ပစ်​ချ​ခြင်း​ခံ​ရ​လတ္တံ့'' ဟု​လူ အ​ပေါင်း​တို့​အား​ဆို​၏။

10. လူ​ပ​ရိ​သတ်​အ​ပေါင်း​တို့​က ``ထို​သို့​ဖြစ်​ပါ​မူ အ​ကျွန်ုပ်​တို့​သည်​အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု မေး​လျှောက်​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 3