ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 24:36-41 Common Language Bible (BCL)

36. ထို​အ​ကြောင်း​အ​ရာ​များ​ကို​တ​ပည့်​တော်​နှစ်​ယောက် တို့​ပြော​ပြ​နေ​စဉ်​သ​ခင်​ယေ​ရှု​သည်​သူ​တို့​၏​အ​လယ် ၌​ပေါ်​လာ​တော်​မူ​၍ ``သင်​တို့​တွင်​ငြိမ်​သက်​ခြင်း​ရှိ စေ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။

37. သူ​တို့​သည်​တစ္ဆေ​ခြောက်​သည်​ဟု​ထင်​မှတ်​သ​ဖြင့် ထိတ်​လန့်​တုန်​လှုပ်​နေ​ကြ​၏။-

38. ကိုယ်​တော်​က ``အ​ဘယ်​ကြောင့်​ကြောက်​လန့်​နေ​ကြ သ​နည်း။ အ​ဘယ်​ကြောင့်​ယုံ​မှား​သံ​သ​ယ​ဖြစ် နေ​ကြ​သ​နည်း။ ငါ​၏​လက်​များ၊ ခြေ​များ​ကို ကြည့်​ကြ​လော့။-

39. သင်​တို့​မြင်​ရ​သူ​ကား​ငါ​ကိုယ်​တိုင်​ပင်​ဖြစ်​၏။ ငါ့ ကိုယ်​ကို​စမ်း​သပ်​ကြည့်​ကြ​လော့။ သင်​တို့​မြင်​သည် အ​တိုင်း​ငါ့​မှာ​အ​သား​အ​ရိုး​များ​ရှိ​၏။

40. ထို​နောက်​လက်​တော်​ခြေ​တော်​တို့​ကို​တ​ပည့်​တော် တို့​အား​ပြ​တော်​မူ​၏။-

41. သို့​ရာ​တွင်​သူ​တို့​သည်​အ​လွန်​အံ့​သြ​လျက်​နေ ကြ​သ​ဖြင့်​မ​ယုံ​နိုင်​သေး​ဘဲ​ရှိ​ကြ​စဉ်​ကိုယ်​တော် က ``သင်​တို့​မှာ​စား​စ​ရာ​တစ်​စုံ​တစ်​ခု​ရှိ​သ​လော'' ဟု​မေး​တော်​မူ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 24