ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 24:33-41 Common Language Bible (BCL)

33. သူ​တို့​သည်​ချက်​ချင်း​ထ​၍​ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​ကြ​၏။ ထို​အ​ရပ်​တွင်​တစ်​ကျိပ်​တစ်​ပါး​နှင့် အ​ခြား​တ​ပည့်​တော်​များ​သည်​စု​ရုံး​လျက်​နေ ကြ​သည်​ကို​တွေ့​ကြ​၏။-

34. စု​ရုံး​လျက်​နေ​သော​သူ​တို့​က ``အ​ကယ်​ပင်​သ​ခင် ဘု​ရား​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​ပေ​တ​ရု​အား​ကိုယ်​ထင်​ပြ​တော် မူ​ပြီ'' ဟု​ဆို​ကြ​၏။

35. ထို​နောက်​ထို​သူ​နှစ်​ယောက်​တို့​သည်​လမ်း​တွင် ဖြစ်​ပျက်​ခဲ့​သည့်​အ​ကြောင်း​အ​ရာ​ကို​လည်း ကောင်း၊ မုန့်​ကို​ဖဲ့​တော်​မူ​စဉ်​တွင်​ကိုယ်​တော်​မှန်း သိ​ရှိ​လာ​ကြောင်း​ကို​လည်း​ကောင်း​ပြော​ကြ​၏။

36. ထို​အ​ကြောင်း​အ​ရာ​များ​ကို​တ​ပည့်​တော်​နှစ်​ယောက် တို့​ပြော​ပြ​နေ​စဉ်​သ​ခင်​ယေ​ရှု​သည်​သူ​တို့​၏​အ​လယ် ၌​ပေါ်​လာ​တော်​မူ​၍ ``သင်​တို့​တွင်​ငြိမ်​သက်​ခြင်း​ရှိ စေ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။

37. သူ​တို့​သည်​တစ္ဆေ​ခြောက်​သည်​ဟု​ထင်​မှတ်​သ​ဖြင့် ထိတ်​လန့်​တုန်​လှုပ်​နေ​ကြ​၏။-

38. ကိုယ်​တော်​က ``အ​ဘယ်​ကြောင့်​ကြောက်​လန့်​နေ​ကြ သ​နည်း။ အ​ဘယ်​ကြောင့်​ယုံ​မှား​သံ​သ​ယ​ဖြစ် နေ​ကြ​သ​နည်း။ ငါ​၏​လက်​များ၊ ခြေ​များ​ကို ကြည့်​ကြ​လော့။-

39. သင်​တို့​မြင်​ရ​သူ​ကား​ငါ​ကိုယ်​တိုင်​ပင်​ဖြစ်​၏။ ငါ့ ကိုယ်​ကို​စမ်း​သပ်​ကြည့်​ကြ​လော့။ သင်​တို့​မြင်​သည် အ​တိုင်း​ငါ့​မှာ​အ​သား​အ​ရိုး​များ​ရှိ​၏။

40. ထို​နောက်​လက်​တော်​ခြေ​တော်​တို့​ကို​တ​ပည့်​တော် တို့​အား​ပြ​တော်​မူ​၏။-

41. သို့​ရာ​တွင်​သူ​တို့​သည်​အ​လွန်​အံ့​သြ​လျက်​နေ ကြ​သ​ဖြင့်​မ​ယုံ​နိုင်​သေး​ဘဲ​ရှိ​ကြ​စဉ်​ကိုယ်​တော် က ``သင်​တို့​မှာ​စား​စ​ရာ​တစ်​စုံ​တစ်​ခု​ရှိ​သ​လော'' ဟု​မေး​တော်​မူ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 24