18. သူတို့အနက်ကလောဖဆိုသူက ``ယေရုရှလင် မြို့သို့လာရောက်သောဧည့်သည်များအနက်သင် တစ်ဦးတည်းသာလျှင် ဤရက်များအတောအတွင်း ၌ယေရုရှလင်မြို့တွင်ဖြစ်ပျက်သည့်အမှုအရာ များအကြောင်းကိုမသိဘဲနေပါသလော'' ဟု ဆို၏။
19. ကိုယ်တော်က ``အဘယ်အမှုအရာများနည်း'' ဟုမေးတော်မူ၏။ထိုသူနှစ်ဦးက ``နာဇရက်မြို့သားယေရှုနှင့် သက်ဆိုင်သောအမှုအရာများပင်ဖြစ်ပါ၏။ ထိုသူသည်ဘုရားသခင်နှင့်လူအပေါင်း တို့၏ရှေ့တွင်လက်သတ္တိ၊ နှုတ်သတ္တိနှင့်ပြည့်စုံ သောပရောဖက်ဖြစ်ပါ၏။-
20. ငါတို့၏ယဇ်ပုရောဟိတ်ကြီးများနှင့်အကြီး အကဲများသည်သူ့အားသေဒဏ်စီရင်ရန် ပိလတ်မင်း၏လက်သို့အပ်နှံခဲ့ကြ၏။ လက် ဝါးကပ်တိုင်မှာတင်၍သတ်ခဲ့ကြပါ၏။-
21. ထိုအရှင်သည်ဣသရေလလူမျိုးကိုလွတ်မြောက် စေတော်မူမည့်အရှင်ဖြစ်သည်ဟု ငါတို့မျှော်လင့် ခဲ့ကြပါ၏။ အဆိုပါအမှုအရာများဖြစ်ပျက် ခဲ့သည်မှာယခုသုံးရက်ရှိပါပြီ။-
22. ငါတို့၏အပေါင်းအဖော်များဖြစ်သောအမျိုး သမီးအချို့တို့သည်နံနက်စောစောသင်္ချိုင်း တော်သို့သွားခဲ့ကြ၏။-
23. သူတို့သည်အလောင်းတော်ကိုမတွေ့ရကြပါ။ ကောင်းကင်တမန်များကိုရူပါရုံတွင်မြင်ရ ကြသည်ဟုငါတို့အားပြောကြားကြပါ၏။ ကောင်းကင်တမန်များကသခင်ယေရှုသည် အသက်ရှင်လျက်ရှိတော်မူကြောင်းကိုပြော ကြသည်ဟုလည်းဆိုကြ၏။ သို့ဖြစ်၍ငါ တို့သည်မိန်းမောတွေဝေသွားကြပါ၏။-
24. ငါတို့အထဲမှလူအချို့တို့သည်လည်းသင်္ချိုင်း တော်သို့သွားကြရာအမျိုးသမီးများဖော် ပြခဲ့သည်အတိုင်းပင်တွေ့မြင်ရကြပါ၏။ ကိုယ်တော်ကိုမူကားမတွေ့မမြင်ရကြပါ'' ဟုဆိုကြ၏။
25. ထိုအခါကိုယ်တော်က ``ပရောဖက်များဟော ကြားခဲ့သမျှကိုယုံကြည်ရန်အလွန်နှေး ကွေးသောအိုလူမိုက်တို့၊-
26. မေရှိယသည်ဘုန်းအသရေတော်ကိုမခံမ ယူမီ ဤသို့သောဒုက္ခဝေဒနာများကိုခံစား ရန်လိုအပ်သည်မဟုတ်ပါလော'' ဟုမိန့်တော် မူ၏။-
27. ထိုနောက်သခင်ယေရှုသည်မောရှေကျမ်းမှ အစပြု၍ပရောဖက်ကျမ်းအားလုံးတွင် ကိုယ်တော်အကြောင်းနှင့်ပတ်သက်သည့်ကျမ်း ပိုဒ်များကိုထိုသူနှစ်ယောက်တို့အားရှင်လင်း ၍ပြတော်မူ၏။