ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 22:7-22 Common Language Bible (BCL)

7. တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​တွင်​ပ​သ​ခါ​သိုး​ငယ်​ကို သတ်​၍​ပူ​ဇော်​ရာ​နေ့​ရက်​ကျ​ရောက်​လာ​၏။-

8. ကိုယ်​တော်​က​ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​အား ``ငါ တို့​စား​ရန်​ပ​သ​ခါ​ပွဲ​ည​စာ​ကို​သွား​၍​ပြင်​ဆင် ကြ​လော့'' ဟု​ဆို​၍​စေ​လွှတ်​တော်​မူ​၏။

9. သူ​တို့​က ``အ​ဘယ်​အ​ရပ်​တွင်​ပြင်​ဆင်​ရ​ပါ မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။

10. ကိုယ်​တော်​က ``သင်​တို့​မြို့​တွင်း​သို့​ဝင်​မိ​လျှင်​ရေ အိုး​ကို​ထမ်း​လာ​သူ​လူ​တစ်​ယောက်​သည်​သင်​တို့ အား​ကြို​ဆို​လိမ့်​မည်။ သူ့​နောက်​သို့​လိုက်​၍​သူ ဝင်​သော​အိမ်​ထဲ​သို့​ဝင်​ကြ​လော့။-

11. အိမ်​ရှင်​အား `တ​ပည့်​များ​နှင့်​အ​တူ​ပ​သ​ခါ​ပွဲ ည​စာ​ကို​ငါ​စား​ရန်​အ​ခန်း​ကား​အ​ဘယ်​နည်း' ဟု​ဆ​ရာ​တော်​က​စုံ​စမ်း​ခိုင်း​ကြောင်း​ပြော​ကြား ကြ​လော့။-

12. ထို​သူ​သည်​အ​ထက်​ထပ်​ရှိ​ခင်း​ကျင်း​ထား​သော အ​ခန်း​ကြီး​ကို​ပြ​လိမ့်​မည်။ ထို​အ​ခန်း​တွင် ပြင်​ဆင်​မှု​ကို​ပြု​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။-

13. တ​ပည့်​တော်​နှစ်​ယောက်​တို့​သည်​ထွက်​သွား​ပြီး နောက်​ကိုယ်​တော်​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း​တွေ့ ရှိ​ကြ​သ​ဖြင့် ပ​သ​ခါ​ပွဲ​ည​စာ​ကို​အ​သင့်​ပြင် ဆင်​ကြ​၏။

14. အ​ချိန်​ရောက်​သော​အ​ခါ​ကိုယ်​တော်​သည်​တ​မန် တော်​တို့​နှင့်​အ​တူ​စား​ပွဲ​တွင်​ထိုင်​တော်​မူ​၏။-

15. ကိုယ်​တော်​က ``ငါ​သည်​အ​သေ​မ​ခံ​ရ​မီ​ဤ ပ​သ​ခါ​ပွဲ​ည​စာ​ကို​သင်​တို့​နှင့်​အ​တူ​စား ရန်​အ​လွန်​အ​လို​ရှိ​၏။-

16. သင်​တို့​အား​ငါ​ဆို​သည်​ကား​ပ​သ​ခါ​ပွဲ​ကျင်း​ပ သည့်​ရည်​ရွယ်​ချက်​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် ၌​အ​ကောင်​အ​ထည်​ပေါ်​လာ​လိမ့်​မည်။ ထို​အ​ချိန် မ​တိုင်​မီ​ငါ​သည်​ပ​သ​ခါ​ည​စာ​ကို​နောက်​တစ် ဖန်​စား​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

17. ထို​နောက်​ကိုယ်​တော်​သည်​စ​ပျစ်​ရည်​ခွက်​ကို​ယူ ၍​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း တော်​မူ​ပြီး​လျှင် ``ဤ​စ​ပျစ်​ရည်​ခွက်​ကို​ယူ ကြ​လော့။ အ​ချင်း​ချင်း​ဝေ​၍​သောက်​ကြ​လော့။-

18. သင်​တို့​အား​ငါ​ဆို​သည်​ကား​ယ​ခု​မှ​စ​၍ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​မ​တည်​မ​ချင်း​ငါ​သည် စ​ပျစ်​ရည်​ကို​နောက်​တစ်​ဖန်​သောက်​လိမ့်​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

19. ထို​နောက်​ကိုယ်​တော်​သည်​မုန့်​ကို​ယူ​၍​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ ပြီး​လျှင် မုန့်​ကို​ဖဲ့​၍​တ​ပည့်​တော်​တို့​အား ပေး​တော်​မူ​၏။ ကိုယ်​တော်​က ``ဤ​မုန့်​ကား​သင် တို့​အ​တွက်​စွန့်​သော​ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏။ ငါ့​ကို​အောက်​မေ့​သ​တိ​ရ​ရန်​ဤ​သို့​ပြု ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။-

20. ထို​နည်း​တူ​စွာ​ည​စာ​စား​ပြီး​နောက်​စ​ပျစ် ရည်​ခွက်​ကို​လည်း​ယူ​တော်​မူ​လျက် ``ဤ​ခွက် ကား​သင်​တို့​အ​တွက်​သွန်း​သော​ငါ​၏​သွေး အား​ဖြင့်​ပြု​သော​ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် တ​ရား​သစ်​ဖြစ်​၏။

21. ``သို့​ရာ​တွင်​သ​တိ​ပြု​ကြ​လော့။ ငါ့​ကို​ရန်​သူ့ လက်​သို့​အပ်​မည့်​သူ​သည်​ငါ​နှင့်​အ​တူ​စား​ပွဲ မှာ​ရှိ​၏။-

22. လူ​သား​သည်​ဘု​ရား​သ​ခင်​ခွဲ​ခန့်​ထား​တော်​မူ သည်​အ​တိုင်း​အ​သေ​ခံ​ရန်​အ​မှန်​ပင်​သွား​ရ မည်။ သို့​သော်​လူ​သား​ကို​ရန်​သူ​လက်​သို့​အပ် သော​သူ​သည်​အ​မင်္ဂ​လာ​ရှိ​၏'' ဟု​မိန့်​တော် မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 22