ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 22:56-63 Common Language Bible (BCL)

56. ထို​သို့​ပေ​တ​ရု​ထိုင်​နေ​သည်​ကို​အ​စေ​ခံ​မ က​လေး​တစ်​ယောက်​မြင်​သ​ဖြင့်​ပေ​တ​ရု​အား စိုက်​ကြည့်​ပြီး​လျှင် ``ဤ​သူ​သည်​ယေ​ရှု​နှင့် အ​ပေါင်း​အ​ပါ​ဖြစ်​၏'' ဟု​ဆို​၏။

57. သို့​ရာ​တွင်​ပေ​တ​ရု​က ``အ​ချင်း​အ​မျိုး​သ​မီး၊ ထို​သူ​ကို​ငါ​မ​သိ'' ဟု​ငြင်း​ဆို​လေ​၏။

58. ထို​နောက်​ခ​ဏ​မျှ​ကြာ​သော်​လူ​တစ်​ယောက်​သည် ပေ​တ​ရု​ကို​မြင်​သ​ဖြင့် ``သင်​သည်​လည်း​ထို​သူ လူ​စု​တွင်​အ​ပါ​အ​ဝင်​ဖြစ်​၏'' ဟု​ဆို​၏။သို့​ရာ​တွင်​ပေ​တ​ရု​က ``အ​ချင်း​လူ၊ ထို​လူ​စု တွင်​ငါ​မ​ပါ'' ဟု​ဆို​၏။

59. ထို​နောက်​တစ်​နာ​ရီ​ခန့်​ကြာ​သော​အ​ခါ​အ​ခြား လူ​တစ်​ယောက်​က ``ဤ​သူ​သည်​ဂါ​လိ​လဲ​ပြည် သား​ဖြစ်​သ​ဖြင့်​ယေ​ရှု​နှင့်​အ​ပေါင်း​အ​ပါ​ဖြစ် သည်​ကို​ယုံ​မှား​စ​ရာ​မ​ရှိ'' ဟု​အ​ခိုင်​အ​မာ​ဆို​၏။

60. သို့​ရာ​တွင်​ပေ​တ​ရု​က ``အ​ချင်း​လူ၊ သင်​ပြော သော​အ​ကြောင်း​အ​ရာ​ကို​ငါ​မ​သိ'' ဟု​ဆို​၏။ဤ​သို့​ပေ​တ​ရု​ပြော​ဆို​နေ​စဉ်​ကြက်​တွန်​လေ​၏။-

61. အ​ရှင်​ဘု​ရား​သည်​လှည့်​၍​ပေ​တ​ရု​ကို​ကြည့် တော်​မူ​၏။ ထို​အ​ခါ​ပေ​တ​ရု​သည် ``ယ​နေ့​ည ကြက်​မ​တွန်​မီ​သင်​သည် ငါ့​ကို​မ​သိ​ဟု​သုံး​ကြိမ် မြောက်​အောင်​ငြင်း​ဆို​လိမ့်​မည်'' ဟူ​သော​သ​ခင် ဘု​ရား​၏​စ​ကား​တော်​ကို​ပြန်​၍​သ​တိ​ရ​၏။-

62. သို့​ဖြစ်​၍​အ​ပြင်​သို့​ထွက်​ပြီး​လျှင်​ဝမ်း​နည်း ပက်​လက်​ငို​ကြွေး​လေ​၏။

63. သ​ခင်​ယေ​ရှု​ကို​စောင့်​ကြပ်​နေ​သူ​တို့​က ကိုယ်​တော်​အား​ပြောင်​လှောင်​ရိုက်​ပုတ်​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 22