ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 22:48-52 Common Language Bible (BCL)

48. သ​ခင်​ယေ​ရှု​က ``ယု​ဒ၊ သင်​သည်​နမ်း​ရှုပ်​ခြင်း ဖြင့်​လူ​သား​အား​ရန်​သူ​လက်​သို့​အပ်​မည်​လော'' ဟု​မေး​တော်​မူ​၏။

49. တ​ပည့်​တော်​တို့​သည်​အ​ခြေ​အ​နေ​ကို​မှန်း​ဆ မိ​ကြ​သော​အ​ခါ​ကိုယ်​တော်​အား ``အ​ရှင်၊ အ​ကျွန်ုပ် တို့​သည်​ဋ္ဌား​ဖြင့်​ခုတ်​ရ​မည်​လော'' ဟု​မေး​လျှောက် ကြ​၏။-

50. တ​ပည့်​တော်​တစ်​ယောက်​သည်​ယဇ်​ပု​ရော​ဟိတ် မင်း​၏​ကျွန်​တစ်​ယောက်​ကို​ခုတ်​လိုက်​ရာ​ထို​သူ ၏​လက်​ယာ​နား​ရွက်​ပြတ်​လေ​၏။

51. ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``တော်​ပြီ'' ဟု​မိန့်​တော် မူ​၏။ ကိုယ်​တော်​သည်​ထို​သူ​၏​နား​ရွက်​ကို​လက် တော်​ဖြင့်​တို့​ထိ​တော်​မူ​၍​အ​နာ​ကို​ပျောက်​စေ တော်​မူ​၏။

52. ထို​နောက်​သ​ခင်​ယေ​ရှု​က​မိ​မိ​အား​ဖမ်း​ဆီး​ရန် ရောက်​ရှိ​လာ​ကြ​သည့်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​များ​နှင့်​ဘာ​သာ​ရေး ခေါင်း​ဆောင်​များ​အား ``သင်​တို့​သည်​ဋ္ဌား​ပြ​ကို​ဖမ်း သ​ကဲ့​သို့​ငါ့​ကို​ဖမ်း​ရန်​ဋ္ဌား​များ၊ တုတ်​များ​နှင့် လာ​ကြ​သ​လော။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 22