ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 22:42-52 Common Language Bible (BCL)

42. ``အို အ​ဖ၊ အ​လို​တော်​ရှိ​လျှင်​ဤ​ဒုက္ခ​ဝေ​ဒ​နာ ခွက်​ကို​ဖယ်​ရှား​တော်​မူ​ပါ။ သို့​ရာ​တွင်​အ​ကျွန်ုပ် ၏​အ​လို​အ​တိုင်း​မ​ဟုတ်၊ ကိုယ်​တော်​ရှင်​၏​အ​လို တော်​အ​တိုင်း​သာ​ဖြစ်​စေ​တော်​မူ​ပါ'' ဟု​ဆု တောင်း​တော်​မူ​၏။-

43. ကောင်း​ကင်​ဘုံ​မှ​ကောင်း​ကင်​တ​မန်​တစ်​ပါး သည်​လာ​၍​ကိုယ်​တော်​ကို​အား​ပေး​လေ​၏။-

44. ကိုယ်​တော်​သည်​ပြင်း​ပြ​စွာ​ဝေ​ဒ​နာ​ကို​ခံ လျက်​ပို​၍​စိတ်​အား​ကြီး​စွာ​ဆု​တောင်း​တော် မူ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​၏​ချွေး​ပေါက်​တို့ သည်​သွေး​စက်​များ​သ​ဖွယ်​မြေ​ပေါ်​သို့​ကျ​၏။

45. ကိုယ်​တော်​သည်​ဆု​တောင်း​ရာ​မှ​ထ​၍​တ​ပည့် တော်​များ​ရှိ​ရာ​သို့​ပြန်​ကြွ​တော်​မူ​သော​အ​ခါ သူ​တို့​သည်​ဝမ်း​နည်း​မော​ပန်း​လျက်​အိပ်​ပျော် နေ​ကြ​သည်​ကို​မြင်​တော်​မူ​၏။-

46. ကိုယ်​တော်​က ``သင်​တို့​အ​ဘယ်​ကြောင့်​အိပ်​နေ ကြ​သ​နည်း။ ထ​ကြ​လော့။ စုံ​စမ်း​သွေး​ဆောင်​ရာ သို့​မ​လိုက်​မ​ပါ​စေ​ရန်​ဆု​တောင်း​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။

47. ထို​သို့​ကိုယ်​တော်​မိန့်​တော်​မူ​စဉ်​ပင် လူ​ပ​ရိ​သတ် တစ်​စု​ရောက်​လာ​၏။ တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး အ​ပါ​အ​ဝင်​ဖြစ်​သူ​ယု​ဒ​သည် ထို​သူ​တို့​ကို ခေါင်း​ဆောင်​၍​လာ​၏။ သူ​သည်​သ​ခင်​ယေ​ရှု​အား နမ်း​ရှုပ်​ရန်​ချဉ်း​ကပ်​၏။-

48. သ​ခင်​ယေ​ရှု​က ``ယု​ဒ၊ သင်​သည်​နမ်း​ရှုပ်​ခြင်း ဖြင့်​လူ​သား​အား​ရန်​သူ​လက်​သို့​အပ်​မည်​လော'' ဟု​မေး​တော်​မူ​၏။

49. တ​ပည့်​တော်​တို့​သည်​အ​ခြေ​အ​နေ​ကို​မှန်း​ဆ မိ​ကြ​သော​အ​ခါ​ကိုယ်​တော်​အား ``အ​ရှင်၊ အ​ကျွန်ုပ် တို့​သည်​ဋ္ဌား​ဖြင့်​ခုတ်​ရ​မည်​လော'' ဟု​မေး​လျှောက် ကြ​၏။-

50. တ​ပည့်​တော်​တစ်​ယောက်​သည်​ယဇ်​ပု​ရော​ဟိတ် မင်း​၏​ကျွန်​တစ်​ယောက်​ကို​ခုတ်​လိုက်​ရာ​ထို​သူ ၏​လက်​ယာ​နား​ရွက်​ပြတ်​လေ​၏။

51. ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``တော်​ပြီ'' ဟု​မိန့်​တော် မူ​၏။ ကိုယ်​တော်​သည်​ထို​သူ​၏​နား​ရွက်​ကို​လက် တော်​ဖြင့်​တို့​ထိ​တော်​မူ​၍​အ​နာ​ကို​ပျောက်​စေ တော်​မူ​၏။

52. ထို​နောက်​သ​ခင်​ယေ​ရှု​က​မိ​မိ​အား​ဖမ်း​ဆီး​ရန် ရောက်​ရှိ​လာ​ကြ​သည့်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​များ​နှင့်​ဘာ​သာ​ရေး ခေါင်း​ဆောင်​များ​အား ``သင်​တို့​သည်​ဋ္ဌား​ပြ​ကို​ဖမ်း သ​ကဲ့​သို့​ငါ့​ကို​ဖမ်း​ရန်​ဋ္ဌား​များ၊ တုတ်​များ​နှင့် လာ​ကြ​သ​လော။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 22