15. ကိုယ်တော်က ``ငါသည်အသေမခံရမီဤ ပသခါပွဲညစာကိုသင်တို့နှင့်အတူစား ရန်အလွန်အလိုရှိ၏။-
16. သင်တို့အားငါဆိုသည်ကားပသခါပွဲကျင်းပ သည့်ရည်ရွယ်ချက်သည် ဘုရားသခင်၏နိုင်ငံတော် ၌အကောင်အထည်ပေါ်လာလိမ့်မည်။ ထိုအချိန် မတိုင်မီငါသည်ပသခါညစာကိုနောက်တစ် ဖန်စားလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
17. ထိုနောက်ကိုယ်တော်သည်စပျစ်ရည်ခွက်ကိုယူ ၍ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း တော်မူပြီးလျှင် ``ဤစပျစ်ရည်ခွက်ကိုယူ ကြလော့။ အချင်းချင်းဝေ၍သောက်ကြလော့။-
18. သင်တို့အားငါဆိုသည်ကားယခုမှစ၍ ဘုရားသခင်၏နိုင်ငံမတည်မချင်းငါသည် စပျစ်ရည်ကိုနောက်တစ်ဖန်သောက်လိမ့်မည် မဟုတ်'' ဟုမိန့်တော်မူ၏။
19. ထိုနောက်ကိုယ်တော်သည်မုန့်ကိုယူ၍ဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော်မူ ပြီးလျှင် မုန့်ကိုဖဲ့၍တပည့်တော်တို့အား ပေးတော်မူ၏။ ကိုယ်တော်က ``ဤမုန့်ကားသင် တို့အတွက်စွန့်သောငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကိုအောက်မေ့သတိရရန်ဤသို့ပြု ကြလော့'' ဟုမိန့်တော်မူ၏။-
20. ထိုနည်းတူစွာညစာစားပြီးနောက်စပျစ် ရည်ခွက်ကိုလည်းယူတော်မူလျက် ``ဤခွက် ကားသင်တို့အတွက်သွန်းသောငါ၏သွေး အားဖြင့်ပြုသောဘုရားသခင်၏ပဋိညာဉ် တရားသစ်ဖြစ်၏။
21. ``သို့ရာတွင်သတိပြုကြလော့။ ငါ့ကိုရန်သူ့ လက်သို့အပ်မည့်သူသည်ငါနှင့်အတူစားပွဲ မှာရှိ၏။-
22. လူသားသည်ဘုရားသခင်ခွဲခန့်ထားတော်မူ သည်အတိုင်းအသေခံရန်အမှန်ပင်သွားရ မည်။ သို့သော်လူသားကိုရန်သူလက်သို့အပ် သောသူသည်အမင်္ဂလာရှိ၏'' ဟုမိန့်တော် မူ၏။
23. တပည့်တော်တို့သည်မိမိတို့အနက်အဘယ် သူသည်ဤအမှုကိုပြုလိမ့်မည်နည်းဟု အချင်းချင်းမေးမြန်းကြ၏။
24. တပည့်တော်တို့သည်မိမိတို့တွင်အဘယ်သူ သည်အကြီးမြတ်ဆုံးဖြစ်သနည်းဟုအငြင်း ပွားကြ၏။-