ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 22:1-6 Common Language Bible (BCL)

1. ပ​သ​ခါ​ပွဲ​ဟု​နာ​မည်​တွင်​သော​တ​ဆေး​မဲ့ မုန့်​ပွဲ​တော်​အ​ခါ​ကျ​ရန်​နီး​ကပ်​လာ​၏။-

2. ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​လူ​တို့​ကို​ကြောက်​သော​ကြောင့် ကိုယ်​တော် ကို​လျှို့​ဝှက်​စွာ​သတ်​ရန်​နည်း​လမ်း​ရှာ​လျက်​နေ ကြ​၏။

3. ထို​အ​ခါ​စာ​တန်​သည် တစ်​ကျိပ်​နှစ်​ပါး​အ​ပါ အ​ဝင်​ဖြစ်​သူ​ရှ​ကာ​ရုတ်​ဟု​နာ​မည်​တွင်​သော ယု​ဒ​၏​စိတ်​နှ​လုံး​ထဲ​သို့​ဝင်​လေ​၏။-

4. ထို့​ကြောင့်​သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ နှင့်​ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​များ​ထံ​သို့ သွား​၍ ကိုယ်​တော်​အား​အ​ဘယ်​နည်း​ဖြင့်​သူ​တို့ လက်​သို့​အပ်​ရ​မည်​ကို​ဆွေး​နွေး​တိုင်​ပင်​၏။-

5. သူ​တို့​သည်​ဝမ်း​မြောက်​သ​ဖြင့်​ယု​ဒ​အား ငွေ​ပေး​ရန်​က​တိ​ပြု​ကြ​၏။-

6. ယု​ဒ​သည်​သ​ဘော​တူ​သ​ဖြင့်​ပ​ရိ​သတ်​မ​သိ အောင်​ကိုယ်​တော်​အား​သူ​တို့​လက်​သို့​အပ်​ရန် အ​ခွင့်​ကောင်း​ကို​ရှာ​ကြံ​လျက်​နေ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 22