1. ပသခါပွဲဟုနာမည်တွင်သောတဆေးမဲ့ မုန့်ပွဲတော်အခါကျရန်နီးကပ်လာ၏။-
2. ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်လူတို့ကိုကြောက်သောကြောင့် ကိုယ်တော် ကိုလျှို့ဝှက်စွာသတ်ရန်နည်းလမ်းရှာလျက်နေ ကြ၏။
3. ထိုအခါစာတန်သည် တစ်ကျိပ်နှစ်ပါးအပါ အဝင်ဖြစ်သူရှကာရုတ်ဟုနာမည်တွင်သော ယုဒ၏စိတ်နှလုံးထဲသို့ဝင်လေ၏။-
4. ထို့ကြောင့်သူသည်ယဇ်ပုရောဟိတ်ကြီးများ နှင့်ဗိမာန်တော်အစောင့်တပ်မှူးများထံသို့ သွား၍ ကိုယ်တော်အားအဘယ်နည်းဖြင့်သူတို့ လက်သို့အပ်ရမည်ကိုဆွေးနွေးတိုင်ပင်၏။-
5. သူတို့သည်ဝမ်းမြောက်သဖြင့်ယုဒအား ငွေပေးရန်ကတိပြုကြ၏။-
6. ယုဒသည်သဘောတူသဖြင့်ပရိသတ်မသိ အောင်ကိုယ်တော်အားသူတို့လက်သို့အပ်ရန် အခွင့်ကောင်းကိုရှာကြံလျက်နေ၏။
7. တဆေးမဲ့မုန့်ပွဲတော်တွင်ပသခါသိုးငယ်ကို သတ်၍ပူဇော်ရာနေ့ရက်ကျရောက်လာ၏။-
8. ကိုယ်တော်ကပေတရုနှင့်ယောဟန်တို့အား ``ငါ တို့စားရန်ပသခါပွဲညစာကိုသွား၍ပြင်ဆင် ကြလော့'' ဟုဆို၍စေလွှတ်တော်မူ၏။
9. သူတို့က ``အဘယ်အရပ်တွင်ပြင်ဆင်ရပါ မည်နည်း'' ဟုမေးလျှောက်ကြ၏။
10. ကိုယ်တော်က ``သင်တို့မြို့တွင်းသို့ဝင်မိလျှင်ရေ အိုးကိုထမ်းလာသူလူတစ်ယောက်သည်သင်တို့ အားကြိုဆိုလိမ့်မည်။ သူ့နောက်သို့လိုက်၍သူ ဝင်သောအိမ်ထဲသို့ဝင်ကြလော့။-