9. ထို့နောက်ကိုယ်တော်သည်လူတို့အားဤပုံ ဥပမာကိုမိန့်ကြားတော်မူ၏။ ကိုယ်တော် က ``လူတစ်ယောက်သည်စပျစ်ဥယျာဉ်တစ် ခုကိုစိုက်ပျိုး၍သီးစားချ၏။ ထိုနောက် နိုင်ငံရပ်ခြားသို့ကာလအတော်ကြာ သွား၍နေ၏။-
10. အချိန်တန်သော်ကျွန်တစ်ယောက်ကိုခြံသမား များထံသို့စေလွှတ်၍သီးစားခကိုတောင်းခံ စေ၏။ သို့ရာတွင်ခြံသမားတို့သည်ထိုကျွန် ကိုရိုက်၍ လက်ချည်းသက်သက်ပြန်လွှတ်လိုက် ကြ၏။-
11. ထိုနောက်ဥယျာဉ်ရှင်သည်အခြားကျွန်တစ် ယောက်ကိုစေလွှတ်ပြန်၏။ သို့ရာတွင်ခြံသမား တို့သည်သူ့ကိုလည်းရိုက်၍အရှက်ခွဲပြီးလျှင် လက်ချည်းသက်သက်ပြန်လွှတ်လိုက်ကြ၏။-
12. နောက်တစ်ဖန်ဥယျာဉ်ရှင်သည်တတိယကျွန် ကိုစေလွှတ်၏။ သို့ရာတွင်ခြံသမားတို့သည် ထိုကျွန်ကိုလည်းဒဏ်ရာများရစေပြီးနောက် အပြင်သို့နှင်ထုတ်လိုက်ကြ၏။-
13. ဥယျာဉ်ရှင်သည် `ငါအဘယ်သို့ပြုရအံ့နည်း။ ငါ၏တစ်ဦးတည်းသောသားကိုစေလွှတ်မည်။ သူ့ကိုတွေ့လျှင်ခြံသမားတို့လေးစားကြ ရာ၏' ဟုဆို၏။-
14. သို့ရာတွင်ဥယျာဉ်ရှင်၏သားရောက်လာသော အခါခြံသမားတို့က `ဤသူသည်ဥယျာဉ်ရှင် ၏အမွေစားအမွေခံဖြစ်၏။ ငါတို့ဥယျာဉ် ကိုအမွေခံရအောင်သူ့အားသတ်ကြကုန် အံ့' ဟုအချင်းချင်းဆွေးနွေးပြောဆိုလျက်။-
15. ဥယျာဉ်ရှင်၏သားကိုအပြင်သို့ထုတ်ပြီး လျှင်သတ်ပစ်ကြ၏။ထိုအခါဥယျာဉ်ရှင်သည်ခြံသမားများ အားအဘယ်သို့ပြုလိမ့်မည်နည်း။-
16. သူသည်လာ၍ထိုသူတို့ကိုသတ်ပြီးသော် စပျစ်ဥယျာဉ်ကိုအခြားသူများသို့ပေး အပ်လိမ့်မည်'' ဟုမိန့်တော်မူ၏။ထိုစကားကိုကြားသောအခါသူတို့ က ``ဘုရားမ၍ထိုသို့မဖြစ်ပါစေနှင့်'' ဟုဆိုကြ၏။
17. ကိုယ်တော်သည်လူတို့ကိုကြည့်ရှုတော်မူလျက်၊`တိုက်ကိုတည်ဆောက်သူတို့ပယ်ထားသည့်ကျောက် သည်အရေးအကြီးဆုံးဖြစ်သောထောင့်ချုပ်ကျောက် ဖြစ်လာရ၏'ဟူသောကျမ်းစကား၏အနက်အဋ္ဌိပ္ပါယ်ကား အသို့နည်း။