ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 20:36-42-43 Common Language Bible (BCL)

36. သူ​တို့​သည်​ကောင်း​ကင်​တ​မန်​များ​ကဲ့​သို့​ဖြစ် သ​ဖြင့်​သေ​နိုင်​ကြ​မည်​မ​ဟုတ်။ သူ​တို့​သည် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​သူ​များ​ဖြစ် သော​ကြောင့်​ဘု​ရား​သ​ခင်​၏​သား​များ​ဖြစ် ကြ​၏။

37. ``မီး​လျှံ​ထွက်​သည့်​ချုံ​အ​ကြောင်း​ကို​ဖော်​ပြ​ရာ တွင်​မော​ရှေ​က `ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဗြ​ဟံ ၏​ဘု​ရား၊ ဣ​ဇာက်​၏​ဘု​ရား၊ ယာ​ကုပ်​၏​ဘု​ရား ဖြစ်​သည်' ဟု​ဆို​၏။ သို့​ဆို​ရာ​၌​သေ​လွန်​သော သူ​တို့​ရှင်​ပြန်​ထ​မြောက်​ကြောင်း​ကို​ဖော်​ပြ ခြင်း​ပင်​ဖြစ်​၏။-

38. ထို​သူ​တို့​သည်​ကိုယ်​တော်​ရှေ့​တော်​၌ ထာ​ဝ​ရ ကာ​လ​ပတ်​လုံး​အ​သက်​ရှင်​သူ​များ​ဖြစ်​ကြ သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်​သေ​လွန်​သူ​တို့ ၏​ဘု​ရား​မ​ဟုတ်။ အ​သက်​ရှင်​နေ​သူ​တို့​၏ ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။

39-40. ကျမ်း​တတ်​ဆ​ရာ​အ​ချို့​တို့​သည်​ထပ်​မံ​၍ ကိုယ်​တော်​အား​မ​မေး​မ​လျှောက်​ဝံ့​ကြ။ သူ တို့​သည် ``ဆ​ရာ​တော်၊ အ​ရှင်​မိန့်​တော်​မူ​သော စ​ကား​တို့​သည်​လျောက်​ပတ်​ပါ​သည်'' ဟု လျှောက်​ထား​ကြ​၏။

41. ကိုယ်​တော်​သည်​ထို​သူ​တို့​အား ``မေ​ရှိ​ယ​သည် ဒါ​ဝိဒ်​၏​သား​မြေး​ဖြစ်​သည်​ဟု​အ​ဘယ်​ကြောင့် ဆို​ကြ​သ​နည်း။-

42-43. ဒါ​ဝိဒ်​မင်း​ကိုယ်​တိုင်​ပင်​လျှင်​ဆာ​လံ​ကျမ်း​၌`ထာ​ဝ​ရ​ဘု​ရား​က​ငါ​သည်​သင်​၏​ရန်​သူ​များ ကို သင့်​ခြေ​တင်​ခုံ​ဖြစ်​စေ​မည်။သို့​မ​ဖြစ်​စေ​သေး​မီ​ကာ​လ​ငါ​၏​လက်​ယာ​ဘက်​၌ ထိုင်​နေ​လော့​ဟု​ငါ​၏​အ​ရှင်​အား​မိန့်​တော်​မူ​၏'ဟု​ဆို​ချေ​သည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 20