ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 20:3-19 Common Language Bible (BCL)

3. ကိုယ်​တော်​က ``ငါ​သည်​လည်း​သင်​တို့​အား မေး​ခွန်း​တစ်​ခု​ကို​မေး​ဦး​မည်။-

4. ယော​ဟန်​ဗတ္တိ​ဇံ​ပေး​သည်​မှာ​ဘု​ရား​သ​ခင် ၏​အ​ခွင့်​အာ​ဏာ​အ​ရ​လော၊ လူ​တို့​၏​အ​ခွင့် အာ​ဏာ​အ​ရ​လော၊ ငါ့​အား​ဖြေ​ကြား​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။

5. သူ​တို့​သည် ``အ​ကယ်​၍​ဘု​ရား​သ​ခင်​၏​အ​ခွင့် အာ​ဏာ​အ​ရ​ဟု​ငါ​တို့​ဆို​လျှင်`ယော​ဟန်​ကို သင်​တို့​အ​ဘယ်​ကြောင့်​မ​ယုံ​ကြည်​ကြ​သ​နည်း' ဟု​မေး​လိမ့်​မည်။-

6. သို့​ရာ​တွင်​လူ​တို့​အ​ခွင့်​အာ​ဏာ​အ​ရ​ဟု ငါ​တို့​ဆို​လျှင် လူ​အ​ပေါင်း​တို့​က​ယော​ဟန် ကို​ပ​ရော​ဖက်​တစ်​ပါး​ဟု​အ​မှန်​ပင်​ယုံ​ကြည် ကြ​သ​ဖြင့် ငါ​တို့​အား​ခဲ​နှင့်​ပေါက်​ကြ​လိမ့် မည်'' ဟု​အ​ချင်း​ချင်း​ဆွေး​နွေး​ကြ​၏။-

7. ထို့​ကြောင့်​သူ​တို့​က ``မည်​သူ့​အ​ခွင့်​အာ​ဏာ အ​ရ​ပေး​သည်​ကို​အ​ကျွန်ုပ်​တို့​မ​သိ​ပါ'' ဟု ဖြေ​ကြား​ကြ​၏။

8. ထို​အ​ခါ​သ​ခင်​ယေ​ရှု​က `ငါ​ပြု​သည့်​အ​မှု အ​ရာ​များ​ကို​အ​ဘယ်​အ​ခွင့်​အာ​ဏာ​အ​ရ ပြု​သည်​ကို​လည်း သင်​တို့​အား​ငါ​မ​ပြော' ဟု မိန့်​တော်​မူ​၏။

9. ထို့​နောက်​ကိုယ်​တော်​သည်​လူ​တို့​အား​ဤ​ပုံ ဥ​ပ​မာ​ကို​မိန့်​ကြား​တော်​မူ​၏။ ကိုယ်​တော် က ``လူ​တစ်​ယောက်​သည်​စ​ပျစ်​ဥ​ယျာဉ်​တစ် ခု​ကို​စိုက်​ပျိုး​၍​သီး​စား​ချ​၏။ ထို​နောက် နိုင်​ငံ​ရပ်​ခြား​သို့​ကာ​လ​အ​တော်​ကြာ သွား​၍​နေ​၏။-

10. အ​ချိန်​တန်​သော်​ကျွန်​တစ်​ယောက်​ကို​ခြံ​သမား များ​ထံ​သို့​စေ​လွှတ်​၍​သီး​စား​ခ​ကို​တောင်း​ခံ စေ​၏။ သို့​ရာ​တွင်​ခြံ​သ​မား​တို့​သည်​ထို​ကျွန် ကို​ရိုက်​၍ လက်​ချည်း​သက်​သက်​ပြန်​လွှတ်​လိုက် ကြ​၏။-

11. ထို​နောက်​ဥ​ယျာဉ်​ရှင်​သည်​အ​ခြား​ကျွန်​တစ် ယောက်​ကို​စေ​လွှတ်​ပြန်​၏။ သို့​ရာ​တွင်​ခြံ​သ​မား တို့​သည်​သူ့​ကို​လည်း​ရိုက်​၍​အ​ရှက်​ခွဲ​ပြီး​လျှင် လက်​ချည်း​သက်​သက်​ပြန်​လွှတ်​လိုက်​ကြ​၏။-

12. နောက်​တစ်​ဖန်​ဥ​ယျာဉ်​ရှင်​သည်​တ​တိ​ယ​ကျွန် ကို​စေ​လွှတ်​၏။ သို့​ရာ​တွင်​ခြံ​သ​မား​တို့​သည် ထို​ကျွန်​ကို​လည်း​ဒဏ်​ရာ​များ​ရ​စေ​ပြီး​နောက် အ​ပြင်​သို့​နှင်​ထုတ်​လိုက်​ကြ​၏။-

13. ဥ​ယျာဉ်​ရှင်​သည် `ငါ​အ​ဘယ်​သို့​ပြု​ရ​အံ့​နည်း။ ငါ​၏​တစ်​ဦး​တည်း​သော​သား​ကို​စေ​လွှတ်​မည်။ သူ့​ကို​တွေ့​လျှင်​ခြံ​သ​မား​တို့​လေး​စား​ကြ ရာ​၏' ဟု​ဆို​၏။-

14. သို့​ရာ​တွင်​ဥ​ယျာဉ်​ရှင်​၏​သား​ရောက်​လာ​သော အ​ခါ​ခြံ​သ​မား​တို့​က `ဤ​သူ​သည်​ဥ​ယျာဉ်​ရှင် ၏​အ​မွေ​စား​အ​မွေ​ခံ​ဖြစ်​၏။ ငါ​တို့​ဥ​ယျာဉ် ကို​အ​မွေ​ခံ​ရ​အောင်​သူ့​အား​သတ်​ကြ​ကုန် အံ့' ဟု​အ​ချင်း​ချင်း​ဆွေး​နွေး​ပြော​ဆို​လျက်။-

15. ဥ​ယျာဉ်​ရှင်​၏​သား​ကို​အ​ပြင်​သို့​ထုတ်​ပြီး လျှင်​သတ်​ပစ်​ကြ​၏။ထို​အ​ခါ​ဥ​ယျာဉ်​ရှင်​သည်​ခြံ​သ​မား​များ အား​အ​ဘယ်​သို့​ပြု​လိမ့်​မည်​နည်း။-

16. သူ​သည်​လာ​၍​ထို​သူ​တို့​ကို​သတ်​ပြီး​သော် စ​ပျစ်​ဥ​ယျာဉ်​ကို​အ​ခြား​သူ​များ​သို့​ပေး အပ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ထို​စ​ကား​ကို​ကြား​သော​အ​ခါ​သူ​တို့ က ``ဘု​ရား​မ​၍​ထို​သို့​မ​ဖြစ်​ပါ​စေ​နှင့်'' ဟု​ဆို​ကြ​၏။

17. ကိုယ်​တော်​သည်​လူ​တို့​ကို​ကြည့်​ရှု​တော်​မူ​လျက်၊`တိုက်​ကို​တည်​ဆောက်​သူ​တို့​ပယ်​ထား​သည့်​ကျောက် သည်အ​ရေး​အ​ကြီး​ဆုံး​ဖြစ်​သော​ထောင့်​ချုပ်​ကျောက် ဖြစ်​လာ​ရ​၏'ဟူ​သော​ကျမ်း​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကား အ​သို့​နည်း။

18. ထို​ကျောက်​အ​ပေါ်​သို့​ကျ​သော​သူ​သည်​အ​ပိုင်း ပိုင်း​ကျိုး​လိမ့်​မည်။ ထို​ကျောက်​အ​ကျ​ခံ​ရ​သော သူ​သည်​ညက်​ညက်​ကြေ​၍​သွား​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

19. ကျမ်း​တတ်​ဆ​ရာ​နှင့်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ သည် မိ​မိ​တို့​ကို​ရည်​စူး​၍​ဤ​ပုံ​ဥ​ပ​မာ​ကို မိန့်​တော်​မူ​ကြောင်း​သိ​ကြ​သ​ဖြင့် ချက်​ချင်း ပင်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ရန်​ကြံ​စည်​ကြ​၏။ သို့​ရာ​တွင်​လူ​တို့​ကို​ကြောက်​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 20