ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 20:26-34 Common Language Bible (BCL)

26. သူ​တို့​သည်​လူ​တို့​ရှေ့​၌​ကိုယ်​တော်​၏​စ​ကား တွင်​အ​မှား​ရှာ​၍​မ​ရ​သ​ဖြင့် ကိုယ်​တော်​ဖြေ ကြား​တော်​မူ​ပုံ​ကို​အံ့​သြ​လျက်​ဆိတ်​ဆိတ် နေ​ကြ​၏။

27. ထို့​နောက်​ဇဒ္ဒု​ကဲ​အ​ချို့​တို့​သည်​အ​ထံ​တော် သို့​ချဉ်း​ကပ်​ကြ​၏။ သူ​တို့​ကား​သေ​ခြင်း​မှ လူ​တို့​ရှင်​ပြန်​ထ​မြောက်​ခြင်း​မ​ရှိ​ဟု​ယုံ ကြည်​သူ​များ​ဖြစ်​ကြ​၏။-

28. သူ​တို့​က ``ဆ​ရာ​တော် `တစ်​စုံ​တစ်​ယောက်​သည် သား​သ​မီး​မ​ရ​ဘဲ​သေ​ဆုံး​သွား​လျှင် ကျန်​ခဲ့ သည့်​ဇနီး​ကို​ညီ​ဖြစ်​သူ​က​ဆက်​ခံ​ထိမ်း​မြား ရ​မည်။ အစ်​ကို​၏​အ​မျိုး​အ​နွယ်​ကို​သူ​၏ ကိုယ်​စား​တိုး​ပွား​စေ​ရ​မည်' ဟု​အ​ကျွန်ုပ်​တို့ အား​မော​ရှေ​မိန့်​မှာ​ခဲ့​ပါ​သည်။-

29. အခါ​တစ်​ပါး​၌​ညီ​အစ်​ကို​ခု​နစ်​ယောက်​ရှိ ပါ​၏။ အစ်​ကို​ကြီး​သည်​အိမ်​ထောင်​ကျ​သော် လည်း​သား​သ​မီး​မ​ရ။-

30. ထို​သူ​သေ​သွား​သော​အ​ခါ​သူ့​ညီ​အ​ကြီး​ဆုံး သည်​မ​ရီး​ဖြစ်​သူ​ကို​ဆက်​ခံ​သိမ်း​ပိုက်​၏။ ထို ညီ​သည်​သား​သ​မီး​မ​ရ​ဘဲ​သေ​ပြန်​၏။-

31. ဒု​တိ​ယ​ညီ​သည်​လည်း​ထို​အ​မျိုး​သ​မီး​ကို သိမ်း​ပိုက်​၏။ ထို​နည်း​တူ​စွာ​ညီ​အစ်​ကို​ခု​နစ် ယောက်​စ​လုံး​သား​သ​မီး​မ​ရ​ဘဲ​သေ​သွား ကြ​၏။-

32. နောက်​ဆုံး​၌​အ​မျိုး​သ​မီး​သည်​လည်း​သေ​၏။-

33. ညီ​အစ်​ကို​ခုနစ်​ယောက်​စ​လုံး​ပင်​သူ​နှင့်​စုံ​ဖက်​ခဲ့ ကြ​သည်​ဖြစ်​၍​သေ​ခြင်း​မှ​ထ​မြောက်​ရာ​နေ့​တွင် ထို​အ​မျိုး​သ​မီး​သည်​မည်​သူ​၏​ဇ​နီး​ဖြစ်​ပါ မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။

34. သ​ခင်​ယေ​ရှု​က ``ဤ​ဘ​ဝ​၌​လူ​တို့​သည် ထိမ်း​မြား​စုံ​ဖက်​ခြင်း​ကို​ပြု​တတ်​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 20