ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 19:41-48 Common Language Bible (BCL)

41. ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့​ရောက် ၍ ထို​မြို့​ကို​မြင်​တော်​မူ​လျှင်​ငို​ကြွေး​တော်​မူ​၏။-

42. ကိုယ်​တော်​က ``အ​ချင်း​မြို့၊ သင်​သည်​ငြိမ်း​ချမ်း သာ​ယာ​မှု​ကို​ရ​စေ​သည့်​လမ်း​ကို​ယ​နေ့​သိ မြင်​လျှင်​မင်္ဂ​လာ​ရှိ​၏။ သို့​ရာ​တွင်​ထို​လမ်း​ကို သင်​သည်​မ​သိ​မ​မြင်​နိုင်။-

43. ရန်​သူ​များ​သည်​သင့်​အား​ရင်​တား​ဖြင့်​ကာ​ဆီး လျက် အ​ဘက်​ဘက်​မှ​ဝိုင်း​ရံ​ပိတ်​ဆို့​နေ​သည့် အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။-

44. သူ​တို့​သည်​သင့်​ကို​လည်း​ကောင်း၊ သင်​၏​မြို့​ရိုး အ​တွင်း​ရှိ​လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ဖျက် ဆီး​သုတ်​သင်​ကြ​လိမ့်​မည်။ ကျောက်​တစ်​ချပ် ပေါ်​တစ်​ချပ်​မျှ​တင်​၍​နေ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​သည်​မိ​မိ​အား ကယ်​တင်​ရန် ဘု​ရား​သ​ခင်​ကြွ​လာ​သည့် အ​ချိန်​ကာ​လ​ကို​မ​သိ​မ​မြင်​သော​ကြောင့် ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

45-46. ထို​နောက်​သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​သို့ ဝင်​တော်​မူ​၏။ ကိုယ်​တော်​က `ငါ​၏​အိမ်​တော်​ကို ဆု​တောင်း​ပတ္ထ​နာ​ပြု​ရာ​အိမ်​တော်​ဟု​ခေါ်​ဝေါ် လတ္တံ့' ဟု​ကျမ်း​စာ​လာ​သည်​မ​ဟုတ်​လော။ သို့ ရာ​တွင်​သင်​တို့​သည်​အိမ်​တော်​ကို​ဋ္ဌား​ပြ​ခို အောင်း​ရာ​ဖြစ်​စေ​ကြ​ပြီ'' ဟု​ဆို​၍​ဗိ​မာန် တော်​အ​တွင်း​မှာ​ရောင်း​ဝယ်​နေ​သူ​တို့​ကို နှင်​ထုတ်​တော်​မူ​၏။

47. ကိုယ်​တော်​သည်​နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​၌ ဟော​ပြော​သွန်​သင်​တော်​မူ​၏။ ယဇ်​ပု​ရော​ဟိတ် ကြီး​များ​ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ယု​ဒ အ​မျိုး​သား​ခေါင်း​ဆောင်​များ​သည် ကိုယ်​တော် ကို​သတ်​ရန်​အ​ခွင့်​ရှာ​လျက်​နေ​ကြ​၏။-

48. သို့​ရာ​တွင်​လူ​အ​ပေါင်း​တို့​က​ကိုယ်​တော်​၏ တ​ရား​စ​ကား​များ​ကို​အ​ထူး​အာ​ရုံ​စိုက်​၍ နာ​ယူ​နေ​ကြ​သော​ကြောင့်​ကိုယ်​တော်​အား အ​ဘယ်​နည်း​ဖြင့်​သတ်​ရ​မည်​ကို​မ​သိ​ကြ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 19