ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 19:30-38 Common Language Bible (BCL)

30. ရွာ​ကို​ဝင်​လျှင်​ဝင်​ချင်း​မည်​သူ​မျှ​မ​စီး​ဘူး​သေး သော​မြည်း​က​လေး​တစ်​ကောင်​ကို​တွေ့​လိမ့်​မည်။ ထို​မြည်း​ကို​ကြိုး​ဖြင့်​လှန်​ထား​၏။ ကြိုး​ဖြေ​၍ မြည်း​ကို​ယူ​ခဲ့​လော့။-

31. အ​ကယ်​၍​လူ​တစ်​စုံ​တစ်​ယောက်​က​သင်​တို့ အား `အ​ဘယ်​ကြောင့်​မြည်း​ကို​ဖြေ​သ​နည်း' ဟု မေး​လျှင် `ထို​မြည်း​ကို​အ​ကျွန်ုပ်​တို့​သ​ခင် အ​သုံး​ပြု​လို​ပါ​သည်' ဟု​ဖြေ​ကြ​လော့'' ဟု​မှာ​ကြား​စေ​လွှတ်​တော်​မူ​၏။

32. စေ​လွှတ်​ခြင်း​ခံ​ရ​သူ​တို့​သည်​လည်း​သွား​ကြ သော​အ​ခါ ကိုယ်​တော်​မိန့်​ကြား​တော်​မူ​သည့် အ​တိုင်း​အ​ရာ​ခပ်​သိမ်း​ကို​တွေ့​မြင်​ကြ​၏။ -

33. သူ​တို့​သည်​မြည်း​ကြိုး​ကို​ဖြေ​နေ​စဉ်​မြည်း​ရှင် က ``သင်​တို့​အ​ဘယ်​ကြောင့်​မြည်း​ကြိုး​ကို​ဖြေ သ​နည်း'' ဟု​မေး​၏။

34. သူ​တို့​က ``ထို​မြည်း​ကို​အ​ကျွန်ုပ်​တို့​သ​ခင် အ​သုံး​ပြု​လို​ပါ​သည်'' ဟု​ဖြေ​ကြား​၏။-

35. ထို​နောက်​မြည်း​ကို​သ​ခင်​ယေ​ရှု​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ​၏။ မြည်း​၏​ကျော​ပေါ်​မှာ​မိ​မိ​တို့ ၏​အ​ဝတ်​များ​ကို​လွှမ်း​တင်​ကာ သ​ခင်​ယေ​ရှု အား​ထို​မြည်း​ကို​စီး​စေ​ကြ​၏။-

36. ကိုယ်​တော်​မြည်း​စီး​၍​ကြွ​တော်​မူ​စဉ်​လူ​တို့ သည် မိ​မိ​တို့​၏​အ​ဝတ်​များ​ကို​လမ်း​ပေါ်​မှာ ဖြန့်​ခင်း​ကြ​၏။

37. ယေ​ရု​ရှ​လင်​မြို့​သို့​ကိုယ်​တော်​ချဉ်း​ကပ်​လာ စဉ်​သံ​လွင်​တောင်​အ​ဆင်း​လမ်း​တွင်​တ​ပည့် နောက်​လိုက်​ပ​ရိ​သတ်​ကြီး​သည် မိ​မိ​တို့​တွေ့ မြင်​ခဲ့​ရ​သည့်​အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​အ​ပေါင်း အ​တွက်​ဝမ်း​မြောက်​ရွှင်​လန်း​လျက် ဘု​ရား​သ​ခင် ၏​ဂုဏ်​တော်​ကို​အ​သံ​ကျယ်​စွာ​ချီး​ကူး​ကြ ၏။-

38. ထို​သူ​တို့​က ``ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​နှင့် ကြွ​လာ​သော​ဘု​ရင်​သည်​မင်္ဂလာ​ရှိ​တော်​မူ​စေ သ​တည်း။ ကောင်း​ကင်​ဘုံ​တွင်​ငြိမ်​သက်​ခြင်း​ရှိ စေ​သ​တည်း။ ဘုရား​သခင်​သည်​ဘုန်း​ကြီး​တော်​မူ စေ​သ​တည်း'' ဟု​ကြွေး​ကြော်​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 19