26. မင်းကြီးက `သင်တို့အားငါဆိုသည်ကား ကြွယ်ဝချမ်းသာသောသူအားထပ်၍ပေးဦး မည်။ ဆင်းရဲသောသူထံမှရှိသမျှကိုပင် သိမ်းယူမည်။-
27. ထိုမှတစ်ပါးငါ၏အအုပ်အချုပ်ကိုမခံ လိုသောငါ၏ရန်သူများအားခေါ်၍ ငါ၏ရှေ့ မှောက်တွင်ကွပ်မျက်လော့' ဟုစီရင်တော်မူသည်'' ဟုမိန့်တော်မူ၏။
28. ထိုသို့မိန့်တော်မူပြီးနောက်ကိုယ်တော်သည် ယေရုရှလင်မြို့သို့တပည့်တော်တို့၏ရှေ့ ကကြွတော်မူ၏။-
29. သံလွင်နာမည်တွင်သောတောင်အနီးရှိဗက်ဖာ ဂေနှင့်ဗေသနိရွာများအနီးသို့ရောက်တော်မူ သောအခါ တပည့်တော်နှစ်ယောက်တို့အား``သင် တို့ရှေ့တွင်ရှိသောရွာသို့သွားကြလော့။-
30. ရွာကိုဝင်လျှင်ဝင်ချင်းမည်သူမျှမစီးဘူးသေး သောမြည်းကလေးတစ်ကောင်ကိုတွေ့လိမ့်မည်။ ထိုမြည်းကိုကြိုးဖြင့်လှန်ထား၏။ ကြိုးဖြေ၍ မြည်းကိုယူခဲ့လော့။-
31. အကယ်၍လူတစ်စုံတစ်ယောက်ကသင်တို့ အား `အဘယ်ကြောင့်မြည်းကိုဖြေသနည်း' ဟု မေးလျှင် `ထိုမြည်းကိုအကျွန်ုပ်တို့သခင် အသုံးပြုလိုပါသည်' ဟုဖြေကြလော့'' ဟုမှာကြားစေလွှတ်တော်မူ၏။
32. စေလွှတ်ခြင်းခံရသူတို့သည်လည်းသွားကြ သောအခါ ကိုယ်တော်မိန့်ကြားတော်မူသည့် အတိုင်းအရာခပ်သိမ်းကိုတွေ့မြင်ကြ၏။ -
33. သူတို့သည်မြည်းကြိုးကိုဖြေနေစဉ်မြည်းရှင် က ``သင်တို့အဘယ်ကြောင့်မြည်းကြိုးကိုဖြေ သနည်း'' ဟုမေး၏။
34. သူတို့က ``ထိုမြည်းကိုအကျွန်ုပ်တို့သခင် အသုံးပြုလိုပါသည်'' ဟုဖြေကြား၏။-
35. ထိုနောက်မြည်းကိုသခင်ယေရှုထံတော်သို့ ဆောင်ခဲ့ကြ၏။ မြည်း၏ကျောပေါ်မှာမိမိတို့ ၏အဝတ်များကိုလွှမ်းတင်ကာ သခင်ယေရှု အားထိုမြည်းကိုစီးစေကြ၏။-
36. ကိုယ်တော်မြည်းစီး၍ကြွတော်မူစဉ်လူတို့ သည် မိမိတို့၏အဝတ်များကိုလမ်းပေါ်မှာ ဖြန့်ခင်းကြ၏။
37. ယေရုရှလင်မြို့သို့ကိုယ်တော်ချဉ်းကပ်လာ စဉ်သံလွင်တောင်အဆင်းလမ်းတွင်တပည့် နောက်လိုက်ပရိသတ်ကြီးသည် မိမိတို့တွေ့ မြင်ခဲ့ရသည့်အံ့သြဖွယ်အမှုအရာအပေါင်း အတွက်ဝမ်းမြောက်ရွှင်လန်းလျက် ဘုရားသခင် ၏ဂုဏ်တော်ကိုအသံကျယ်စွာချီးကူးကြ ၏။-
38. ထိုသူတို့က ``ထာဝရဘုရား၏နာမတော်နှင့် ကြွလာသောဘုရင်သည်မင်္ဂလာရှိတော်မူစေ သတည်း။ ကောင်းကင်ဘုံတွင်ငြိမ်သက်ခြင်းရှိ စေသတည်း။ ဘုရားသခင်သည်ဘုန်းကြီးတော်မူ စေသတည်း'' ဟုကြွေးကြော်ကြ၏။
39. ထိုအခါလူပရိသတ်အထဲမှဖာရိရှဲအချို့ တို့က ``ဆရာတော်၊ ကိုယ်တော်၏တပည့်တော် များအားတိတ်ဆိတ်စေရန်ဆုံးမတော်မူပါ'' ဟု ကိုယ်တော်အားလျှောက်ထားကြ၏။