22. မင်းကြီးက `အချင်းအစေခံဆိုး၊ သင့်နှုတ်ထွက် စကားအတိုင်းသင့်ကိုငါစီရင်မည်။ ငါသည် ခက်ထန်သူဖြစ်၍မိမိမပိုင်သည့်အရာကို သိမ်းယူတတ်သည်ကိုလည်းကောင်း၊ မိမိမစိုက် မပျိုးသည့်အသီးအနှံကိုရိတ်သိမ်းတတ် သည်ကိုလည်းကောင်းသိပါလျက်နှင့်။-
23. ငါပေးသည့်ငွေကိုငါပြန်လာချိန်အတိုးနှင့် တကွပြန်လည်ပေးဆပ်နိုင်ရန်အဘယ်ကြောင့် ဘဏ်တွင်အပ်နှံ၍မထားသနည်း' ဟုမေး၏။-
24. အနီးတွင်ရပ်နေသူများအားမင်းကြီးက `ထို သူထံမှရွှေဒင်္ဂါးကိုယူ၍ရွှေဒင်္ဂါးဆယ်ပြား ရှိသူအားပေးကြလော့' ဟုမိန့်တော်မူလျှင်။-
25. လူတို့က `အရှင်ထိုသူထံတွင်ရွှေဒင်္ဂါးဆယ် ပြားရှိပြီးဖြစ်ပါ၏' ဟုလျှောက်ကြ၏။-
26. မင်းကြီးက `သင်တို့အားငါဆိုသည်ကား ကြွယ်ဝချမ်းသာသောသူအားထပ်၍ပေးဦး မည်။ ဆင်းရဲသောသူထံမှရှိသမျှကိုပင် သိမ်းယူမည်။-
27. ထိုမှတစ်ပါးငါ၏အအုပ်အချုပ်ကိုမခံ လိုသောငါ၏ရန်သူများအားခေါ်၍ ငါ၏ရှေ့ မှောက်တွင်ကွပ်မျက်လော့' ဟုစီရင်တော်မူသည်'' ဟုမိန့်တော်မူ၏။
28. ထိုသို့မိန့်တော်မူပြီးနောက်ကိုယ်တော်သည် ယေရုရှလင်မြို့သို့တပည့်တော်တို့၏ရှေ့ ကကြွတော်မူ၏။-
29. သံလွင်နာမည်တွင်သောတောင်အနီးရှိဗက်ဖာ ဂေနှင့်ဗေသနိရွာများအနီးသို့ရောက်တော်မူ သောအခါ တပည့်တော်နှစ်ယောက်တို့အား``သင် တို့ရှေ့တွင်ရှိသောရွာသို့သွားကြလော့။-
30. ရွာကိုဝင်လျှင်ဝင်ချင်းမည်သူမျှမစီးဘူးသေး သောမြည်းကလေးတစ်ကောင်ကိုတွေ့လိမ့်မည်။ ထိုမြည်းကိုကြိုးဖြင့်လှန်ထား၏။ ကြိုးဖြေ၍ မြည်းကိုယူခဲ့လော့။-
31. အကယ်၍လူတစ်စုံတစ်ယောက်ကသင်တို့ အား `အဘယ်ကြောင့်မြည်းကိုဖြေသနည်း' ဟု မေးလျှင် `ထိုမြည်းကိုအကျွန်ုပ်တို့သခင် အသုံးပြုလိုပါသည်' ဟုဖြေကြလော့'' ဟုမှာကြားစေလွှတ်တော်မူ၏။
32. စေလွှတ်ခြင်းခံရသူတို့သည်လည်းသွားကြ သောအခါ ကိုယ်တော်မိန့်ကြားတော်မူသည့် အတိုင်းအရာခပ်သိမ်းကိုတွေ့မြင်ကြ၏။ -