ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 19:1-8 Common Language Bible (BCL)

1. သ​ခင်​ယေ​ရှု​သည်​ယေ​ရိ​ခေါ​မြို့​ကို​ဖြတ်​၍ ကြွ​တော်​မူ​၏။-

2. ထို​အ​ရပ်​တွင်​ဇက္ခဲ​နာ​မည်​ရှိ​သော​အ​ကောက်​ခွန် မှူး​တစ်​ယောက်​ရှိ​၏။ သူ​သည်​ချမ်းသာ​ကြွယ်​ဝ​သူ ဖြစ်​၏။-

3. သ​ခင်​ယေ​ရှု​ကား​အ​ဘယ်​သူ​ဖြစ်​သည်​ကို​တွေ့ မြင်​လို​သ​ဖြင့်​ကြိုး​စား​၍​ကြည့်​၏။ သို့​ရာ​တွင် အ​ရပ်​ပု​သူ​ဖြစ်​သည့်​အ​လျောက် လူ​ပ​ရိ​သတ် များ​ကွယ်​လျက်​နေ​သ​ဖြင့်​ကိုယ်​တော်​ကို​မ​မြင် နိုင်။-

4. ထို့​ကြောင့်​ကိုယ်​တော်​ကို​တွေ့​မြင်​နိုင်​ရန်​ကြွ​တော် မူ​မည့်​လမ်း​အ​တိုင်း​ရှေ့​သို့​ပြေး​၍ သ​ဖန်း​ပိုး စာ​ပင်​ပေါ်​ကို​တက်​၏။-

5. ကိုယ်​တော်​သည်​ထို​နေ​ရာ​သို့​ရောက်​သော​အ​ခါ မော်​၍​ကြည့်​တော်​မူ​ပြီး​လျှင် ``ဇက္ခဲ၊ အ​မြန်​ဆင်း ခဲ့​လော့။ ယ​နေ့​သင်​၏​အိမ်​တွင်​ငါ​တည်း​ခို​မည်'' ဟု မိန့်​တော်​မူ​၏။

6. ဇက္ခဲ​သည်​သစ်​ပင်​ပေါ်​မှ​အ​မြန်​ဆင်း​၍ ကိုယ်​တော်​အား​ဝမ်း​မြောက်​စွာ​ကြို​ဆို​၏။-

7. ဤ​အ​ခြင်း​အ​ရာ​ကို​မြင်​သော​အ​ခါ​လူ​တို့ က ``ထို​သူ​သည်​အ​ပြစ်​ကူး​သူ​တစ်​ယောက်​၏ အိမ်​တွင်​တည်း​ခို​ရန်​သွား​လေ​ပြီ​တ​ကား'' ဟု ညည်း​ညူ​ကြ​၏။

8. ဇက္ခဲ​သည်​ရပ်​လျက်​သ​ခင်​ဘု​ရား​အား ``အ​ရှင်၊ အ​ကျွန်ုပ်​၏​ဥစ္စာ​ပစ္စည်း​တစ်​ဝက်​ကို​ဆင်း​ရဲ​သူ တို့​အား​ပေး​ကမ်း​ပါ​မည်။ အ​ကယ်​၍​အ​ကျွန်ုပ် သည်​လူ​တစ်​စုံ​တစ်​ယောက်​ထံ​မှ မ​တ​ရား တောင်း​ယူ​ထား​မိ​သော​ငွေ​ရှိ​ပါ​လျှင် ထို​ငွေ ၏​လေး​ဆ​ကို​ပြန်​၍​ပေး​ပါ​မည်'' ဟု​လျှောက်​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 19