ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 18:23-34 Common Language Bible (BCL)

23. ထို​သူ​ကား​ဥစ္စာ​များ​စွာ​ကြွယ်​ဝ​သူ​ဖြစ်​သ​ဖြင့် ကိုယ်​တော်​၏​စ​ကား​ကို​ကြား​သော​အ​ခါ​အ​လွန် ပင်​စိတ်​ညှိုး​ငယ်​သွား​လေ​၏။

24. ထို​အ​ခြင်း​အ​ရာ​ကို​သ​ခင်​ယေ​ရှု​မြင်​တော်​မူ လျှင် ``ဥစ္စာ​ကြွယ်​ဝ​သူ​များ​သည်​နိုင်​ငံ​တော်​သို့ ဝင်​ရန်​ခက်​လှ​၏။-

25. အပ်​န​ဖား​ကို​ကု​လား​အုတ်​လျှို​ဝင်​ရန်​လွယ် ကောင်း​လွယ်​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​သို့​ဥစ္စာ​ကြွယ်​ဝ​သူ​ဝင်​နိုင်​ရန်​ကား​မ​လွယ် ကူ'' ဟု​မိန့်​တော်​မူ​၏။

26. ထို​စ​ကား​ကို​ကြား​ကြ​သော​သူ​တို့​က ``ဤ​သို့ ဖြစ်​ပါ​မူ​အ​ဘယ်​သူ​သည်​ကယ်​တင်​ခြင်း​ကို​ရ နိုင်​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။

27. ကိုယ်​တော်​က ``လူ​တို့​မ​တတ်​နိုင်​သော​အ​ရာ​ကို ဘု​ရား​သ​ခင်​တတ်​နိုင်​တော်​မူ​၏'' ဟု​မိန့်​တော် မူ​၏။

28. ပေ​တ​ရု​က ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် မိ​မိ​တို့​၏​အိုး​အိမ်​ကို​စွန့်​၍ ကိုယ်​တော်​၏​နောက် တော်​သို့​လိုက်​ခဲ့​ကြ​ပါ​ပြီ'' ဟု​လျှောက်​၏။

29. ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ ဆို​သည်​ကား​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​တွက် မိ​မိ​၏​အိမ်​ကို​ဖြစ်​စေ၊ ဇ​နီး​ကို​ဖြစ်​စေ၊ ညီ​အစ် ကို​ဖြစ်​စေ၊ မိ​ဘ​ဖြစ်​စေ၊ သား​သ​မီး​ဖြစ်​စေ​စွန့် သော​သူ​သည်၊-

30. ဤ​ဘ​ဝ​၌​အ​ဆ​ပေါင်း​များ​စွာ​သော​အ​ကျိုး ခံ​စား​ရ​သည်​သာ​မ​က နောင်​ဘ​ဝ​၌​လည်း ထာ​ဝ​ရ​အ​သက်​ကို​ရ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

31. သ​ခင်​ယေ​ရှု​သည်​တစ်​ကျိပ်​နှစ်​ပါး​တို့​ကို ခေါ်​တော်​မူ​ပြီး​လျှင် ``နား​ထောင်​ကြ​လော့။ ငါ တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ခ​ရီး​ပြု​လျက် ရှိ​ကြ​၏။ လူ​သား​အ​ကြောင်း​နှင့်​ပတ်​သက်​၍ ပ​ရော​ဖက်​များ​ဖော်​ပြ​ခဲ့​သည့်​အ​မှု​အ​ရာ အ​လုံး​စုံ​တို့​သည်​ဖြစ်​ပျက်​ရ​လိမ့်​မည်။-

32. လူ​သား​ကို​လူ​မျိုး​ခြား​တို့​၏​လက်​သို့​အပ်​နှံ ကြ​လိမ့်​မည်။ သူ့​ကို​ပြောင်​လှောင်​စော်​ကား​၍ တံ​တွေး​နှင့်​ထွေး​ကြ​လိမ့်​မည်။-

33. ကြိမ်​ဒဏ်​ပေး​၍​အ​သေ​သတ်​ကြ​လိမ့်​မည်။ ထို နောက်​သုံး​ရက်​မြောက်​သော​နေ့​၌​လူ​သား​သည် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

34. သို့​ရာ​တွင်​တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏ စ​ကား​တစ်​ခွန်း​ကို​မျှ​နား​မ​လည်​ကြ။ ထို စ​ကား​များ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​သည်​ကွယ်​ဝှက် လျက်​နေ​သ​ဖြင့် ကိုယ်​တော်​၏​မိန့်​တော်​မူ​ချက် ကို​နား​မ​လည်​ကြ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 18