1. ထိုနောက်သခင်ယေရှုသည်တပည့်တော်တို့ အားအဘယ်အခါမျှစိတ်အားမလျော့ဘဲ အခါခပ်သိမ်းဆုတောင်းပတ္ထနာပြုသင့်ကြောင်း ပုံဥပမာဆောင်၍သွန်သင်တော်မူ၏။-
2. ကိုယ်တော်က ``မြို့ကြီးတစ်မြို့မှာတရားသူ ကြီးတစ်ယောက်ရှိ၏။ သူသည်ဘုရားသခင်ကို မကြောက်။ လူမျက်နှာကိုမထောက်သူဖြစ်၏။-
3. ထိုမြို့မှာပင်မုဆိုးမတစ်ယောက်ရှိ၏။ သူသည် တရားသူကြီး၏ထံသို့အကြိမ်ကြိမ်လာ ၍ `ကျွန်မ၏တရားတွေ့ဘက်အပေါ်တွင် အနိုင်ရအောင်စီရင်တော်မူပါ' ဟုလျှောက် ထား၏။-
4. တရားသူကြီးသည်အတန်ကြာမျှမုဆိုးမ ၏လျှောက်ထားချက်ကိုငြင်းဆန်နေခဲ့၏။ ထို နောက် `ငါသည်ဘုရားသခင်ကိုမကြောက်၊ လူ့မျက်နှာကိုမထောက်တတ်။-
5. သို့သော်လည်းဤမုဆိုးမသည်ငါ့ကိုနှောင့်ယှက် လှသည်ဖြစ်၍သူ့အားတရားမျှတမှုရရှိစေ ရန် ငါသူ့အမှုကိုစီရင်မည်။ သို့မဟုတ်လျှင်သူ သည်ငါ့ကိုဆက်လက်နှောင့်ယှက်သဖြင့်နောက် ဆုံး၌ငါ့အားပင်ပန်းစေမည်' ဟုဆိုလေ၏။''
6. ``ဤမသမာသောတရားသူကြီးပြောပုံကို ကြည့်လော့။-
7. ရွေးကောက်တော်မူသောသူတို့သည်နေ့ညမပြတ် ဟစ်အော်တောင်းလျှောက်နေကြလျှင် ဘုရားသခင် သည်တရားသဖြင့်ဖြစ်စေရန်စီရင်တော်မမူ ဘဲနေမည်လော။ ကိုယ်တော်သည်ထိုသူတို့အား ကူညီမစရန်နှောင့်နှေးတော်မူမည်လော။-
8. သင်တို့အားငါဆိုသည်ကားကိုယ်တော်သည် ဆောလျင်စွာ ထိုသူတို့အတွက်တရားသဖြင့် ဖြစ်စေရန်စီရင်တော်မူပေအံ့။ သို့ရာတွင် လူသားကြွလာတော်မူသောအခါ၌ ဤ လောကတွင်ယုံကြည်ခြင်းကိုတွေ့ရပါ မည်လော'' ဟုမိန့်တော်မူ၏။
9. မိမိတို့ကိုယ်ကိုသူတော်ကောင်းဟုယုံကြည် ကာသူတစ်ပါးတို့ကိုအထင်အမြင်သေး တတ်သူလူအချို့တို့အားသခင်ယေရှု သည်ပုံဥပမာကိုဆောင်၍၊-
10. ``လူနှစ်ယောက်သည်ဆုတောင်းပတ္ထနာပြုရန် ဗိမာန်တော်သို့သွားကြ၏။ တစ်ယောက်က ဖာရိရှဲ၊ အခြားတစ်ယောက်ကအခွန်ခံသူ ဖြစ်၏။-
11. ဖာရိရှဲသည်တစ်ယောက်တည်းရပ်လျက် `အို ဘုရား သခင်၊ အခြားသောသူတို့သည်လောဘကြီးသူ၊ မရိုးဖြောင့်သူ၊ သူ့အိမ်ရာကိုပြစ်မှားသူများ ဖြစ်ကြပါ၏။ အကျွန်ုပ်သည်ထိုသူတို့ကဲ့သို့ မဟုတ်သဖြင့်လည်းကောင်း၊ ဤအခွန်ခံသူ ကဲ့သို့ပင်မဟုတ်သဖြင့်လည်းကောင်း ကိုယ် တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏။-