ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 18:1-10 Common Language Bible (BCL)

1. ထို​နောက်​သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့ အား​အ​ဘယ်​အ​ခါ​မျှ​စိတ်​အား​မ​လျော့​ဘဲ အ​ခါ​ခပ်​သိမ်း​ဆု​တောင်း​ပတ္ထနာ​ပြု​သင့်​ကြောင်း ပုံ​ဥ​ပ​မာ​ဆောင်​၍​သွန်​သင်​တော်​မူ​၏။-

2. ကိုယ်​တော်​က ``မြို့​ကြီး​တစ်​မြို့​မှာ​တ​ရား​သူ ကြီး​တစ်​ယောက်​ရှိ​၏။ သူ​သည်​ဘု​ရား​သ​ခင်​ကို မ​ကြောက်။ လူ​မျက်​နှာ​ကို​မ​ထောက်​သူ​ဖြစ်​၏။-

3. ထို​မြို့​မှာ​ပင်​မု​ဆိုး​မ​တစ်​ယောက်​ရှိ​၏။ သူ​သည် တ​ရား​သူ​ကြီး​၏​ထံ​သို့​အ​ကြိမ်​ကြိမ်​လာ ၍ `ကျွန်​မ​၏​တ​ရား​တွေ့​ဘက်​အ​ပေါ်​တွင် အ​နိုင်​ရ​အောင်​စီ​ရင်​တော်​မူ​ပါ' ဟု​လျှောက် ထား​၏။-

4. တ​ရား​သူ​ကြီး​သည်​အ​တန်​ကြာ​မျှ​မု​ဆိုး​မ ၏​လျှောက်​ထား​ချက်​ကို​ငြင်း​ဆန်​နေ​ခဲ့​၏။ ထို နောက် `ငါ​သည်​ဘု​ရား​သ​ခင်​ကို​မ​ကြောက်၊ လူ့​မျက်​နှာ​ကို​မ​ထောက်​တတ်။-

5. သို့​သော်​လည်း​ဤ​မု​ဆိုး​မ​သည်​ငါ့​ကို​နှောင့်​ယှက် လှ​သည်​ဖြစ်​၍​သူ့​အား​တ​ရား​မျှ​တ​မှု​ရ​ရှိ​စေ ရန် ငါ​သူ့​အ​မှု​ကို​စီ​ရင်​မည်။ သို့​မ​ဟုတ်​လျှင်​သူ သည်​ငါ့​ကို​ဆက်​လက်​နှောင့်​ယှက်​သ​ဖြင့်​နောက် ဆုံး​၌​ငါ့​အား​ပင်​ပန်း​စေ​မည်' ဟု​ဆို​လေ​၏။''

6. ``ဤ​မ​သ​မာ​သော​တ​ရား​သူ​ကြီး​ပြော​ပုံ​ကို ကြည့်​လော့။-

7. ရွေး​ကောက်​တော်​မူ​သော​သူ​တို့​သည်​နေ့​ည​မ​ပြတ် ဟစ်​အော်​တောင်း​လျှောက်​နေ​ကြ​လျှင် ဘု​ရား​သ​ခင် သည်​တ​ရား​သ​ဖြင့်​ဖြစ်​စေ​ရန်​စီ​ရင်​တော်​မ​မူ ဘဲ​နေ​မည်​လော။ ကိုယ်​တော်​သည်​ထို​သူ​တို့​အား ကူညီ​မစ​ရန်​နှောင့်​နှေး​တော်​မူ​မည်​လော။-

8. သင်​တို့​အား​ငါ​ဆို​သည်​ကား​ကိုယ်​တော်​သည် ဆော​လျင်​စွာ ထို​သူ​တို့​အ​တွက်​တ​ရား​သ​ဖြင့် ဖြစ်​စေ​ရန်​စီ​ရင်​တော်​မူ​ပေ​အံ့။ သို့​ရာ​တွင် လူ​သား​ကြွ​လာ​တော်​မူ​သော​အ​ခါ​၌ ဤ လော​က​တွင်​ယုံ​ကြည်​ခြင်း​ကို​တွေ့​ရ​ပါ မည်​လော'' ဟု​မိန့်​တော်​မူ​၏။

9. မိ​မိ​တို့​ကိုယ်​ကို​သူ​တော်​ကောင်း​ဟု​ယုံ​ကြည် ကာ​သူ​တစ်​ပါး​တို့​ကို​အ​ထင်​အ​မြင်​သေး တတ်​သူ​လူ​အ​ချို့​တို့​အား​သ​ခင်​ယေ​ရှု သည်​ပုံ​ဥ​ပ​မာ​ကို​ဆောင်​၍၊-

10. ``လူ​နှစ်​ယောက်​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန် ဗိ​မာန်​တော်​သို့​သွား​ကြ​၏။ တစ်​ယောက်​က ဖာ​ရိ​ရှဲ၊ အ​ခြား​တစ်​ယောက်​က​အ​ခွန်​ခံ​သူ ဖြစ်​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 18