27. သူဌေးက `အဖ၊ ထိုသို့ဖြစ်ပါမူလာဇရုအား အကျွန်ုပ်၏အဖအိမ်သို့စေလွှတ်ပေးပါရန် တောင်းပန်ပါ၏။-
28. အကျွန်ုပ်မှာညီငါးယောက်ရှိပါ၏။ သူတို့သည် လည်း ဤဝေဒနာခံရာအရပ်သို့မရောက် ကြစေခြင်းငှာ သူတို့အားသတိပေးရန် လာဇရုကိုစေလွှတ်တော်မူပါ' ဟုလျှောက်၏။-
29. အာဗြဟံက `သင်၏ညီများအားသတိပေးရန် မောရှေနှင့်ပရောဖက်များရှိချေသည်။ ထိုသူတို့ ၏စကားကိုနားထောင်ကြပါစေ' ဟုဆို၏။-
30. သို့ရာတွင်သူဌေးက `အဖအာဗြဟံ၊ ထိုသို့ မဟုတ်ပါ။ အကယ်၍သေလွန်သူများအနက် တစ်ယောက်သောသူသည် သူတို့ထံသို့သွားသည် ရှိသော်သူတို့သည်နောင်တရကြပါလိမ့်မည်' ဟုဆို၏။-
31. အာဗြဟံက `သူတို့သည်မောရှေနှင့်ပရောဖက် များ၏စကားကိုနားမထောင်ကြလျှင် အကယ် ၍သေခြင်းမှလူတစ်စုံတစ်ယောက်ထမြောက် လာသော်လည်း သူတို့ယုံကြည်ကြလိမ့်မည် မဟုတ်' ဟုဆို၏'' ဟူ၍မိန့်တော်မူ၏။