ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 16:10-14 Common Language Bible (BCL)

10. အ​မှု​ငယ်​တွင်​သစ္စာ​ရှိ​သူ​သည်​အ​မှု​ကြီး​တွင် လည်း​သစ္စာ​ရှိ​လိမ့်​မည်။ အ​မှု​ငယ်​တွင်​မ​ရိုး ဖြောင့်​သူ​သည်​အ​မှု​ကြီး​တွင်​လည်း​ရိုး​ဖြောင့် လိမ့်​မည်​မ​ဟုတ်။-

11. သို့​ဖြစ်​၍​သင်​တို့​သည်​လော​က​စည်း​စိမ်​ချမ်း​သာ နှင့်​ပတ်​သက်​၍​သစ္စာ​မ​ရှိ​ပါ​မူ အ​ဘယ်​သူ​သည် သင်​တို့​အား​စည်း​စိမ်​ချမ်း​သာ​အ​စစ်​အ​မှန်​ကို အပ်​မည်​နည်း။-

12. သင်​တို့​သည်​သူ​တစ်​ပါး​ပိုင်​သည့်​ဥစ္စာ​ပစ္စည်း​နှင့် ဆိုင်​၍​သစ္စာ​မ​ရှိ​ပါ​မူ အ​ဘယ်​သူ​သည်​သင်​တို့ ပိုင်​ဆိုင်​သည့်​ဥစ္စာ​ပစ္စည်း​ကို​သင်​တို့​အား​ပေး​အပ် မည်​နည်း။

13. ``အ​ဘယ်​အ​စေ​ခံ​မျှ​သ​ခင်​နှစ်​ဦး​၏​အ​စေ ကို​မ​ခံ​နိုင်။ သူ​သည်​သ​ခင်​တစ်​ဦး​ကို​မုန်း​၍ တစ်​ဦး​ကို​ချစ်​မည်။ တစ်​ဦး​ကို​သစ္စာ​ရှိ​၍​တစ်​ဦး ကို​မ​လေး​မ​ခန့်​ပြု​မည်။ သင်​တို့​သည်​တစ်​ချိန် တည်း​မှာ​ပင်​ဘု​ရား​သ​ခင်​၏​အ​စေ​နှင့်​လော​က စည်း​စိမ်​ချမ်း​သာ​၏​အ​စေ​ကို​မ​ခံ​နိုင်​ကြ'' ဟု​မိန့်​တော်​မူ​၏။

14. ငွေ​ကို​တပ်​မက်​သူ​များ​ဖြစ်​သည့်​ဖာ​ရိ​ရှဲ​များ သည်​ထို​စ​ကား​များ​ကို​ကြား​လျှင်​ကိုယ်​တော် ကို​သ​ရော်​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 16