1. တစ်ဖန်ကိုယ်တော်ကတပည့်တော်တို့အား ``အ ခါတစ်ပါး၌သူဌေးတစ်ယောက်မှာမန်နေဂျာ တစ်ဦးရှိ၏။ ထိုသူသည်သူဌေး၏ဥစ္စာပစ္စည်း များကိုဖြုန်းတီးလျက်နေကြောင်းကို လူတို့က သူဌေးအားတိုင်တန်းကြ၏။-
2. သူဌေးသည်သူ့ကိုခေါ်၍ `သင့်အကြောင်းငါကြား ရသည်မှာအသို့နည်း။ သင်၏လုပ်ငန်းနှင့်ဆိုင်သော ငွေစာရင်းများကိုတင်ပြလော့။ သင်သည်ဆက်၍ ငါ၏မန်နေဂျာလုပ်ရတော့မည်မဟုတ်' ဟုဆို၏။-
3. မန်နေဂျာသည်`ငါအဘယ်သို့ပြုရမည်နည်း။ ငါ့သူဌေးသည်မန်နေဂျာရာထူးကိုရုပ်သိမ်း လေပြီ။ ငါ့မှာမြေတူးဆွနိုင်သောခွန်အား မရှိ။ တောင်းရမ်းစားရန်လည်းငါရှက်၏။-
4. ငါ့ရာထူးပြုတ်ပြီးနောက်လူတို့ငါ့ကိုလက်ခံ ပေါင်းဖော်ကြစေရန်အဘယ်သို့ပြုရမည်ကို ငါသိပြီ' ဟုတစ်ကိုယ်တည်းပြောဆိုကာ။-
5. သူဌေး၏မြီစားအားလုံးကိုခေါ်၏။ ထိုနောက် ပထမလူအား `ငါ့သူဌေးကိုသင်ပေးဆပ်ရန် အကြွေးမည်မျှရှိသနည်း' ဟုမေး၏။-
6. ထိုသူက `ဆီအချိန်ခွက်တစ်ထောင်ရှိပါသည်' ဟုပြန်ပြော၏။ ထိုအခါမန်နေဂျာက `သင် ၏စာရင်းကိုယူလော့။ အမြန်ထိုင်၍ခွက်ငါး ရာဟုရေးလော့' ဟုဆို၏။-
7. ထိုနောက်အခြားသူတစ်ယောက်အား `သင်သည် လည်းပေးဆပ်ရန်အကြွေးမည်မျှရှိသနည်း' ဟုမေး၏။ ထိုသူကဂျုံစပါးတင်းတစ်ထောင် ရှိပါသည်ဟုဆိုလျှင်မန်နေဂျာက `သင်၏ စာရင်းကိုယူလော့၊ အမြန်ထိုင်၍ရှစ်ရာ ဟုရေးလော့' ဟုဆို၏။-
8. ဤသို့ပါးနပ်လိမ္မာစွာပြုသည့်အတွက်မရိုး ဖြောင့်သည့်မန်နေဂျာကိုသူဌေးသည်ချီးမွမ်း လေ၏။ အဘယ်ကြောင့်ဆိုသော်လောကီသား တို့သည်လောကီကိစ္စဆောင်ရွက်ရာတွင် အလင်း နှင့်ဆိုင်သောသားများထက်ပါးနပ်လိမ္မာ ကြသောကြောင့်တည်း။