26. ထိုအခါသင်တို့က `အကျွန်ုပ်တို့သည်အရှင် နှင့်အတူစားသောက်ခဲ့သူများဖြစ်ပါ၏။ အရှင် သည်အကျွန်ုပ်တို့၏မြို့ရွာတွင်ဟောပြောသွန်သင် ခဲ့ပါ၏' ဟုလျှောက်ကြလိမ့်မည်။-
27. သို့သော်လည်းအိမ်ရှင်က `သင်တို့အဘယ်မှလာ သည်ကိုငါမသိ။ ဆိုးညစ်သောသူတို့၊ ငါ့ထံမှ ထွက်သွားကြလော့' ဟူ၍ပြန်ပြောပေအံ့။-
28. သင်တို့သည်ဘုရားသခင်၏နိုင်ငံတော်ထဲတွင် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့်ပရောဖက်အပေါင်း တို့ရောက်ရှိကြသည်ကိုမြင်လျက် မိမိတို့ကိုယ် တိုင်ကမူနိုင်ငံတော်၏ပြင်ပသို့နှင်ထုတ်ခြင်း ခံရကြသောအခါအဘယ်မျှငိုကြွေးမြည် တမ်းခြင်း၊ အံသွားကြိတ်ခြင်းရှိကြလိမ့်မည်နည်း။-
29. လူတို့သည်အရှေ့အနောက်တောင်မြောက်အရပ် လေးမျက်နှာမှလာကြပြီးလျှင် ဘုရားသခင် ၏နိုင်ငံတော်ပွဲတွင်ဝင်ကြလိမ့်မည်။-
30. ထိုအခါ၌ယခုနောက်ဆုံးသို့ရောက်နေသော သူတို့သည် ရှေ့ဆုံးသို့ရောက်ကြလိမ့်မည်။ ယခု ရှေ့ဆုံးသို့ရောက်နေသူတို့သည် နောက်ဆုံးသို့ရောက် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
31. ထိုအချိန်၌ဖာရိရှဲအချို့တို့သည်ကိုယ်တော် ၏ထံကိုလာပြီးလျှင် ``ဤအရပ်မှထွက်ခွာ၍ အခြားအရပ်သို့ကြွတော်မူပါ။ ဟေရုဒ်မင်း သည်အရှင့်အားသတ်ရန်အကြံရှိပါ၏'' ဟု လျှောက်ကြ၏။
32. ကိုယ်တော်က ``ငါသည်ယနေ့နှင့်နက်ဖြန်နေ့တို့၌ နတ်မိစ္ဆာများကိုနှင်ထုတ်၍ အနာရောဂါများကို ပျောက်ကင်းစေမည်။ တတိယနေ့တွင်မူငါ၏ အလုပ်ကိုအဆုံးသတ်မည်ဖြစ်ကြောင်းကိုထို မြေခွေးကိုပြောကြလော့။-
33. သို့ရာတွင်ယနေ့၊ နက်ဖြန်နေ့၊ နောက်တစ်နေ့၌ ငါခရီးပြုရဦးမည်။ ပရောဖက်ဟူသည်ယေရု ရှလင်မြို့မှအပအခြားအရပ်တွင်အသတ် ခံရန်မသင့်။
34. ``အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ ပရောဖက် များကိုသတ်သည့်မြို့၊ ဘုရားသခင်စေလွှတ်သော တမန်များကိုခဲနှင့်ပေါက်သည့်မြို့၊ ကြက်မသည် ကြက်ကလေးများကိုမိမိ၏အတောင်အောက် တွင်စုသိမ်းထားသကဲ့သို့ ငါသည်သင်၏သား သမီးများကိုစုသိမ်းထားလိုသည်မှာကြိမ်ဖန် များလှလေပြီ။ သို့ရာတွင်သင်မူကားငါ့ကို ဤသို့မပြုစေလို။-