ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 13:13-31 Common Language Bible (BCL)

13. သူ​၏​အ​ပေါ်​မှာ​လက်​တော်​ကို​တင်​တော်​မူ သ​ဖြင့် သူ​သည်​ချက်​ချင်း​ပင်​ခါး​ဆန့်​သွား​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​ကူး လေ​၏။

14. ထို​အ​ခါ​ယင်း​သို့​ဥ​ပုသ်​နေ့​၌​အ​နာ​ရော​ဂါ​ကို သ​ခင်​ယေ​ရှု​ပျောက်​ကင်း​စေ​တော်​မူ​သ​ဖြင့် တ​ရား ဇ​ရပ်​မှူး​သည်​စိတ်​ဆိုး​လျက် ``အ​လုပ်​လုပ်​အပ် သော​ရက်​ခြောက်​ရက်​ရှိ​၏။ ထို​ရက်​များ​တွင်​လာ​၍ ရော​ဂါ​ပျောက်​အောင်​အ​ကု​ခံ​ကြ​လော့။ ဥ​ပုသ် နေ့​၌​မူ​ကား​လာ​၍​အ​ကု​မ​ခံ​ကြ​နှင့်'' ဟု​လူ ပ​ရိ​သတ်​တို့​အား​ဆို​၏။

15. သ​ခင်​ဘု​ရား​က ``ကြောင်​သူ​တော်​တို့၊ သင်​တို့​ရှိ သ​မျှ​သည်​ဥ​ပုသ်​နေ့​၌​သင်​တို့​၏​မြည်း​များ၊ နွား​များ​အား​တင်း​ကုတ်​မှ​ကြိုး​ကို​ဖြေ​၍ ရေ တိုက်​ရန်​ခေါ်​ဆောင်​သွား​တတ်​ကြ​သည်​မ​ဟုတ် လော။-

16. အာ​ဗြ​ဟံ​၏​သ​မီး​ဖြစ်​သူ​ဤ​အ​မျိုး​သ​မီး သည် တစ်​ဆယ့်​ရှစ်​နှစ်​ပတ်​လုံး​စာ​တန်​၏​အ​နှောင် အ​ဖွဲ့​ကို​ခံ​ခဲ့​ရ​၏။ သူ့​အား​ဥ​ပုသ်​နေ့​၌​ထို အ​နှောင်​အ​ဖွဲ့​မှ​မ​လွှတ်​အပ်​သ​လော'' ဟု​မိန့် တော်​မူ​၏။-

17. ဤ​သို့​မိန့်​တော်​မူ​လိုက်​သော​အ​ခါ​ကိုယ်​တော် ကို​ရန်​ဘက်​ပြု​သူ​များ​သည်​အ​ရှက်​ရ​သွား ကြ​၏။ လူ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်​ကား ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ များ​ကြောင့်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​၏။

18. သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် သည်​အ​ဘယ်​အ​ရာ​နှင့်​တူ​သ​နည်း။ အ​ဘယ် အ​ရာ​နှင့်​နှိုင်း​ယှဉ်​ရ​မည်​နည်း။-

19. နိုင်​ငံ​တော်​သည်​ဤ​ဖြစ်​ပျက်​ပုံ​နှင့်​တူ​၏။ မုန် ညင်း​စေ့​ကို​လူ​တစ်​ယောက်​သည်​ယူ​၍​မိ​မိ​၏ ဥ​ယျာဉ်​တွင်​စိုက်​၏။ ထို​အ​စေ့​မှ​အပင်​ပေါက် ၍​ကြီး​မား​လာ​သ​ဖြင့် ထို​အ​ပင်​၏​အ​ကိုင်း အ​ခက်​များ​တွင်​ငှက်​များ​နား​နေ​ရ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။

20. တစ်​ဖန်​ကိုယ်​တော်​က ``ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​ကို​အ​ဘယ်​အ​ရာ​နှင့်​နှိုင်း​ယှဉ်​ရ​မည်​နည်း။-

21. နိုင်​ငံ​တော်​သည်​ဤ​ဖြစ်​ပျက်​ပုံ​နှင့်​တူ​၏။ တ​ဆေး ကို​အ​မျိုး​သ​မီး​တစ်​ယောက်​သည်​ယူ​ပြီး​လျှင် မုန့်​ညက်​သုံး​စိတ်​တွင်​ထည့်​၍​မုန့်​ညက်​အား​လုံး ကို​ဖောင်း​ကြွ​လာ​စေ​သည်'' ဟု​မိန့်​တော်​မူ​၏။

22. ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ခ​ရီး​ပြု တော်​မူ​ရာ​လမ်း​တွင်​ဟော​ပြော​သွန်​သင်​လျက် တစ်​မြို့​မှ​တစ်​မြို့၊ တစ်​ရွာ​မှ​တစ်​ရွာ​ကို​ဖြတ် ၍​ကြွ​တော်​မူ​၏။-

23. လူ​တစ်​ယောက်​က ``အ​ရှင်၊ ကယ်​တင်​ခြင်း​ခံ​ရ သူ​များ​သည်​အ​ရေ​အ​တွက်​အား​ဖြင့်​နည်း​ပါ သ​လော'' ဟု​မေး​လျှောက်​၏။

24. ကိုယ်​တော်​က ``သင်​တို့​သည်​ကျဉ်း​မြောင်း​သော တံ​ခါး​ပေါက်​ကို​ဝင်​ရန်​ကြိုး​စား​အား​ထုတ်​ကြ လော့။ လူ​အ​များ​ပင်​ထို​တံ​ခါး​ပေါက်​ကို​ဝင်​ရန် ကြိုး​စား​ကြ​လိမ့်​မည်။ သို့​သော်​ဝင်​နိုင်​စွမ်း​ရှိ​ကြ လိမ့်​မည်​မ​ဟုတ်​ဟု​သင်​တို့​အား​ငါ​ဆို​၏။-

25. အိမ်​ရှင်​သည်​ထ​လျက်​တံ​ခါး​ကို​ပိတ်​လိုက်​၍ သင် တို့​သည်​အိမ်​ပြင်​မှာ​ရောက်​ရှိ​နေ​ရ​သော​အ​ဖြစ် နှင့်​တွေ့​ကြုံ​လိမ့်​မည်။ ထို​အ​ခါ​သင်​တို့​က `အ​ရှင်၊ အ​ရှင်၊ အ​ကျွန်ုပ်​တို့​အား​တံ​ခါး​ကို​ဖွင့်​ပေး​တော် မူ​ပါ' ဟု​ဆို​၍​တံ​ခါး​ကို​ခေါက်​သော်​လည်း အိမ်​ရှင်​က `သင်​တို့​အ​ဘယ်​မှ​လာ​သည်​ကို​ငါ မ​သိ' ဟု​ဆို​လိမ့်​မည်။-

26. ထို​အ​ခါ​သင်​တို့​က `အ​ကျွန်ုပ်​တို့​သည်​အ​ရှင် နှင့်​အ​တူ​စား​သောက်​ခဲ့​သူ​များ​ဖြစ်​ပါ​၏။ အ​ရှင် သည်​အ​ကျွန်ုပ်​တို့​၏​မြို့​ရွာ​တွင်​ဟော​ပြော​သွန်​သင် ခဲ့​ပါ​၏' ဟု​လျှောက်​ကြ​လိမ့်​မည်။-

27. သို့​သော်​လည်း​အိမ်​ရှင်​က `သင်​တို့​အ​ဘယ်​မှ​လာ သည်​ကို​ငါ​မ​သိ။ ဆိုး​ညစ်​သော​သူ​တို့၊ ငါ့​ထံ​မှ ထွက်​သွား​ကြ​လော့' ဟူ​၍​ပြန်​ပြော​ပေ​အံ့။-

28. သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ထဲ​တွင် အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​နှင့်​ပ​ရော​ဖက်​အ​ပေါင်း တို့​ရောက်​ရှိ​ကြ​သည်​ကို​မြင်​လျက် မိ​မိ​တို့​ကိုယ် တိုင်​က​မူ​နိုင်​ငံ​တော်​၏​ပြင်​ပ​သို့​နှင်​ထုတ်​ခြင်း ခံ​ရ​ကြ​သော​အ​ခါ​အ​ဘယ်​မျှ​ငို​ကြွေး​မြည် တမ်း​ခြင်း၊ အံ​သွား​ကြိတ်​ခြင်း​ရှိ​ကြ​လိမ့်​မည်​နည်း။-

29. လူ​တို့​သည်​အ​ရှေ့​အ​နောက်​တောင်​မြောက်​အ​ရပ် လေး​မျက်​နှာ​မှ​လာ​ကြ​ပြီး​လျှင် ဘု​ရား​သ​ခင် ၏​နိုင်​ငံ​တော်​ပွဲ​တွင်​ဝင်​ကြ​လိမ့်​မည်။-

30. ထို​အ​ခါ​၌​ယ​ခု​နောက်​ဆုံး​သို့​ရောက်​နေ​သော သူ​တို့​သည် ရှေ့​ဆုံး​သို့​ရောက်​ကြ​လိမ့်​မည်။ ယ​ခု ရှေ့​ဆုံး​သို့​ရောက်​နေ​သူ​တို့​သည် နောက်​ဆုံး​သို့​ရောက် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

31. ထို​အ​ချိန်​၌​ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည်​ကိုယ်​တော် ၏​ထံ​ကို​လာ​ပြီး​လျှင် ``ဤ​အ​ရပ်​မှ​ထွက်​ခွာ​၍ အ​ခြား​အ​ရပ်​သို့​ကြွ​တော်​မူ​ပါ။ ဟေ​ရုဒ်​မင်း သည်​အ​ရှင့်​အား​သတ်​ရန်​အ​ကြံ​ရှိ​ပါ​၏'' ဟု လျှောက်​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 13