ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 12:41-44 Common Language Bible (BCL)

41. ပေ​တ​ရု​က ``အ​ရှင်၊ ဤ​ပုံ​ဥ​ပ​မာ​ကို​အ​ကျွန်ုပ် တို့​အ​တွက်​မိန့်​တော်​မူ​ပါ​သ​လော။ သို့​တည်း မ​ဟုတ်​လူ​ခပ်​သိမ်း​တို့​အ​တွက်​လော'' ဟု မေး​လျှောက်​၏။

42. သ​ခင်​ဘု​ရား​က ``သစ္စာ​ရှိ​၍​လိမ္မာ​သော​အ​စေ​ခံ ကား အ​ဘယ်​သူ​နည်း။ အိမ်​ရှင်​သည်​အ​စေ​ခံ​များ ကို​အုပ်​ချုပ်​ရန်​နှင့်​အ​ချိန်​တန်​လျှင် ရိက္ခာ​များ ထုတ်​ပေး​ရန်​အ​စေ​ခံ​တစ်​ယောက်​ကို​ခန့်​ထား သည်​ဆို​အံ့။-

43. တာ​ဝန်​ကို​သစ္စာ​ရှိ​စွာ​ဆောင်​ရွက်​သည်​ကို​အိမ်​ရှင် ပြန်​လာ​ချိန်​၌​တွေ့​ရ​လျှင် ထို​အ​စေ​ခံ​သည် မင်္ဂ​လာ​ရှိ​၏။-

44. အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား အိမ်​ရှင်​သည်​မိ​မိ​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို​စီ​မံ အုပ်​ချုပ်​ရန် ထို​အ​စေ​ခံ​အား​အပ်​နှင်း​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 12