ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 11:42-54 Common Language Bible (BCL)

42. ``ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည်​ပင်​စိမ်း​ရွက်၊ လူ​ရွက်​နှင့်​အ​ခြား ဆေး​ဖက်​ဝင်​အ​ရွက်​အ​မျိုး​မျိုး​ကို​ဆယ်​ဖို့ တစ်​ဖို့​ပေး​လှူ​ကြ​သော်​လည်း​တ​ရား​မျှ​တ မှု​နှင့်​ဘု​ရား​သ​ခင်​အား​ကြည်​ညို​မှု​တို့​ကို လျစ်​လူ​ရှု​ကြ​သည်။ သင်​တို့​သည်​ဆယ်​ဖို့ တစ်​ဖို့​ပေး​လှူ​ခြင်း​ကို​တ​ရား​မျှ​တ​မှု​နှင့် ဘု​ရား​သ​ခင်​အား​ကြည်​ညို​မှု​တို့​ကို​ပါ ကျင့်​သုံး​သင့်​၏။''

43. ``အ​ချင်း​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ကြ​၏။ သင်​တို့​သည်​တ​ရား​ဇ​ရပ်​များ​တွင် မြင့်​မြတ်​သော​နေ​ရာ​များ​ကို​လည်း​ကောင်း၊ စျေး​ရပ်​ကွက်​တွင်​လူ​တို့​အ​လေး​ပြု​ခြင်း ကို​လည်း​ကောင်း​နှစ်​သက်​ကြ​၏။-

44. သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် အ​မှတ်​အ​သား​မ​ရှိ​သည့်​သင်္ချိုင်း​တွင်း​များ​နှင့် တူ​၏။ လူ​တို့​သည်​ထို​တွင်း​များ​အ​ပေါ်​မှာ လျှောက်​၍​သွား​ကြ​သော​အ​ခါ​သင်္ချိုင်း​တွင်း ဖြစ်​မှန်း​ကို​မ​သိ​ကြ'' ဟု​မိန့်​တော်​မူ​၏။

45. ကျမ်း​တတ်​ဆ​ရာ​တစ်​ယောက်​က ``ဆ​ရာ​တော်၊ အ​ရှင်​ဤ​သို့​မိန့်​တော်​မူ​သည်​မှာ​အ​ကျွန်ုပ် တို့​ကို​လည်း​စော်​ကား​ရာ​ရောက်​ပါ​သည်'' ဟု လျှောက်​၏။

46. ကိုယ်​တော်​က ``အ​ချင်း​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​လည်း​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ထမ်း ရ​ခက်​သည့်​ဝန်​ထုပ်​များ​ကို​သင်​တို့​သည်​လူ များ​အား​ထမ်း​စေ​ကြ​လျက်​သင်​တို့​ကိုယ်​တိုင် မူ​ကား​ထို​ဝန်​ထုပ်​များ​ကို​လက်​ဖျား​နှင့်​မျှ မ​တို့​ကြ။-

47. သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​၏ ဘိုး​ဘေး​များ​က​သတ်​သော​ပ​ရော​ဖက်​များ အ​တွက်​သင်​တို့​က​ဂူ​များ​တည်​ဆောက်​ပေး ကြ​၏။-

48. ဤ​သို့​လျှင်​သင်​တို့​၏​ဘိုး​ဘေး​များ​ကူး​လွန် ခဲ့​သည့်​အ​မှု​များ​တွင် သင်​တို့​အ​လို​တူ​အ​လို ပါ​ဖြစ်​ကြ​၏။ သင်​တို့​၏​ဘိုးဘေး​များ​သည် ပ​ရော​ဖက်​များ​ကို​သတ်​၍ သင်​တို့​က​သင်္ချိုင်း များ​ကို​တည်​ဆောက်​ပေး​ကြ​၏။-

49. သို့​ဖြစ်​ခြင်း​ကြောင့်​ဘု​ရား​သ​ခင်​သည်​ရွှေ ဉာဏ်​တော်​ဖြင့်`ဤ​လူ​များ​ထဲ​သို့​ပ​ရော​ဖက် များ၊ စေ​တ​မန်​များ​ကို​ငါ​စေ​လွှတ်​မည်။ ထို ပ​ရော​ဖက်​များ၊ စေ​တ​မန်​များ​အ​နက်​အ​ချို့ ကို​သူ​တို့​ညှဉ်း​ဆဲ​၍​အ​ချို့​ကို​သတ်​ကြ​လိမ့် မည်' ဟု​မိန့်​တော်​မူ​၏။-

50-51. သို့​ဖြစ်​၍​အာ​ဗေ​လ​မှ​သည်​ဗိ​မာန်​တော် အ​တွင်း​ပိုင်း​နှင့်​ယဇ်​ပလ္လင်​အ​ကြား​မှာ အ​သတ် ခံ​ခဲ့​ရ​သည့်​ပ​ရော​ဖက်​ဇာ​ခ​ရိ​အ​ထိ၊ ကမ္ဘာ တည်​ချိန်​မှ​စ​၍​အ​သတ်​ခံ​ခဲ့​ရ​သော​ပ​ရော ဖက်​များ​၏​အ​သွေး​ကြောင့် ဤ​ခေတ်​လူ​တို့ သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​ကြ လိမ့်​မည်။ ထို​အ​မှု​အား​လုံး​အ​တွက် ဤ​ခေတ် လူ​တို့​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်​ဟု​ငါ​အ​မှန်​ဆို​၏။

52. ``ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ကြ​၏။ သင်​တို့​သည်​အ​သိ​ပ​ညာ​ဗိ​မာန် တံ​ခါး​သော့​ကို​သိမ်း​ထား​ပြီး​လျှင်​ကိုယ်​တိုင် လည်း​မ​ဝင်၊ ဝင်​လို​သူ​များ​ကို​လည်း​ဆီး​တား ကြ​၏'' ဟု​မိန့်​တော်​မူ​၏။

53. ထို​အ​ရပ်​မှ​ကိုယ်​တော်​ထွက်​ကြွ​တော်​မူ​သော အ​ခါ​ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ သည် ကိုယ်​တော်​အား​ပြင်း​ထန်​စွာ​ဝေ​ဖန်​မှု​ကို စ​တင်​ပြု​လုပ်​လာ​ကြ​၏။-

54. နှုတ်​တော်​ထွက်​စ​ကား​တွင်​အ​မှား​ရှာ​ရန် များ​စွာ​သော​အ​ကြောင်း​အ​ရာ​တို့​ကို​မေး မြန်း​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 11