ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 11:29-44 Common Language Bible (BCL)

29. လူ​ပ​ရိ​သတ်​တို့​သည်​စု​ရုံး​လျက်​နေ​ကြ​စဉ် ကိုယ်​တော်​က ``ယ​ခု​ခေတ်​လူ​တို့​သည်​အ​လွန် ဆိုး​ညစ်​လှ​ပါ​သည်​တ​ကား။ သူ​တို့​သည်​နိ​မိတ် လက္ခ​ဏာ​ကို​တောင်း​ဆို​ကြ​၏။ သို့​ရာ​တွင်​ယော​န ၏​နိ​မိတ်​လက္ခ​ဏာ​မှ​တစ်​ပါး​အ​ဘယ်​နိ​မိတ် လက္ခ​ဏာ​ကို​မျှ​သူ​တို့​အား​ပြ​လိမ့်​မည်​မ​ဟုတ်။-

30. နိ​နေ​ဝေ​မြို့​သား​တို့​အ​တွက်​ယော​န​သည် နိ​မိတ်​လက္ခ​ဏာ​ဖြစ်​သ​ကဲ့​သို့​ဤ​ခေတ်​လူ​တို့ အ​တွက်​လူ​သား​သည်​လည်း​နိ​မိတ်​လက္ခ​ဏာ ဖြစ်​ပေ​အံ့။-

31. ရှေ​ဘ​ပြည်​က​ဘု​ရင်​မ​သည်​ဉာဏ်​ပ​ညာ​ရှင် ရှော​လ​မုန်​မင်း​ကြီး​၏​စ​ကား​ကို​ကြား​နာ​ရ အောင်​ဝေး​လံ​ရပ်​ခြား​တိုင်း​တစ်​ပါး​မှ​လာ ရောက်​ခဲ့​၏။ ယ​ခု​အ​ခါ​၌​မူ​ရှော​လ​မုန်​ထက် ကြီး​မြတ်​သည့်​အ​ရာ​ရောက်​ရှိ​နေ​လေ​ပြီ။ သို့ ဖြစ်​၍​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​တွင်​ရှေ​ဘ ပြည်​ဘု​ရင်​မ​သည်​ထ​၍​ထို​သူ​တို့​အား​ပြစ် တင်​စွပ်​စွဲ​လိမ့်​မည်။-

32. နိ​နေ​ဝေ​မြို့​သား​တို့​သည်​ယော​န​ဟော​ပြော သွန်​သင်​ချက်​ကြောင့်​နောင်​တ​ရ​ခဲ့​ကြ​၏။ ယ​ခု မှာ​မူ​ယော​န​ထက်​ကြီး​မြတ်​သည့်​အ​ရာ​ရောက် ရှိ​နေ​လေ​ပြီ။ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ နိ​နေ​ဝေ​မြို့​သား​တို့​သည်​ထ​၍​ဤ​လူ​တို့ အား​ပြစ်​တင်​စွပ်​စွဲ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

33. လူ​တို့​သည် ``ဆီ​မီး​ကို​ထွန်း​ညှိ​၍​ဖုံး​ကွယ်​ထား လေ့​မ​ရှိ။ တောင်း​ဖြင့်​လည်း​အုပ်​ထား​လေ့​မ​ရှိ။ အိမ်​ထဲ​သို့​ဝင်​လာ​သူ​များ​အ​လင်း​ရ​စေ​ရန် မီး​တင်​ခုံ​ပေါ်​မှာ​တင်​ထား​လေ့​ရှိ​၏။-

34. မျက်​စိ​သည်​ကိုယ်​ခန္ဓာ​အ​တွက်​ဆီ​မီး​သ​ဖွယ်​ဖြစ် ၏။ မျက်​စိ​ကောင်း​လျှင်​သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု လုံး​လင်း​လိမ့်​မည်။ မျက်စိ​မ​ကောင်း​လျှင်​မူ​ကား သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည်​မှောင်​လျက် နေ​လိမ့်​မည်။-

35. သို့​ဖြစ်​၍​သင်​တို့​တွင်​ရှိ​သည့်​အ​လင်း​သည် အ​မှောင်​မ​ဖြစ်​စေ​ရန်​သ​တိ​ပြု​ကြ​လော့။-

36. အ​ကယ်​၍​သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် မှောင်​ကွက်​လုံး​ဝ​မ​ရှိ​ဘဲ​လင်း​လျက်​နေ​လျှင် ဆီ​မီး​သည်​တောက်​ပ​သော​အ​လင်း​ဖြင့်​သင့် အ​ပေါ်​၌​ထွန်း​လင်း​သ​ကဲ့​သို့ သင်​တို့​ကိုယ် ခန္ဓာ​တစ်​ခု​လုံး​သည်​အ​လင်း​နှင့်​ပြည့်​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။

37. ထို​သို့​ကိုယ်​တော်​မိန့်​တော်​မူ​ပြီး​သော​အ​ခါ ဖာ​ရိ​ရှဲ​တစ်​ယောက်​သည်​ကိုယ်​တော်​အား​ည စာ​သုံး​ဆောင်​တော်​မူ​ရန်​ပင့်​ဖိတ်​၏။-

38. ကိုယ်​တော်​သည်​ထို​သူ​၏​အိမ်​သို့​ကြွ​၍​စား​ပွဲ တွင်​ထိုင်​တော်​မူ​၏။ ဤ​သို့​အ​စား​အ​စာ​မ​သုံး ဆောင်​မီ​ကိုယ်​တော်​သည်​ဆေး​ကြော​ခြင်း​ပြု တော်​မ​မူ​သည်​ကို​ထို​ဖာ​ရိ​ရှဲ​မြင်​သော​အ​ခါ အံ့​သြ​လေ​၏။-

39. သ​ခင်​ဘု​ရား​က ``သင်​တို့​ဖာရိရှဲ​များ​သည်​ပန်း ကန်​ခွက်​ယောက်​များ​၏​ပြင်​ပ​ကို​စင်​ကြယ်​အောင် ဆေး​ကြော​ကြ​သော်​လည်း​သင်​တို့​၏​စိတ်​အ​တွင်း မှာ​ကား​အ​ကြမ်း​ဖက်​မှု၊ ဆိုး​ညစ်​မှု​တို့​ဖြင့်​ပြည့် လျက်​နေ​၏။-

40. အ​ချင်း​လူ​မိုက်​တို့၊ ပြင်​ပ​သဏ္ဌာန်​ကို​ဖန်​ဆင်း တော်​မူ​သော​အ​ရှင်​သည် အ​တွင်း​သဏ္ဌာန်​ကို လည်း​ဖန်​ဆင်း​တော်​မူ​သည်​မ​ဟုတ်​လော။-

41. သို့​ရာ​တွင်​သင်​တို့​၏​ပန်း​ကန်​ခွက်​ယောက် များ​တွင်​ရှိ​သည့်​အ​ရာ​များ​ကို​ဆင်း​ရဲ​သူ များ​အား​ပေး​ကမ်း​ကြ​လော့။ သို့​ပြု​လျှင် အ​ရာ​ခပ်​သိမ်း​တို့​သည်​သင်​တို့​အ​တွက်​သန့် စင်​လိမ့်​မည်။''

42. ``ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည်​ပင်​စိမ်း​ရွက်၊ လူ​ရွက်​နှင့်​အ​ခြား ဆေး​ဖက်​ဝင်​အ​ရွက်​အ​မျိုး​မျိုး​ကို​ဆယ်​ဖို့ တစ်​ဖို့​ပေး​လှူ​ကြ​သော်​လည်း​တ​ရား​မျှ​တ မှု​နှင့်​ဘု​ရား​သ​ခင်​အား​ကြည်​ညို​မှု​တို့​ကို လျစ်​လူ​ရှု​ကြ​သည်။ သင်​တို့​သည်​ဆယ်​ဖို့ တစ်​ဖို့​ပေး​လှူ​ခြင်း​ကို​တ​ရား​မျှ​တ​မှု​နှင့် ဘု​ရား​သ​ခင်​အား​ကြည်​ညို​မှု​တို့​ကို​ပါ ကျင့်​သုံး​သင့်​၏။''

43. ``အ​ချင်း​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ကြ​၏။ သင်​တို့​သည်​တ​ရား​ဇ​ရပ်​များ​တွင် မြင့်​မြတ်​သော​နေ​ရာ​များ​ကို​လည်း​ကောင်း၊ စျေး​ရပ်​ကွက်​တွင်​လူ​တို့​အ​လေး​ပြု​ခြင်း ကို​လည်း​ကောင်း​နှစ်​သက်​ကြ​၏။-

44. သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် အ​မှတ်​အ​သား​မ​ရှိ​သည့်​သင်္ချိုင်း​တွင်း​များ​နှင့် တူ​၏။ လူ​တို့​သည်​ထို​တွင်း​များ​အ​ပေါ်​မှာ လျှောက်​၍​သွား​ကြ​သော​အ​ခါ​သင်္ချိုင်း​တွင်း ဖြစ်​မှန်း​ကို​မ​သိ​ကြ'' ဟု​မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 11