ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 11:1-8 Common Language Bible (BCL)

1. အ​ခါ​တစ်​ပါး​၌​ကိုယ်​တော်​သည်​တစ်​ခု​သော အ​ရပ်​တွင်​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​တော် မူ​၏။ ဆု​တောင်း​ပတ္ထ​နာ​ပြီး​ဆုံး​သော​အ​ခါ တ​ပည့်​တော်​တစ်​ဦး​က ``အ​ရှင်​ဘု​ရား၊ ယော​ဟန် သည်​မိ​မိ​၏​တ​ပည့်​များ​အား​ဆု​တောင်း​ပတ္ထ နာ​ပြု​ရန်​နည်း​ပေး​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​အား လည်း​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​ထား​၏။

2. ကိုယ်​တော်​က ``သင်​တို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော အ​ခါ၊`အို အ​ဖ၊ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို ရို​သေ​လေး​မြတ်​ကြ​ပါ​စေ​သော။ကိုယ်​တော်​ရှင်​၏​အုပ်​စိုး​တော်​မူ​ခြင်း​ရှိ​ပါ စေ​သော။

3. လို​အပ်​သော​အ​စား​အ​စာ​ကို​အ​ကျွန်ုပ်​တို့​အား၊ နေ့​စဉ်​နေ့​တိုင်း​ပေး​သ​နား​တော်​မူ​ပါ။

4. အ​ကျွန်ုပ်​တို့​အား​သူ​တစ်​ပါး​တို့​မှား​မိ​သည့် အ​ပြစ်​များ​ကို၊အ​ကျွန်ုပ်​တို့​ဖြေ​လွှတ်​ကြ​သ​ကဲ့​သို့​အ​ကျွန်ုပ် တို့​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။အ​ကျွန်ုပ်​တို့​သည်​လွန်​ကဲ​သော​စုံ​စမ်း​သွေး ဆောင်​ခြင်း​ကို မ​ခံ​ရ​ပါ​စေ​နှင့်'ဟူ​၍​မြွက်​ဆို​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

5-6. ထို​နောက်​ကိုယ်​တော်​က ``သင်​တို့​တွင်​တစ်​စုံ​တစ် ယောက်​သော​သူ​သည်​သန်း​ခေါင်​အ​ချိန်​၌​မိတ် ဆွေ​တစ်​ဦး​၏​အိမ်​သို့​သွား​၍ `အ​ဆွေ၊ ကျွန်ုပ်​၏ အိမ်​သို့​ခ​ရီး​သည်​မိတ်​ဆွေ​တစ်​ယောက်​ရောက်​ရှိ လာ​ပါ​သည်။ ကျွန်ုပ်​တို့​ထံ​တွင်​သူ့​အား​ကျွေး စ​ရာ​ဘာ​မျှ​မ​ရှိ​သ​ဖြင့် မုန့်​သုံး​လုံး​ကို​ချေး လို​ပါ​သည်' ဟု​ဆို​သော်၊-

7. အိမ်​ရှင်​က `ကျွန်ုပ်​ကို​မ​နှောင့်​ယှက်​ပါ​နှင့်။ အိမ် တံ​ခါး​ကို​ပိတ်​ထား​ပြီး​လေ​ပြီ။ သား​သမီး များ​နှင့်​ကျွန်ုပ်​သည်​အိပ်​ရာ​ဝင်​ကြ​ပြီး​ဖြစ် ၏။ ထို့​ကြောင့်​ကျွန်ုပ်​ထ​၍​သင့်​အား​ဘာ​မျှ မ​ပေး​နိုင်​ပါ' ဟု​အိမ်​တွင်း​မှ​ပြော​လိမ့်​မည်။-

8. အိမ်​ရှင်​သည်​မိတ်​ဆွေ​တစ်​ဦး​အ​နေ​ဖြင့်​အိပ်​ရာ မှ​ထ​၍​သူ့​အား​မုန့်​များ​ကို​ပေး​လိမ့်​မည်​မ​ဟုတ်။ သို့​သော်​လည်း​ထို​သူ​သည်​အ​ရှက်​အ​ကြောက် ကင်း​မဲ့​စွာ​ဆက်​လက်​တောင်း​ခံ​နေ​သော​ကြောင့် အိမ်​ရှင်​သည်​ထ​၍​လို​သ​မျှ​သော​မုန့်​များ ကို​ပေး​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 11