24. သင်တို့အားငါဆိုသည်ကားသင်တို့မြင်ရသည့် အရာများကိုပရောဖက်များ၊ ရှင်ဘုရင်များ မြင်လိုကြသော်လည်းမမြင်ရကြ၊ သင်တို့ကြား ရသည့်အရာများကိုကြားလိုသော်လည်းမ ကြားရကြ'' ဟုမိန့်တော်မူသည်။
25. ကျမ်းတတ်ဆရာတစ်ယောက်သည်အထံတော် သို့လာ၍ ``ဆရာတော်၊ အကျွန်ုပ်သည်ထာဝရ အသက်ကိုရအံ့သောငှာအဘယ်သို့ပြုရ ပါမည်နည်း'' ဟုကိုယ်တော်အားပညာစမ်း လိုသဖြင့်မေးလျှောက်၏။
26. ကိုယ်တော်က ``ပညတ္တိကျမ်းတွင်အဘယ်သို့ ဖော်ပြထားသနည်း။ သင်အဘယ်သို့ဖတ်ဖူး သနည်း'' ဟုမေးတော်မူလျှင်၊
27. ထိုသူက ``သင်၏ဘုရားသခင်ထာဝရဘုရား ကိုစိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်း ရှိသမျှနှင့်ချစ်လော့။ သင်၏အိမ်နီးချင်းကိုကိုယ် နှင့်အမျှချစ်လော့ဟုပါရှိပါသည်'' ဟူ၍ လျှောက်၏။
28. ကိုယ်တော်က ``သင်၏အဖြေသည်မှန်ပေ၏။ ဤ အတိုင်းပြုလျှင်သင်သည်ထာဝရအသက်ကို ရလိမ့်မည်'' ဟုမိန့်တော်မူ၏။
29. ထိုသူသည်မိမိ၏ပညာကိုဖော်ပြလို သဖြင့် ``အဘယ်သူသည်အကျွန်ုပ်၏အိမ် နီးချင်းဖြစ်ပါသနည်း'' ဟုမေးမြန်း၏။
30. ထိုအခါသခင်ယေရှုက ``လူတစ်ယောက်သည် ယေရုရှလင်မြို့မှယေရိခေါမြို့ကိုသွားရာ လမ်းတွင်ဋ္ဌားပြများနှင့်တွေ့၏။ ဋ္ဌားပြတို့သည် ထိုသူ၏အဝတ်များကိုချွတ်ယူကြ၏။ ထိုနောက် သူ့ကိုရိုက်နှက်၍သေလုနီးပါးရှိသောအခါ ပစ်ထားခဲ့ကြ၏။-
31. ယဇ်ပုရောဟိတ်တစ်ပါးသည်ထိုလမ်းအတိုင်း ခရီးပြုလာစဉ်ထိုသူကိုမြင်၏။ သို့ရာတွင် သူသည်ရှောင်ကွင်း၍သွား၏။-
32. ထိုနည်းတူလေဝိအနွယ်ဝင်တစ်ယောက်သည်ထို နေရာသို့ရောက်လာ၏။ သူသည်လည်းလူနာကို လာကြည့်ပြီးလျှင်ရှောင်ကွင်း၍သွားလေ၏။-
33. သို့ရာတွင်ရှမာရိအမျိုးသားတစ်ယောက်သည် ခရီးပြုလာစဉ်သူနာရှိရာသို့ရောက်လာသော် သူနာကိုမြင်၍သနားကြင်နာစိတ်ရှိသဖြင့်၊-
34. သူနာ၏ထံသို့ချဉ်းကပ်ပြီးလျှင် သူနာ၏ဒဏ် ရာများကိုဆီနှင့်စပျစ်ရည်လိမ်းကျံ၍အဝတ် ဖြင့်စည်းပေး၏။ ထိုနောက်မိမိမြည်းပေါ်မှာ သူနာကိုတင်လျက်တည်းခိုရိပ်သာသို့ဆောင် သွား၍ပြုစုလေ၏။-
35. နောက်တစ်နေ့၌တည်းခိုရိပ်သာမှထွက်ခွာချိန် တွင်သူသည်ဒေနာရိဒင်္ဂါးနှစ်ပြားကိုထုတ်၍ တည်းခိုရိပ်သာပိုင်ရှင်အားပေးပြီးလျှင် `ဤ သူနာကိုကြည့်ရှုပြုစုပါ။ နောက်ထပ်ကုန်ကျ သမျှကိုအကျွန်ုပ်ပြန်လာသောအခါပေး ပါမည်' ဟုပြော၏။
36. ထိုသူသုံးယောက်တို့အနက်အဘယ်သူသည် ဋ္ဌားပြဘေးနှင့်တွေ့ရသူ၏အိမ်နီးချင်းဖြစ် မည်ဟုသင်ထင်သနည်း'' ဟုမေးတော်မူ၏။
37. ကျမ်းတတ်ဆရာက ``သူနာအားသနားကြင်နာ စွာပြုစုသူဖြစ်ပါသည်'' ဟုလျှောက်လျှင်၊သခင်ယေရှုက ``သင်သည်သွား၍ထိုနည်းတူ ပြုလော့'' ဟုမိန့်တော်မူ၏။
38. သခင်ယေရှုနှင့်တပည့်တော်တို့သည်ခရီးသွား ကြစဉ်ရွာတစ်ရွာသို့ရောက်ကြ၏။ ထိုရွာရှိမာသ နာမည်ရှိသောအမျိုးသမီးသည်မိမိ၏အိမ်တွင် ကိုယ်တော်ကိုကြိုဆိုဧည့်ခံ၏။-
39. မာသမှာမာရိနာမည်ရှိသောညီမတစ်ယောက် ရှိ၏။ သူသည်သခင်ယေရှု၏ခြေတော်ရင်းမှာ ထိုင်၍တရားတော်ကိုကြားနာလျက်နေ၏။-