ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 10:1-10 Common Language Bible (BCL)

1. ထို​နောက်​သ​ခင်​ဘု​ရား​သည်​အ​ခြား​သော တ​ပည့်​တော်​ခု​နစ်​ဆယ့်​နှစ်​ဦး​တို့​ကို​ရွေး​ချယ် ၍​နှစ်​ယောက်​စီ​တွဲ​ဖက်​စေ​လျက် ကိုယ်​တော်​တိုင် ကြွ​တော်​မူ​မည့်​မြို့​ရွာ​အ​သီး​သီး​သို့​သွား နှင့်​ရန်​စေ​လွှတ်​တော်​မူ​၏။-

2. ကိုယ်​တော်​က ``ရိတ်​သိမ်း​ရန်​စ​ပါး​များ​စွာ​ရှိ​၏။ သို့​ရာ​တွင်​ကောက်​ရိတ်​သူ​များ​ကား​နည်း​လှ​၏။ သို့​ဖြစ်​၍​ကောက်​ရိတ်​သ​မား​များ​ပို​မို​စေ​လွှတ် ပေး​ရန်​စ​ပါး​ရှင်​အား​ဆု​တောင်း​ကြ​လော့။-

3. သွား​ကြ၊ ဝံ​ပု​လွေ​စု​ထဲ​သို့​သိုး​သူ​ငယ်​များ​အား စေ​လွှတ်​သ​ကဲ့​သို့​သင်​တို့​အား​ငါ​စေ​လွှတ်​၏။-

4. သင်​တို့​သည်​ပိုက်​ဆံ​အိတ်၊ လွယ်​အိတ်၊ ဖိ​နပ်​တို့​ကို ယူ​မ​သွား​ကြ​နှင့်။ လမ်း​မှာ​ရပ်​၍​မည်​သူ့​ကို​မျှ နှုတ်​မ​ဆက်​ကြ​နှင့်။-

5. သင်​တို့​မည်​သည့်​အိမ်​သို့​မ​ဆို​ဝင်​သော​အ​ခါ ``ဤ အိမ်​၌​ငြိမ်​သက်​ခြင်း​ရှိ​ပါ​စေ'' ဟု​ဦး​စွာ​မေတ္တာ ပို့​ကြ​လော့။-

6. ထို​အိမ်​တွင်​ငြိမ်​သက်​မှု​ကို​လို​လား​သူ​ရှိ​လျှင် သင်​တို့​ပို့​သ​သည့်​မေတ္တာ​ကို​ထို​သူ​ခံ​စား​ရ လိမ့်​မည်။ ထို​သို့​သော​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​ပါ​မူ​သင်​တို့​ပို့​သည့်​မေတ္တာ​သည်​သင်​တို့ ၏​ထံ​သို့​ပြန်​လာ​လိမ့်​မည်။-

7. သင်​တို့​သည်​ထို​အိမ်​မှာ​နေ​၍​အိမ်​ရှင်​ကျွေး​မွေး သည်​တို့​ကို​စား​သောက်​ကြ​လော့။ အ​ဘယ်​ကြောင့် ဆို​သော်​အ​လုပ်​သ​မား​သည်​အ​ခ​ကို​ခံ​စား ထိုက်​သော​ကြောင့်​ဖြစ်​၏။ အိမ်​တစ်​အိမ်​မှ​အ​ခြား တစ်​အိမ်​သို့​မ​ပြောင်း​မ​ရွှေ့​ကြ​နှင့်။-

8. သင်​တို့​အား​ကြို​ဆို​လက်​ခံ​သော​မြို့​တွင်​သင် တို့​အား​ကျွေး​မွေး​သ​မျှ​တို့​ကို​စား​ကြ​လော့။-

9. ထို​မြို့​ရှိ​သူ​နာ​များ​ကို​ရော​ဂါ​ပျောက်​ကင်း​စေ ကြ​လော့။ ထို​နောက်​သူ​တို့​တွင်​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​တည်​ချိန်​နီး​ပြီ​ဖြစ်​ကြောင်း​ပြော ကြား​ကြ​လော့။-

10. သင်​တို့​ကို​မ​ကြို​ဆို​လက်​မ​ခံ​သော​မြို့​တွင် လမ်း​များ​ပေါ်​သို့​ထွက်​၍ ဤ​သို့​ပြော​ကြ​လော့၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 10