ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 1:9-20 Common Language Bible (BCL)

9. ယဇ်​ပု​ရော​ဟိတ်​တို့​၏​ထုံး​စံ​အ​ရ​မဲ​ကျ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​ဗိမာန်​တော်​အ​တွင်း​သို့​ဝင်​၍ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​ရ​၏။-

10. ထို​သို့​မီး​ရှို့​ပူ​ဇော်​နေ​ချိန်​၌​ကိုး​ကွယ်​ဝတ်​ပြု သူ​လူ​အ​ပေါင်း​တို့​သည် အ​ပြင်​မှာ​ဆု​တောင်း လျက်​နေ​ကြ​၏။-

11. ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည် ဇာ​ခ​ရိ​၏​ရှေ့​တွင်​ပေါ်​လာ​၍​နံ့​သာ​ပေါင်း ကို မီး​ရှို့​ပူ​ဇော်​ရာ​ပလ္လင်​၏​လက်​ယာ​ဘက်​တွင် ရပ်​လျက်​နေ​၏။-

12. ဇာ​ခ​ရိ​သည်​ကောင်း​ကင်​တ​မန်​ကို​မြင်​သော အ​ခါ​စိတ်​တုန်​လှုပ်​ချောက်​ချား​သွား​၏။-

13. သို့​ရာ​တွင်​ကောင်း​ကင်​တ​မန်​က ``ဇာ​ခ​ရိ၊ မ​ကြောက်​နှင့်။ ဘု​ရား​သ​ခင်​သည်​သင်​တောင်း လျှောက်​သည့်​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပြီ။ သင်​၏​ဇ​နီး​ဧ​လိ​ရှ​ဗက်​သည်​သား​ရ​တ​နာ ကို​ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို​ယောဟန်​ဟု နာ​မည်​မှည့်​ရ​မည်။-

14. သင်​သည်​ဝမ်း​မြောက်​ရွှင်​မြူး​လိမ့်​မည်။ ထို​သား ဖွား​မြင်​လာ​သည့်​အ​တွက်​လူ​အ​များ​ပင် ဝမ်း​မြောက်​ကြ​လိမ့်​မည်။-

15. သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​ကြီး မြတ်​သူ​ဖြစ်​လိမ့်​မည်။ သူ​သည်​စ​ပျစ်​ရည်​နှင့် သေ​ရည်​သေ​ရက်​ကို​သောက်​လိမ့်​မည်​မ​ဟုတ်။ မွေး​က​တည်း​က​ပင်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် နှင့်​ပြည့်​ဝ​လိမ့်​မည်။-

16. များ​စွာ​သော​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ပြန်​လည်​ပို့​ဆောင်​ပေး​လိမ့်​မည်။-

17. ကိုယ်​တော်​၏​ရှေ့​တော်​ပြေး​ဖြစ်​၍​ဧ​လိ​ယ​ကဲ့ သို့​ခွန်​အား​တန်​ခိုး​ကြီး​လိမ့်​မည်။ သူ​သည်​အ​ဖ တို့​ကို​သား​တို့​နှင့်​ပြန်​လည်​သင့်​မြတ်​စေ​လိမ့် မည်။ မ​နာ​ခံ​သော​သူ​တို့​အား​သူ​တော်​ကောင်း တို့​၏​အ​သိ​ပ​ညာ​ကို​ပြန်​လည်​ရ​ရှိ​စေ​လိမ့် မည်။ ထာ​ဝ​ရ​ဘု​ရား​အ​တွက်​အ​ဆင်​သင့် ဖြစ်​စေ​ရန် ကိုယ်​တော်​၏​လူ​စု​တော်​ကို​ပြင် ဆင်​ပေး​လိမ့်​မည်'' ဟု​ဇာ​ခ​ရိ​အား​ပြော​၏။

18. ဇာ​ခ​ရိ​က ``ဤ​သို့​ဖြစ်​မည်​ကို​အ​ဘယ်​သို့​သိ နိုင်​ပါ​မည်​နည်း။ အ​ကျွန်ုပ်​သည်​အို​မင်း​သူ​ဖြစ် ပါ​၏။ အ​ကျွန်ုပ်​၏​ဇ​နီး​မှာ​လည်း​အ​သက်​ကြီး ရင့်​ပါ​ပြီ'' ဟု​ကောင်း​ကင်​တ​မန်​အား​ပြန် ပြော​၏။

19. ကောင်း​ကင်​တ​မန်​က ``ငါ​သည်​ဘု​ရား​သ​ခင် ၏​ရှေ့​တော်​တွင်​ခ​စား​ရ​သော​ဂါ​ဗြေ​လ​ဖြစ်​၏။ သင့်​အား​ဤ​သ​တင်း​ကောင်း​ကို​ပြော​ကြား​ရန် ငါ့​ကို​စေ​လွှတ်​တော်​မူ​၏။-

20. နား​ထောင်​လော့။ သင်​သည်​ငါ့​စ​ကား​ကို​မ​ယုံ ကြည်​သော​ကြောင့် ဤ​အ​မှု​အ​ရာ​ဖြစ်​ပွား​လာ သည့်​နေ့​တိုင်​အောင်​စ​ကား​မ​ပြော​နိုင်​ဘဲ အ​လျက်​နေ​လိမ့်​မည်။ အ​ချိန်​တန်​လျှင်​ငါ ၏​စကား​မှန်​ကန်​လာ​လိမ့်​မည်'' ဟု​ဆို​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 1