ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 1:69-77 Common Language Bible (BCL)

69. ကိုယ်​တော်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အ​မျိုး​အ​နွယ်​တွင်တန်​ခိုး​ကြီး​မား​သော၊ကယ်​တင်​ရှင်​ကို ပေါ်​ထွန်း​စေ​တော်​မူ​ပြီ။

70. ရှေး​သန့်​ရှင်း​မြင့်​မြတ်​သူ​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊

71. ကိုယ်​တော်​သည်​ငါ​တို့​အား​ရန်​သူ​များ​၏ လက်​မှ​လည်း​ကောင်း၊ငါ​တို့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​၏ လက်​မှ​လည်း​ကောင်း​ကယ်​ဆယ်​ရန်၊

72. ငါ​တို့​၏​ဘိုး​ဘေး​များ​အ​ပေါ်​ဝယ်​က​ရု​ဏာ ထား​တော်​မူ​မည်​ဖြစ်​ကြောင်း​နှင့်၊ပ​ဋိ​ညာဉ်​တော်​ကို​သ​တိ​ရ​မည်​ဖြစ်​ကြောင်း မိန့်​တော်​မူ​ခဲ့​ပြီ။

73-75. ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင် တစ်​သက်​လုံး​သန့်​ရှင်း​ဖြောင့်​မတ်​ကြ​စေ​ရန်၊ငါ​တို့​ကို​ရန်​သူ​များ​၏​လက်​မှ​ကယ်​၍ ကိုယ်​တော်​၏​အ​မှု​တော်​ကို၊ကြောက်​ရွံ့​ခြင်း​ကင်း​လျက်​ဆောင်​ရွက်​စေ​မည်​ဟု ငါ​တို့​၏ အ​ဖ​အာ​ဗြ​ဟံ​အား​ကျိန်​ဆို​တော်​မူ​ခဲ့​ပြီ။

76. အ​ချင်း​သူ​ငယ်၊သင်​သည်​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​၏ ပ​ရော​ဖက်​ဟု​အ​ခေါ်​ခံ​ရ​လိမ့်​မည်။သင်​သည်​ဘု​ရား​ရှင်​အ​တွက်​လမ်း​ကို​အ​သင့် ပြင်​ဆင်​ရ​လိမ့်​မည့်​ရှေ့​တော်​ပြေး​ဖြစ်​ပြီး​လျှင်၊

77. ကိုယ်​တော်​၏​လူ​စု​တော်​အား​အ​ပြစ်​ဖြေ​လွှတ်​၍ကယ်​တင်​တော်​မူ​မည်​ဖြစ်​ကြောင်း​ပြော​ကြား​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 1