ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 1:56-61 Common Language Bible (BCL)

56. ထို​နောက်​မာ​ရိ​သည်​ဧ​လိ​ရှ​ဗက်​ထံ​တွင်​သုံး​လ ခန့်​နေ​ပြီး​နောက်​မိ​မိ​အိမ်​သို့​ပြန်​လေ​၏။

57. ဧ​လိ​ရှ​ဗက်​သည်​နေ့​လ​စေ့​သော​အ​ခါ သား​ရ​တ​နာ​ကို​ဖွား​မြင်​၏။-

58. ဤ​သို့​သူ့​အား​ထာ​ဝ​ရ​ဘု​ရား​သည်​အံ့​သြ​ဖွယ် ကောင်း​အောင်​ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​ကြား​ကြ သော​အ​ခါ အိမ်​နီး​ချင်း​တို့​နှင့်​ဆွေ​မျိုး​သား​ချင်း တို့​သည်​သူ​နှင့်​အ​တူ​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​၏။

59. ထို​နောက်​ရှစ်​ရက်​မြောက်​သော​နေ့​၌​သူ​တို့​သည် သူ​ငယ်​၏​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ပွဲ​သို့​လာ​ကြ ၏။ သူ့​အား​ဇာ​ခ​ရိ​ဟူ​၍​အ​ဖ​၏​နာ​မည်​ကို​ပင် မှည့်​လို​ကြ​၏။-

60. သို့​ရာ​တွင်​သူ​ငယ်​၏​မိ​ခင်​က ``ထို​နာ​မည်​ကို မ​မှည့်​ပါ​နှင့်။ ယော​ဟန်​ဟု​မှည့်​ခေါ်​ကြ​ပါ'' ဟု ဆို​၏။

61. လူ​တို့​က ``သင်​၏​မျိုး​ရိုး​တွင်​ယော​ဟန်​ဟု နာ​မည်​တွင်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ'' ဟု ဧ​လိ​ရှ​ဗက်​အား​ပြန်​ပြော​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 1