ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 1:34-42 Common Language Bible (BCL)

34. မာ​ရိ​က ``ကျွန်​မ​သည်​သ​တို့​သ​မီး​က​ညာ​ဖြစ် သ​ဖြင့်​အ​ဘယ်​သို့​လျှင်​ကိုယ်​ဝန်​ဆောင်​၍​သား ဖွား​နိုင်​ပါ​မည်​နည်း'' ဟု​ကောင်း​ကင်​တ​မန်​အား မေး​၏။

35. ကောင်း​ကင်​တ​မန်​က ``သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် သည်​သင်​၏​အ​ပေါ်​သို့​သက်​ရောက်​လိမ့်​မည်။ အ​မြင့် မြတ်​ဆုံး​သော​ဘု​ရား​ရှင်​၏​တန်​ခိုး​တော်​သည် သင့်​ကို​လွှမ်း​ခြုံ​လိမ့်​မည်။ ထို​ကြောင့်​သင်​မွေး​ဖွား လတ္တံ့​သော​သန့်​ရှင်း​မြင့်​မြတ်​သည့်​သူ​ငယ်​ကို သန့်​ရှင်း​မြင့်​မြတ်​သော​အ​ရှင်​ဘု​ရား​သ​ခင်​၏ သား​တော်​ဟု​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​လိမ့်​မည်။-

36. သင့်​ဆွေ​မျိုး​ဖြစ်​သော​ဧ​လိ​ရှ​ဗက်​သည်​လည်း အို​မင်း​ခါ​မှ သား​ရ​တ​နာ​ကို​ကိုယ်​ဝန်​ဆောင် လျက်​ရှိ​၏။ အ​မြုံ​မ​ဟု​အ​ခေါ်​ခံ​ရ​သူ​သည် ကိုယ်​ဝန်​ဆောင်​၍​ဆ​ဋ္ဌ​မ​လ​သို့​ရောက်​လေ​ပြီ။-

37. ဘုရား​သ​ခင်​တတ်​နိုင်​တော်​မ​မူ​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ'' ဟု​ဆို​၏။

38. မာ​ရိ​က ``ကျွန်​မ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ အ​စေ​ခံ​ဖြစ်​ပါ​၏။ အ​ရှင်​ဖော်​ပြ​သည့်​အ​တိုင်း ပင်​ဖြစ်​ပါ​စေ​သော'' ဟု​ကောင်း​ကင်​တ​မန်​အား ပြန်​ပြော​၏။ ထို​အ​ခါ​ကောင်း​ကင်​တ​မန်​သည် မာ​ရိ​ထံ​မှ​ထွက်​ခွာ​သွား​၏။

39. များ​မ​ကြာ​မီ​မာ​ရိ​သည်​အ​သင့်​ပြင်​၍​တောင်​ပေါ် ဒေ​သ​ရှိ​ယု​ဒ​ပြည်​မြို့​တစ်​မြို့​သို့​အ​လျင်​အ​မြန် သွား​၏။-

40. သူ​သည်​ဇာ​ခ​ရိ​၏​အိမ်​သို့​ဝင်​ပြီး​လျှင်​ဧ​လိ ရှ​ဗက်​ကို​နှုတ်​ဆက်​၏။ မာ​ရိ​၏​နှုတ်​ဆက်​စ​ကား ကို​ကြား​သော​ဧ​လိ​ရှ​ဗက်​၏​ဝမ်း​မှ​က​လေး သည်​လှုပ်​လေ​၏။-

41. ဧ​လိ​ရှ​ဗက်​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ဖြင့်​ပြည့်​ဝ​လျက်၊-

42. ``သင်​သည်​အ​မျိုး​သ​မီး​တ​ကာ​တို့​ထက်​မင်္ဂ​လာ ရှိ​၏။ သင်​ဖွား​အံ့​သော​သား​သည်​မင်္ဂ​လာ​ရှိ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 1