ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

လုကာ 1:31-36 Common Language Bible (BCL)

31. သင်​သည်​ကိုယ်​ဝန်​ဆောင်​၍​သား​ရ​တ​နာ​ကို ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို​ယေ​ရှု​နာ​မည် ဖြင့်​မှည့်​ရ​မည်။-

32. ထို​သား​သည်​ကြီး​မြတ်​လိမ့်​မည်။ အ​မြင့်​မြတ် ဆုံး​သော​ဘု​ရား​၏​သား​တော်​ဟု​အ​ခေါ်​ခံ​ရ လိမ့်​မည်။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သူ့​အ​ဖ​ဒါ​ဝိဒ်​မင်း​၏​နန်း​မွေ​ကို​သူ့​အား​ပေး တော်​မူ​လိမ့်​မည်။-

33. သူ​သည်​ယာ​ကုပ်​အ​မျိုး​အ​နွယ်​များ​ကို​အ​စဉ် မ​ပြတ်​အုပ်​စိုး​တော်​မူ​လိမ့်​မည်။ သူ​၏​နန်း​သက် သည်​အ​ဘယ်​အ​ခါ​မျှ​ကုန်​ဆုံး​လိမ့်​မည်​မ​ဟုတ်'' ဟု​မာ​ရိ​အား​ပြော​၏။

34. မာ​ရိ​က ``ကျွန်​မ​သည်​သ​တို့​သ​မီး​က​ညာ​ဖြစ် သ​ဖြင့်​အ​ဘယ်​သို့​လျှင်​ကိုယ်​ဝန်​ဆောင်​၍​သား ဖွား​နိုင်​ပါ​မည်​နည်း'' ဟု​ကောင်း​ကင်​တ​မန်​အား မေး​၏။

35. ကောင်း​ကင်​တ​မန်​က ``သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် သည်​သင်​၏​အ​ပေါ်​သို့​သက်​ရောက်​လိမ့်​မည်။ အ​မြင့် မြတ်​ဆုံး​သော​ဘု​ရား​ရှင်​၏​တန်​ခိုး​တော်​သည် သင့်​ကို​လွှမ်း​ခြုံ​လိမ့်​မည်။ ထို​ကြောင့်​သင်​မွေး​ဖွား လတ္တံ့​သော​သန့်​ရှင်း​မြင့်​မြတ်​သည့်​သူ​ငယ်​ကို သန့်​ရှင်း​မြင့်​မြတ်​သော​အ​ရှင်​ဘု​ရား​သ​ခင်​၏ သား​တော်​ဟု​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​လိမ့်​မည်။-

36. သင့်​ဆွေ​မျိုး​ဖြစ်​သော​ဧ​လိ​ရှ​ဗက်​သည်​လည်း အို​မင်း​ခါ​မှ သား​ရ​တ​နာ​ကို​ကိုယ်​ဝန်​ဆောင် လျက်​ရှိ​၏။ အ​မြုံ​မ​ဟု​အ​ခေါ်​ခံ​ရ​သူ​သည် ကိုယ်​ဝန်​ဆောင်​၍​ဆ​ဋ္ဌ​မ​လ​သို့​ရောက်​လေ​ပြီ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ လုကာ 1