ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်ယောဟန် 8:23-42 Common Language Bible (BCL)

23. ကိုယ်​တော်​က ``သင်​တို့​သည်​အောက်​ဘုံ​သား​များ ဖြစ်​ကြ​၏။ ငါ​မူ​ကား​အ​ထက်​ဘုံ​မှ​လာ​၏။ သင်​တို့​သည်​ဤ​လော​က​သား​များ​ဖြစ်​ကြ​၏။ ငါ​မူ​ကား​ဤ​လော​က​သား​မ​ဟုတ်။-

24. သို့​ဖြစ်​၍​သင်​တို့​သည်​မိ​မိ​တို့​အ​ပြစ်​၌​သေ ကြ​လိမ့်​မည်​ဟု​ငါ​ဆို​သ​တည်း။ ငါ​သည်`ငါ​ဖြစ် သည်​အ​တိုင်း​ငါ​ဖြစ်​သည်' ကို​သင်​တို့​မ​ယုံ​ကြည် လျှင် သင်​တို့​သည်​မိ​မိ​တို့​အ​ပြစ်​၌​သေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

25. ထို​သူ​တို့​က ``သင်​သည်​အ​ဘယ်​သူ​နည်း'' ဟု မေး​ကြ​၏။ သ​ခင်​ယေ​ရှု​က ``ငါ​အ​ဘယ်​သူ ဖြစ်​သည်​ကို​အ​စ​က​တည်း​က​သင်​တို့​အား ငါ​ပြော​ခဲ့​ပြီ။-

26. သင်​တို့​အ​ကြောင်း​နှင့်​ပတ်​သက်​၍​ငါ​ပြော​စ​ရာ များ​စွာ​ရှိ​၏။ သင်​တို့​အား​ပြစ်​တင်​ရှုတ်​ချ​စ​ရာ လည်း​များ​စွာ​ရှိ​၏။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော အ​ရှင်​သည်​သစ္စာ​တော်​အ​ရှင်​ဖြစ်​တော်​မူ​၏။ ထို အ​ရှင်​ထံ​မှ​ငါ​ကြား​ရ​သည့်​တ​ရား​ကို​သာ လျှင် ဤ​လော​က​သား​တို့​အား​ငါ​ဟော​ပြော​၏'' ဟု​မိန့်​တော်​မူ​၏။

27. ကိုယ်​တော်​သည်​ခ​မည်း​တော်​ကို​ရည်​မှတ်​၍​မိန့် မြွက်​လျက်​နေ​ကြောင်း​ကို ထို​သူ​တို့​မ​သိ​ကြ။-

28. ထို့​ကြောင့်​ကိုယ်​တော်​က ``လူ​သား​ကို​မြေ​မှ မြှောက်​ထား​ကြ​သော​အ​ခါ​မှ​ငါ​သည်`ငါ​ဖြစ် သည်​အ​တိုင်း​ငါ​ဖြစ်​သည်' ကို​လည်း​ကောင်း၊ ငါ သည်​ကိုယ်​ပိုင်​အ​ခွင့်​အာ​ဏာ​အ​ရ​အ​ဘယ် အ​မှု​ကို​မျှ​မ​ပြု​မူ​၍ မိ​မိ​အား​ခ​မည်း​တော် သွန်​သင်​တော်​မူ​သည့်​အ​ကြောင်း​အ​ရာ​များ ကို​သာ​လျှင်​ဟော​ပြော​သွန်​သင်​သည်​ကို​လည်း ကောင်း သင်​တို့​သိ​ကြ​လိမ့်​မည်။-

29. ထို​မှ​တစ်​ပါး​လည်း​ငါ့​ကို​စေ​လွှတ်​တော်​မူ​သော အ​ရှင်​သည်​ငါ​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ထို​အ​ရှင် နှစ်​သက်​တော်​မူ​သော​အ​မှု​ကို​ငါ​သည်​အ​ခါ ခပ်​သိမ်း​လုပ်​ဆောင်​သည်​ဖြစ်​၍ ထို​အ​ရှင်​သည် ငါ့​အား​တစ်​ကိုယ်​တည်း​စွန့်​ပစ်​၍​ထား​တော်​မ​မူ'' ဟု​မိန့်​တော်​မူ​၏။

30. ဤ​သို့​မိန့်​တော်​မူ​သည်​ကို​ကြား​ရ​သော​လူ အ​မြောက်​အ​မြား​ပင်​ကိုယ်​တော်​ကို​ယုံ​ကြည် လာ​ကြ​၏။

31. သ​ခင်​ယေ​ရှု​သည်​ယုံ​ကြည်​သူ​တို့​အား ``သင် တို့​သည်​ငါ​ဟော​ပြော​သွန်​သင်​သည်​အ​တိုင်း​ပြု ကျင့်​ကြ​လျှင် ငါ​၏​တ​ပည့်​အ​မှန်​ဖြစ်​ကြ​၏။-

32. သမ္မာ​တ​ရား​ကို​လည်း​သိ​သ​ဖြင့်​ထို​သမ္မာ တ​ရား​သည်​သင်​တို့​အား​လွတ်​လပ်​စေ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။

33. ထို​သူ​တို့​က ``အ​ကျွန်ုပ်​တို့​သည်​အာ​ဗြ​ဟံ​၏ သား​မြေး​များ​ဖြစ်​ပါ​၏။ အ​ဘယ်​အ​ခါ​က​မျှ တစ်​ပါး​ကျွန်​မ​ဖြစ်​ခဲ့​ဘူး​ပါ။ `သင်​တို့​လွတ် လပ်​လိမ့်​မည်' ဟု​အ​ဘယ်​ကြောင့်​ဆို​ပါ​သ​နည်း'' ဟု​မေး​လျှောက်​ကြ​၏။

34. သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား အ​ပြစ်​ကူး​သူ​တိုင်း​သည် အ​ပြစ်​၏​ကျွန်​ဖြစ်​၏။-

35. ကျွန်​သည်​အိမ်​မှာ​အ​စဉ်​နေ​သည်​မ​ဟုတ်၊ သား မူ​ကား​အ​စဉ်​နေ​၏။-

36. သို့​ဖြစ်​၍​သင်​တို့​အား​သား​တော်​က​လွတ်​လပ် စေ​လျှင် သင်​တို့​သည်​ဧ​ကန်​အ​မှန်​လွတ်​လပ် ကြ​လိမ့်​မည်။-

37. သင်​တို့​သည်​အာ​ဗြ​ဟံ​၏​သား​မြေး​ဖြစ်​သည်​ကို ငါ​သိ​၏။ သို့​ရာ​တွင်​သင်​တို့​သည်​ငါ​၏​သွန်​သင် ချက်​ကို​လက်​မ​ခံ​လို​သ​ဖြင့် ငါ့​ကို​သတ်​ရန် ကြိုး​စား​ကြ​၏။-

38. ငါ​သည်​ငါ့​ခမည်း​တော်​ထံ​မှ​သိ​ရှိ​သော​အ​ရာ များ​ကို​ဟော​ပြော​၏။ သင်​တို့​မူ​ကား​သင်​တို့ အ​ဖ​ညွှန်​ကြား​သည့်​အ​တိုင်း​ပြု​ကြ​၏'' ဟု မိန့်​တော်​မူ​၏။

39. ထို​သူ​တို့​က ``အ​ကျွန်ုပ်​တို့​၏​အ​ဖ​သည် အာ​ဗြ​ဟံ​ဖြစ်​ပါ​၏'' ဟု​ဆို​ကြ​၏။သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​အာ​ဗြ​ဟံ​၏ သား​မြေး​များ​ဖြစ်​ပါ​မူ အာ​ဗြ​ဟံ​ကဲ့​သို့ ပြု​ကျင့်​ကြ​လိမ့်​မည်။-

40. ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကြား​နာ​ခဲ့​ရ​သည့် သမ္မာ​တ​ရား​ကို သင်​တို့​အား​ဟော​ပြော​သူ​ငါ့ ကို​သတ်​ရန်​သင်​တို့​ကြံ​စည်​လျက်​နေ​ကြ​၏။ အာ​ဗြ​ဟံ​ကား​ဤ​သို့​မ​ကျင့်​ခဲ့။-

41. သင်​တို့​သည်​သင်​တို့​အ​ဖ​ကဲ့​သို့​ကျင့်​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။ထို​သူ​တို့​က ``အ​ကျွန်ုပ်​တို့​သည်​ဖ​ခင်​မဲ့​မွေး သော​သား​များ​မ​ဟုတ်။ အ​ကျွန်ုပ်​တို့​မှာ​ဘု​ရား သ​ခင်​တည်း​ဟူ​သော​ဖ​ခင်​တစ်​ပါး​တည်း​ရှိ​၏'' ဟု​ဆို​ကြ​၏။

42. သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​သည်​သင်​တို့​၏ အ​ဖ​ဖြစ်​ပါ​မူ သင်​တို့​သည်​ငါ့​ကို​ချစ်​ကြ​လိမ့် မည်။ ငါ​သည်​ဘု​ရား​သ​ခင်​ထံ​တော်​မှ​လာ​၍ ယ​ခု​ဤ​အ​ရပ်​သို့​ရောက်​ရှိ​နေ​၏။ ကိုယ်​ပိုင် အ​ခွင့်​အာ​ဏာ​အ​ရ​လာ​သည်​မ​ဟုတ်။ ကိုယ် တော်​သည်​ငါ့​ကို​စေ​လွှတ်​တော်​မူ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်ယောဟန် 8