ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်ယောဟန် 7:37-49 Common Language Bible (BCL)

37. ပွဲ​တော်​၏​နောက်​ဆုံး​နေ့​နှင့်​အ​ရေး​ကြီး​ဆုံး နေ့​၌ သ​ခင်​ယေ​ရှု​သည်​ရပ်​လျက် ``ရေ​ငတ် သူ​သည်​ငါ့​ထံ​သို့​လာ​၍​သောက်​လော့။-

38. ကျမ်း​စာ​လာ​သည်​အ​တိုင်း `ငါ့​ကို​ယုံ​ကြည်​သူ ၏​စိတ်​နှ​လုံး​အ​ထဲ​မှ​အ​သက်​ရေ​သည်​စမ်း ချောင်း​သ​ဖွယ်​စီး​ထွက်​နေ​လိမ့်​မည်' '' ဟု ကြွေး​ကြော်​တော်​မူ​၏။-

39. သ​ခင်​ယေ​ရှု​သည်​ဘုန်း​အ​သ​ရေ​ပွင့်​တော်​မ​မူ သေး​သ​ဖြင့် ဝိ​ညာဉ်​တော်​ကို​လည်း​ကိုယ်​တော် ကို​သက်​ဝင်​ယုံ​ကြည်​သူ​တို့​အား​မ​ပေး​မ​အပ် ရ​သေး​ပေ။ သို့​ဖြစ်​၍​ထို​သူ​တို့​ခံ​ယူ​ကြ​ရ မည့်​ဝိ​ညာဉ်​တော်​ကို​ရည်​မှတ်​၍ ဤ​သို့​ကြွေး ကြော်​တော်​မူ​ခြင်း​ဖြစ်​၏။

40. ပ​ရိ​သတ်​အ​ထဲ​မှ​လူ​အ​များ​ပင်​ဤ​သို့​ကိုယ်​တော် ကြွေး​ကြော်​တော်​မူ​သည်​ကို​ကြား​ကြ​၏။ သို့​ဖြစ်​၍ သူ​တို့​က ``ဤ​သူ​သည်​ဧ​ကန်​ပင်​ပ​ရော​ဖက်​ဖြစ်​၏'' ဟု​ဆို​ကြ​၏။

41. အ​ချို့​သော​သူ​တို့​က ``ဤ​သူ​သည်​မေ​ရှိ​ယ ဖြစ်​သည်​ဟု​ဆို​ကြ​၏။'' သို့​ရာ​တွင်​အ​ချို့​က မေ​ရှိ​ယ​သည်​ဂါ​လိ​လဲ​ပြည်​မှ​ပေါ်​ထွန်း​ပါ မည်​လော။-

42. မေ​ရှိ​ယ​သည်​ဒါ​ဝိဒ်​မင်း​၏​သား​မြေး​ဖြစ်​လိမ့်​မည် ဟူ​၍​လည်း​ကောင်း၊ ဒါ​ဝိဒ်​နေ​ထိုင်​ခဲ့​သည့်​ဗက်​လင် ရွာ​မှ​ပေါ်​ထွန်း​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း ကျမ်း စာ​လာ​သည်​မ​ဟုတ်​ပါ​လော'' ဟု​ဆို​ကြ​၏။-

43. သို့​ဖြစ်​၍​ကိုယ်​တော်​နှင့်​ပတ်​သက်​၍​လူ​ပ​ရိ​သတ် စိတ်​သ​ဘော​ကွဲ​လွဲ​လျက်​နေ​ကြ​၏။-

44. လူ​အ​ချို့​တို့​သည်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​လို ကြ​၏။ သို့​သော်​လည်း​အ​ဘယ်​သူ​မျှ​မ​ဖမ်း မ​ဆီး​ကြ။

45. အ​စောင့်​တပ်​သား​များ​သည်​ယဇ်​ပု​ရော​ဟိတ်​ကြီး များ​နှင့်​ဖာ​ရိ​ရှဲ​များ​ထံ​သို့​ပြန်​လာ​ကြ​သော အ​ခါ သူ​တို့​က ``အ​ဘယ်​ကြောင့်​ထို​သူ့​ကို​သင် တို့​ဖမ်း​ဆီး​ခေါ်​ဆောင်​၍​မ​လာ​ကြ​သ​နည်း'' ဟု​မေး​ကြ​၏။

46. အ​စောင့်​တပ်​သား​များ​က ``ဤ​သူ​ဟော​ပြော သ​ကဲ့​သို့​မည်​သူ​မျှ​မ​ဟော​စ​ဖူး​ပါ'' ဟု ဆို​ကြ​၏။

47. ဖာ​ရိ​ရှဲ​များ​က ``သင်​တို့​သည်​လည်း​သူ​၏​လှည့် စား​ခြင်း​ကို​ခံ​ရ​ကြ​ပြီ​လော။-

48. ငါ​တို့​ခေါင်း​ဆောင်​များ​နှင့်​ဖာ​ရိ​ရှဲ​များ​အ​ထဲ မှ​တစ်​ဦး​တစ်​ယောက်​သည် ထို​သူ​ကို​ယုံ​ကြည် ပါ​သ​လော။-

49. ဤ​လူ​ထု​သည်​ပ​ညတ်​တ​ရား​ကို​မ​သိ​သော ကြောင့် ဘု​ရား​သ​ခင်​၏​ကျိန်​ဆဲ​ခြင်း​ကို​ခံ​ကြ ရ​ပြီ​တ​ကား'' ဟု​ဆို​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်ယောဟန် 7