ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်ယောဟန် 7:18-32 Common Language Bible (BCL)

18. မိ​မိ​ကိုယ်​ပိုင်​တ​ရား​စ​ကား​ကို​ဟော​ပြော​သွန် သင်​သူ​သည် မိ​မိ​ကိုယ်​ပိုင်​ဘုန်း​အ​သ​ရေ​ကို ရှာ​လိမ့်​မည်။ သို့​သော်​မိ​မိ​အား​စေ​လွှတ်​တော် မူ​သော​အ​ရှင်​၏​ဘုန်း​အ​သ​ရေ​ကို​ရှာ​သော သူ​မူ​ကား ရိုး​သား​ဖြောင့်​မှန်​စွာ​ဟော​ပြော တတ်​၏။ သူ့​မှာ​မု​သား​မ​ရှိ။-

19. မော​ရှေ​သည်​သင်​တို့​အား​ပ​ညတ်​တရား​ကို ပေး​သည်​မ​ဟုတ်​လော။ သို့​သော်​လည်း​သင်​တို့ တစ်​စုံ​တစ်​ယောက်​မျှ ထို​ပ​ညတ်​တ​ရား​ကို မ​ကျင့်​သုံး​ကြ။ သင်​တို့​သည်​ငါ့​ကို​သတ်​ရန် အ​ဘယ်​ကြောင့်​ရှာ​ကြံ​ကြ​သ​နည်း'' ဟု မိန့်​တော်​မူ​၏။

20. လူ​ပ​ရိ​သတ်​က ``သင်​သည်​နတ်​မိစ္ဆာ​ပူး​ဝင်​နေ သူ​ဖြစ်​၏။ အ​ဘယ်​သူ​သည်​သင့်​ကို​သတ်​ရန် ကြိုး​စား​ကြံ​စည်​လျက်​နေ​ပါ​သ​နည်း'' ဟု ဆို​ကြ​၏။

21. သ​ခင်​ယေ​ရှု​က ``ဥ​ပုသ်​နေ့​၌​အံ့​သြ​ဖွယ်​အ​မှု တစ်​ခု​ကို​ငါ​ပြု​သော​အ​ခါ သင်​တို့​အား​လုံး ပင်​အံ့​အား​သင့်​သွား​ကြ​၏။-

22. မော​ရှေ​က​သင်​တို့​၏​က​လေး​သူ​ငယ်​များ​အား အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ပေး​ရန်​ပညတ်​ခဲ့​၏။ သို့ ဖြစ်​၍​သင်​တို့​သည်​ဥ​ပုသ်​နေ့​၌​ပင်​လျှင် အ​ရေ ဖျား​လှီး​မင်္ဂ​လာ​ကို​ပြု​ကြ​၏။ (အ​မှန်​စင်​စစ် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​စ​တင်​စီ​ရင်​ခဲ့​သူ မှာ မော​ရှေ​မ​ဟုတ်​ဘဲ​သင်​တို့​ဘိုး​ဘေး​များ ဖြစ်​ပေ​သည်။)-

23. ဤ​သို့​လျှင်​မော​ရှေ​၏​ပ​ညတ်​တ​ရား​မ​ချိုး ဖောက်​ရန် သင်​တို့​သည်​ဥ​ပုသ်​နေ့​တွင်​အ​ရေ​ဖျား လှီး​မင်္ဂ​လာ​ပေး​လျှင် ငါ​သည်​ဥ​ပုသ်​နေ့​၌​လူ တစ်​ဦး​တစ်​ယောက်​အား​ပ​က​တိ​ကျန်း​မာ လာ​စေ​သော​အ​ခါ​၌​မူ အ​ဘယ်​ကြောင့်​ငါ့ အား​အ​မျက်​ထွက်​ကြ​သ​နည်း။-

24. အ​ပြင်​အ​ပ​လက္ခ​ဏာ​ကို​ထောက်​၍​မ​စီ​ရင် မ​ဆုံး​ဖြတ်​ကြ​နှင့်။ အ​မှန်​တ​ရား​အ​တိုင်း စီ​ရင်​ဆုံး​ဖြတ်​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

25. ယေ​ရု​ရှ​လင်​မြို့​သား​အ​ချို့​တို့​က ``ဤ​သူ​ကို အာ​ဏာ​ပိုင်​က​သတ်​ရန်​ရှာ​ကြံ​နေ​ကြ​သည် မ​ဟုတ်​ပါ​လော။-

26. ကြည့်​ပါ။ သူ​သည်​အ​ထင်​အ​ရှား​ဟော​ပြော​သွန် သင်​လျက်​နေ​၏။ မည်​သူ​တစ်​ဦး​တစ်​ယောက်​က​မျှ သူ့​အား​မ​တား​မြစ်​ပါ​တ​ကား။ ဤ​သူ​သည် မေ​ရှိ​ယ​အ​ရှင်​ဖြစ်​ကြောင်း​ကို​အာ​ဏာ​ပိုင်​တို့ က​အ​ကယ်​ပင်​သိ​ရှိ​ကြ​လေ​သ​လော။ သို့​ရာ တွင်​ဤ​သူ​၏​ဇာ​တိ​ကို​ငါ​တို့​သိ​ကြ​၏။-

27. မေ​ရှိ​ယ​အ​ရှင်​ကြွ​လာ​တော်​မူ​ချိန်​၌​မူ​ကား ထို​အ​ရှင်​၏​ဇာ​တိ​ကို​မည်​သူ​မျှ​မ​သိ​နိုင်​ရာ'' ဟု​ဆို​ကြ​၏။

28. ကိုယ်​တော်​သည်​ဗိ​မာန်​တော်​ထဲ​တွင်​ဟော​ပြော သွန်​သင်​လျက်​နေ​တော်​မူ​စဉ် ``သင်​တို့​ငါ့​ကို သိ​ကြ​၏။ ငါ​အ​ဘယ်​က​လာ​သည်​ကို​လည်း သိ​ကြ​၏။ သို့​ရာ​တွင်​ငါ​သည်​ကိုယ့်​အ​ခွင့် အာ​ဏာ​အ​ရ​လာ​သည်​မ​ဟုတ်။ ငါ့​ကို​စေ လွှတ်​တော်​မူ​သော​အ​ရှင်​သည်​သစ္စာ​နှင့်​ပြည့်​စုံ တော်​မူ​၏။ ထို​အ​ရှင်​ကို​သင်​တို့​မ​သိ​ကြ။-

29. ငါ​သည်​ထို​အ​ရှင်​၏​ထံ​မှ​လာ​သော​ကြောင့် လည်း​ကောင်း၊ ထို​အ​ရှင်​သည်​ငါ့​ကို​စေ​လွှတ် တော်​မူ​သော​ကြောင့်​လည်း​ကောင်း ငါ​သည်​ထို အ​ရှင်​ကို​သိ​၏'' ဟု​ကြွေး​ကြော်​တော်​မူ​၏။

30. လူ​တို့​သည်​ကိုယ်​တော်​အား​ဖမ်း​ဆီး​ရန်​အ​ခွင့် ကို​ရှာ​ကြံ​ကြ​သော်​လည်း​အ​ချိန်​မ​ကျ​သေး သ​ဖြင့် ကိုယ်​တော်​အား​အ​ဘယ်​သူ​မျှ​မ​ဖမ်း မ​ဆီး​ကြ။-

31. ပ​ရိ​သတ်​အ​ထဲ​မှ​လူ​အ​များ​ပင်​ကိုယ်​တော်​ကို သက်​ဝင်​ယုံ​ကြည်​လာ​ကြ​ပြီး​လျှင် ``မေ​ရှိ​ယ အ​ရှင်​ကြွ​လာ​တော်​မူ​သော​အ​ခါ ဤ​အ​ရှင် ပြ​သည်​ထက်​ပို​မို​များ​ပြား​သော​အံ့​သြ​ဖွယ် နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​တော်​မူ​မည်​လော'' ဟု​ဆို​ကြ​၏။

32. ဤ​သို့​ကိုယ်​တော်​၏​အ​ကြောင်း​ကို​လူ​တို့​တီး တိုး​ပြော​ဆို​နေ​ကြ​သည်​ကို​ဖာ​ရိ​ရှဲ​များ ကြား​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​နှင့်​ယဇ်​ပု​ရော ဟိတ်​ကြီး​များ​သည် ကိုယ်​တော်​ကို​ဖမ်း​ဆီး ရန်​အ​စောင့်​တပ်​သား​အ​ချို့​ကို​စေ​လွှတ် လိုက်​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်ယောဟန် 7