ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်ယောဟန် 7:1-12 Common Language Bible (BCL)

1. ထို​နောက်​သ​ခင်​ယေ​ရှု​သည်​ဂါ​လိ​လဲ​ပြည်​တွင် ဒေ​သ​စာ​ရီ​လှည့်​လည်​တော်​မူ​၏။ ယု​ဒ​အာ​ဏာ ပိုင်​တို့​သည်​ကိုယ်​တော်​ကို​သတ်​ရန်​ကြံ​စည်​နေ ကြ​သ​ဖြင့် ကိုယ်​တော်​သည်​ယု​ဒ​ပြည်​တွင်​ဒေ​သ စာ​ရီ​လှည့်​လည်​တော်​မ​မူ​လို။-

2. ယု​ဒ​အ​မျိုး​သား​တို့​၏​သစ်​ခက်​တဲ​နေ့​ကောက် သိမ်း​ပွဲ​တော်​အ​ခါ​ကား​နီး​ကပ်​၍​လာ​၏။-

3. သို့​ဖြစ်​၍​ညီ​တော်​များ​က​ကိုယ်​တော်​အား ``သင် ပြု​သော​အ​မှု​အ​ရာ​များ​ကို​သင့်​တ​ပည့်​တို့ တွေ့​မြင်​နိုင်​ကြ​စေ​ရန် ဤ​အ​ရပ်​မှ​ထွက်​ခွာ​၍ ယု​ဒ​ပြည်​သို့​သွား​ပါ​လော့။-

4. မည်​သူ​မ​ဆို​ထင်​ပေါ်​ကျော်​ကြား​လို​လျှင် အ​ဘယ်​အ​မှု​ကို​မျှ​လျှို့​ဝှက်​စွာ​ပြု​လေ့​မ​ရှိ။ သင်​သည်​ဤ​သို့​အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​များ ကို​ပြု​မည်​ဆို​ပါ​က သင်​၏​အ​ကြောင်း​ကို​ကမ္ဘာ က​သိ​အောင်​ပြု​ပါ​လော့'' ဟု​ဆို​ကြ​၏။-

5. (ညီ​တော်​များ​သည်​ပင်​လျှင်​ကိုယ်​တော်​ကို မ​ယုံ​ကြည်​ကြ။)

6. သ​ခင်​ယေ​ရှု​က ``ငါ့​အ​ချိန်​မ​ကျ​ရောက်​သေး။ သင်​တို့​အ​ချိန်​ကား​အ​စဉ်​ကျ​ရောက်​လျက်​ရှိ​၏။-

7. ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည်​သင်​တို့​ကို​မ​မုန်း​နိုင်။ ငါ့​ကို​မူ​ကား​မုန်း​ကြ​၏။ ယင်း​သို့​မုန်း​ကြ​ခြင်း မှာ​ငါ​သည်​သူ​တို့​၏​ဆိုး​ညစ်​သော​အ​ကျင့် များ​ကို​ထုတ်​ဖော်​ပြော​ဆို​သော​ကြောင့်​ဖြစ်​၏။-

8. ထို​ပွဲ​တော်​သို့​သင်​တို့​သွား​ကြ​ကုန်။ ငါ​ကား ငါ့​အ​ချိန်​မ​ကျ​ရောက်​သေး​သ​ဖြင့်​သွား လိမ့်​မည်​မ​ဟုတ်'' ဟု​ပြန်​၍​မိန့်​တော်​မူ​၏။-

9. ထို​သို့​မိန့်​တော်​မူ​ပြီး​နောက်​ကိုယ်​တော်​သည် ဂါ​လိ​လဲ​ပြည်​တွင်​ဆက်​၍​နေ​တော်​မူ​၏။

10. ထို​ပွဲ​တော်​သို့​ညီ​တော်​များ​ထွက်​သွား​ကြ ပြီး​မှ​သ​ခင်​ယေ​ရှု​သည်​လည်း​ထို​ပွဲ​သို့ မ​ထင်​မ​ရှား​ကြွ​တော်​မူ​၏။-

11. ယု​ဒ​အာ​ဏာ​ပိုင်​တို့​သည်​ထို​ပွဲ​တော်​တွင် ကိုယ်​တော်​ကို​ရှာ​လျက် ``ထို​သူ​ကား​အ​ဘယ် မှာ​နည်း'' ဟု​မေး​မြန်း​ကြ​၏။-

12. လူ​ပ​ရိ​သတ်​သည်​ကိုယ်​တော်​နှင့်​ပတ်​သက်​၍ များ​စွာ​တီး​တိုး​ပြော​ဆို​လျက်​နေ​ကြ​ကုန်​၏။ လူ​အ​ချို့​တို့​က ``ဤ​သူ​သည်​သူ​တော်​ကောင်း ဖြစ်​သည်'' ဟု​ဆို​ကြ​၏။ အ​ချို့​က​မူ ``သူ​တော် ကောင်း​မ​ဟုတ်။ လူ​ပ​ရိ​သတ်​အား​မှောက်​မှား လမ်း​လွဲ​စေ​သူ​ဖြစ်​၏'' ဟု​ဆို​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်ယောဟန် 7