ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်ယောဟန် 6:53-71 Common Language Bible (BCL)

53. သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ ဆို​သည်​ကား လူ​သား​၏​အ​သား​ကို​မ​စား၊ သူ​၏ သွေး​ကို​မ​သောက်​ပါ​မူ​သင်​တို့​၌​အ​သက်​မ​ရှိ။-

54. ငါ့​အ​သား​ကို​စား​၍​ငါ့​သွေး​ကို​သောက်​သော သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ​၏။ ငါ​သည်​လည်း နောက်​ဆုံး​သော​နေ့​၌​ထို​သူ​အား​သေ​ခြင်း​မှ ရှင်​ပြန်​ထြေမာက်​စေ​မည်။-

55. ငါ့​အ​သား​သည်​စား​စ​ရာ​အ​စစ်​အ​မှန်​ဖြစ်​၏။ ငါ့​သွေး​သည်​သောက်​စ​ရာ​အ​စစ်​အ​မှန်​ဖြစ်​၏။-

56. ငါ့​အ​သား​ကို​စား​၍​ငါ့​သွေး​ကို​သောက်​သော သူ​သည်​ငါ​၌​ကျိန်း​ဝပ်​၏။ ငါ​သည်​လည်း​ထို​သူ ၌​ကျိန်း​ဝပ်​၏။-

57. အ​သက်​ရှင်​တော်​မူ​သော​ခ​မည်း​တော်​သည်​ငါ့​ကို စေ​လွှတ်​တော်​မူ​၏။ ငါ​သည်​လည်း​ခ​မည်း​တော် ကြောင့်​အ​သက်​ရှင်​သည်​နည်း​တူ ငါ့​အ​သား ကို​စား​သော​သူ​သည်​လည်း​ငါ့​ကြောင့်​အ​သက် ရှင်​လိမ့်​မည်။-

58. သို့​ဖြစ်​၍​ဤ​အ​စာ​အာ​ဟာ​ရ​ကား​ကောင်း​ကင် ဘုံ​မှ​ဆင်း​သက်​သော​အ​စာ​အာ​ဟာ​ရ​ဖြစ်​၏။ သင်​တို့​ဘိုး​ဘေး​များ​စား​သုံး​ကြ​ရ​သည့် အ​စာ​အာ​ဟာ​ရ​မျိုး​မ​ဟုတ်။ ထို​အ​စာ​အာ ဟာ​ရ​ကို​သုံး​ဆောင်​သူ​တို့​သည်​သေ​ကြ​ရ​၏။ ဤ အ​စာ​အာ​ဟာ​ရ​ကို​စား​သူ​မူ​ကား​အ​စဉ် မ​ပြတ်​အ​သက်​ရှင်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

59. သ​ခင်​ယေ​ရှု​သည်​က​ပေ​ရ​နောင်​မြို့​တ​ရား ဇ​ရပ်​တွင်​ဟော​ပြော​သွန်​သင်​တော်​မူ​စဉ်​က ဤ သြ​ဝါ​ဒ​များ​ကို​ပေး​တော်​မူ​သ​တည်း။

60. ထို​သြ​ဝါ​ဒ​များ​ကို​တ​ပည့်​တော်​အ​မြောက် အ​မြား​ပင်​ကြား​ကြ​၏။ သူ​တို့​က ``ဤ​သွန်​သင် တော်​မူ​ချက်​တို့​သည်​ခက်​ခဲ​လှ​သ​ဖြင့် အ​ဘယ် သူ​လိုက်​နာ​နိုင်​ပါ​မည်​နည်း'' ဟု​ဆို​ကြ​၏။

61. ဤ​သို့​တ​ပည့်​တော်​တို့​သည်​ညည်း​တွား​နေ​ကြ သည်​ကို သ​ခင်​ယေ​ရှု​သည်​အ​လို​အ​လျောက်​သိ တော်​မူ​သ​ဖြင့် ``ဤ​စ​ကား​ကြောင့်​သင်​တို့​စိတ် ပျက်​ကြ​သ​လော။-

62. အ​ကယ်​၍​လူ​သား​သည်​မိ​မိ​နေ​ရင်း​ရပ်​ထံ သို့​တက်​ကြွ​တော်​မူ​သည်​ကို​မြင်​ကြ​ရ​ပါ​မူ သင်​တို့​အ​ဘယ်​သို့​ထင်​မှတ်​ကြ​မည်​နည်း။-

63. ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​က​သာ​လျှင် အ​သက်​ကို​ရှင်​စေ​နိုင်​၏။ လူ​တို့​၏​တန်​ခိုး စွမ်း​ရည်​မူ​ကား​မည်​သို့​မျှ​မ​တတ်​နိုင်။ သင် တို့​အား​ငါ​ပြော​သော​စ​ကား​သည်​အ​သက် ရှင်​စေ​သည့်​ဝိ​ညာဉ်​တော်​နှင့်​သက်​ဆိုင်​၏။-

64. သို့​သော်​လည်း​သင်​တို့​အ​နက်​အ​ချို့​သော​သူ တို့​သည်​မ​ယုံ​ကြည်​ကြ'' ဟု​မိန့်​တော်​မူ​၏။ (မည် သူ​တို့​မ​ယုံ​ကြည်​ကြ​သည်​ကို​လည်း​ကောင်း၊ မည်​သူ​သည်​ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့ အပ်​နှံ​မည်​ကို​လည်း​ကောင်း သ​ခင်​ယေ​ရှု​သည် အ​စ​က​တည်း​က​ပင်​သိ​တော်​မူ​ပြီး​ဖြစ်​၏။)-

65. ဆက်​လက်​၍​ကိုယ်​တော်​က ``ဤ​အ​ကြောင်း ကြောင့်​ခ​မည်း​တော်​အ​ခွင့်​ပေး​တော်​မ​မူ လျှင် အ​ဘယ်​သူ​မျှ​ငါ့​ထံ​သို့​မ​လာ​နိုင် ဟု​သင်​တို့​အား​ငါ​ဆို​ခဲ့​ပြီ'' ဟူ​၍​မိန့် တော်​မူ​၏။

66. ထို​အ​ချိန်​မှ​စ​၍​တ​ပည့်​တော်​အ​များ​ပင် အ​ထံ​တော်​မှ​ဆုတ်​ခွာ​လျက် ကိုယ်​တော်​နှင့် အ​တူ​မ​လိုက်​ဘဲ​နေ​ကြ​၏။-

67. သို့​ဖြစ်​၍​သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​လည်း ငါ့​ထံ​မှ​ထွက်​ခွာ​သွား​လို​ကြ​ပါ​သ​လော'' ဟု​တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​အား မေး​တော်​မူ​၏။

68. ရှိ​မုန်​ပေ​တ​ရု​က ``အ​ရှင်၊ အ​ကျွန်ုပ်​တို့​သည် မည်​သူ​ထံ​သို့​သွား​ကြ​ရ​ပါ​မည်​နည်း။ ကိုယ် တော်​ရှင်​သာ​လျှင်​ထာ​ဝ​ရ​အ​သက်​ဆိုင်​ရာ တ​ရား​ကို​ဟော​ပါ​၏။-

69. ထို​မှ​တစ်​ပါး​လည်း​ကိုယ်​တော်​ရှင်​သည်​ထာ​ဝ​ရ ဘု​ရား​ထံ​မှ​ကြွ​လာ​သော​သန့်​ရှင်း​သော​အ​ရှင် ဖြစ်​တော်​မူ​သည်​ကို ယ​ခု​အ​ကျွန်ုပ်​တို့​ယုံ​ကြည် သိ​မြင်​ကြ​ပါ​ပြီ'' ဟု​လျှောက်​၏။

70. သ​ခင်​ယေ​ရှု​က ``ငါ​သည်​တစ်​ကျိပ်​နှစ်​ပါး သော​သင်​တို့​ကို​ရွေး​ချယ်​ခန့်​ထား​ခဲ့​သည် မ​ဟုတ်​ပါ​လော။ သို့​သော်​လည်း​သင်​တို့​တွင် နတ်​မိစ္ဆာ​တစ်​ဦး​ပါ​လျက်​နေ​၏'' ဟု​မိန့်​တော် မူ​၏။-

71. ရှိ​မုန်​ရှ​ကာ​ယုတ်​၏​သား​ယု​ဒ​သည်​တစ်​ကျိပ် နှစ်​ပါး​အ​ပါ​အ​ဝင်​ဖြစ်​သော်​လည်း ကိုယ်​တော် အား​ရန်​သူ့​လက်​သို့​အပ်​မည့်​သူ​ဖြစ်​သ​ဖြင့် ထို​သူ​ကို​ရည်​ဆောင်​၍​ဤ​သို့​မိန့်​တော်​မူ​ခြင်း ဖြစ်​သ​တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်ယောဟန် 6