ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်ယောဟန် 6:1-9 Common Language Bible (BCL)

1. ထို​သို့​မိန့်​တော်​မူ​ပြီး​နောက်​သ​ခင်​ယေ​ရှု​သည် ဂါ​လိ​လဲ​အိုင် (တိ​ဗေ​ရိ​အိုင်​ဟု​လည်း​ခေါ်​သည်) ကို​ကူး​တော်​မူ​၏။-

2. သူ​နာ​များ​အား​ရော​ဂါ​ပျောက်​ကင်း​စေ​တော် မူ​သည်​ကို​တွေ့​မြင်​ခဲ့​ကြ​သ​ဖြင့် လူ​ပ​ရိ​သတ် ကြီး​သည်​နောက်​တော်​သို့​လိုက်​ကြ​၏။-

3. သ​ခင်​ယေ​ရှု​သည်​တောင်​ပေါ်​သို့​တက်​တော်​မူ​၍ တ​ပည့်​တော်​တို့​နှင့်​အ​တူ​ထိုင်​တော်​မူ​၏။-

4. ယု​ဒ​အ​မျိုး​သား​တို့​၏​ပွဲ​တော်​ဖြစ်​သော ပ​သ​ခါ​ပွဲ​ကျ​ရောက်​ရန်​အ​ခါ​ကား​နီး ပေ​ပြီ။-

5. သ​ခင်​ယေ​ရှု​သည်​မျှော်​ကြည့်​လိုက်​သော​အ​ခါ မိ​မိ​ထံ​သို့​လူ​ပ​ရိ​သတ်​ကြီး​လာ​လျက်​နေ သည်​ကို​မြင်​တော်​မူ​၍ ``ဤ​သူ​တို့​စား​ရန် အ​စား​အ​စာ​ကို​အ​ဘယ်​မှာ​ဝယ်​နိုင်​သ​နည်း'' ဟု​ဖိ​လိပ္ပု​အား​မေး​တော်​မူ​၏။-

6. (ဤ​သို့​မေး​တော်​မူ​ခြင်း​မှာ​ဖိ​လိပ္ပု​ကို​အ​ကဲ ခပ်​လို​၍​ဖြစ်​၏။ ကိုယ်​တော်​ကား​မိ​မိ​အ​ဘယ် သို့​ပြု​မည်​ကို​သိ​ရှိ​ပြီး​ဖြစ်​ပေ​သည်။)

7. ဖိ​လိပ္ပု​က ``လူ​တစ်​ယောက်​ကို​အ​စား​အ​စာ အ​နည်း​ငယ်​စီ​ကျွေး​ရန်​ပင်​လျှင် ငွေ​ဒေ​နာ​ရိ နှစ်​ရာ​ဖိုး​နှင့်​လုံ​လောက်​မည်​မ​ဟုတ်​ပါ'' ဟု လျှောက်​၏။-

8. ရှိ​မုန်​ပေ​တ​ရု​၏​ညီ၊ တ​ပည့်​တော်​တစ်​ဦး​ဖြစ် သူ​အန္ဒြေ​က​ကိုယ်​တော်​အား၊-

9. ``ဤ​မှာ​သူ​ငယ်​တစ်​ယောက်​ရှိ​ပါ​၏။ သူ့​ထံ တွင်​မု​ယော​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ရှိ ပါ​၏။ သို့​ရာ​တွင်​ဤ​မျှ​ကြီး​မား​သော​လူ ပ​ရိ​သတ်​အား ထို​မုန့်​နှင့်​ငါး​ကို​အ​ဘယ် သို့​လျှင်​လောက်​င​အောင်​ကျွေး​နိုင်​ပါ​မည် နည်း'' ဟု​လျှောက်​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်ယောဟန် 6