ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်ယောဟန် 4:25-40 Common Language Bible (BCL)

25. အ​မျိုး​သ​မီး​က ``မေ​ရှိ​ယ​အ​ရှင်​ကြွ​လာ​တော် မူ​မည်​ကို​ကျွန်​မ​သိ​ပါ​၏။ ထို​အ​ရှင်​ကြွ​လာ တော်​မူ​သော​အ​ခါ ကျွန်​မ​တို့​အား​အ​မှု​အ​ရာ ခပ်​သိမ်း​ကို​ရှင်း​လင်း​ဖော်​ပြ​တော်​မူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။

26. သ​ခင်​ယေ​ရှု​က ``ထို​အ​ရှင်​ကား​သင်​နှင့်​ယ​ခု စ​ကား​ပြော​နေ​သူ​ငါ​ပင်​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။

27. ထို​အ​ချိန်​၌​တ​ပည့်​တော်​တို့​ပြန်​ရောက်​လာ ကြ​၏။ သူ​တို့​သည်​အ​မျိုး​သ​မီး​နှင့်​ကိုယ်​တော် စ​ကား​ပြော​လျက်​နေ​သည်​ကို​တွေ့​ရ​သ​ဖြင့် အံ့​သြ​ကြ​၏။ သို့​ရာ​တွင်​အ​မျိုး​သ​မီး​အား ``အ​ဘယ်​အ​ရာ​ကို​အ​လို​ရှိ​ပါ​သ​နည်း'' ဟူ​၍​လည်း​ကောင်း၊ ကိုယ်​တော်​အား ``အ​ဘယ် ကြောင့်​ထို​အ​မျိုး​သ​မီး​နှင့်​စ​ကား​ပြော လျက်​နေ​တော်​မူ​ပါ​သ​နည်း'' ဟူ​၍​လည်း ကောင်း​အ​ဘယ်​သူ​မှ​မ​မေး​လျှောက်​ကြ။

28. အ​မျိုး​သ​မီး​သည်​ရေ​အိုး​ကို​ထား​ခဲ့​၍​မြို့ ထဲ​သို့​သွား​ပြီး​လျှင်၊-

29. ``ကျွန်​မ​ပြု​ခဲ့​သ​မျှ​သော​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​ပြော​ပြ​သူ​ကို​လာ​၍​ကြည့်​ကြ ပါ။ သူ​သည်​ခ​ရစ်​တော်​ပင်​ဖြစ်​လိမ့်​မည်​လော'' ဟု​လူ​တို့​အား​ဆို​၏။-

30. သို့​ဖြစ်​၍​လူ​တို့​သည်​မြို့​ထဲ​မှ​ထွက်​၍ ကိုယ်​တော်​၏​ထံ​သို့​လာ​ကြ​၏။

31. ဤ​အ​တော​အ​တွင်း​၌​တ​ပည့်​တော်​တို့​က ``အ​ရှင် ဘု​ရား၊ အ​စား​အ​စာ​သုံး​ဆောင်​တော်​မူ​ပါ'' ဟု လျှောက်​ထား​တောင်း​ပန်​ကြ​၏။

32. ကိုယ်​တော်​က ``သင်​တို့​မ​သိ​ကြ​သည့်​အ​စား အ​စာ​ကို​ငါ​သုံး​ဆောင်​ပြီး​ပြီ'' ဟု​မိန့်​တော် မူ​၏။-

33. ထို့​ကြောင့်​တ​ပည့်​တော်​တို့​သည် ``ကိုယ်​တော်​အား အ​စား​အ​စာ​ဆက်​ကပ်​သူ​တစ်​စုံ​တစ်​ယောက်​ရှိ လေ​ပြီ​လော'' ဟု​အ​ချင်း​ချင်း​မေး​မြန်း​ကြ​၏။

34. ကိုယ်​တော်​က ``ငါ​၏​အ​စား​အ​စာ​ကား​ငါ့​ကို စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​လို​တော်​ကို လိုက်​နာ​၍ ထို​အ​ရှင်​ပေး​အပ်​သည့်​အ​မှု​တော် ကို​ပြီး​စီး​အောင်​ဆောင်​ရွက်​ခြင်း​ပင်​ဖြစ်​၏။-

35. နောက်​လေး​လ​မျှ​ကြာ​လျှင်​ကောက်​ရိတ်​ချိန် ရောက်​လိမ့်​မည်​ဟု သင်​တို့​ဆို​တတ်​ကြ​သည် မ​ဟုတ်​လော။ သင်​တို့​အား​ငါ​ဆို​သည်​ကား လယ်​ပြင်​တို့​ကို​မျှော်​ကြည့်​လော့။ ရိတ်​သိမ်း ရန်​သီး​နှံ​တို့​သည်​မှည့်​ဝင်း​လျက်​ရှိ​ပေ​ပြီ။-

36. ရိတ်​သူ​သည်​အ​ခ​ကို​ခံ​ယူ​၍​ထာ​ဝ​ရ​အ​သက် ဆိုင်​ရာ​သီး​နှံ​များ​ကို​ရိတ်​သိမ်း​၏။ သို့​ဖြစ်​၍ စိုက်​သူ​နှင့်​ရိတ်​သူ​တို့​သည် အ​တူ​တ​ကွ​ရွှင်​လန်း ဝမ်း​မြောက်​ကြ​လိမ့်​မည်။-

37. `တစ်​ဦး​ကား​စိုက်​၍​နောက်​တစ်​ဦး​ကား​ရိတ်​ရ​၏' ဟူ​သော​ဆို​ရိုး​စ​ကား​သည်​မှန်​ကန်​လျက်​နေ သ​တည်း။-

38. သင်​တို့​မ​စိုက်​မ​ပျိုး​သည့်​လယ်​မှ​အ​သီး အ​နှံ​များ​ကို​ရိတ်​သိမ်း​ရန်​သင်​တို့​အား​ငါ စေ​လွှတ်​၏။ အ​ခြား​သော​သူ​တို့​က​စိုက်​ပျိုး လုပ်​ဆောင်​ကြ​၍ သင်​တို့​က​အ​ကျိုး​ကို​ခံ​စား ကြ​ရ​၏'' ဟု​မိန့်​တော်​မူ​၏။

39. ရှ​မာ​ရိ​အ​မျိုး​သ​မီး​က ``ဤ​သူ​သည်​ကျွန်​မ ပြု​ခဲ့​သ​မျှ​သော​အ​မှု​အ​ရာ​များ​ကို​ပြော ပြ​ပါ​၏။'' ဟု​ဆို​သ​ဖြင့်​ထို​မြို့​ရှိ​ရှ​မာ​ရိ အ​မျိုး​သား​အ​မြောက်​အမြား​ပင်​သ​ခင်​ယေ​ရှု အား​ယုံ​ကြည်​လာ​ကြ​၏။-

40. သို့​ဖြစ်​၍​သူ​တို့​သည်​ကိုယ်​တော်​၏​ထံ​တော် သို့​ရောက်​ကြ​သော​အ​ခါ မိ​မိ​တို့​ထံ​တွင် တည်း​ခို​တော်​မူ​ပါ​ဟု​လျှောက်​ထား​တောင်း​ပန် ကြ​၏။ သ​ခင်​ယေ​ရှု​သည်​ထို​အ​ရပ်​တွင်​နှစ် ရက်​မျှ​နေ​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်ယောဟန် 4