ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ရှင်ယောဟန် 4:10-16 Common Language Bible (BCL)

10. သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​ပေး​သ​နား တော်​မူ​သော​ဆု​ကျေး​ဇူး​တော်​ကို​လည်း​ကောင်း၊ သင့်​အား​သောက်​ရေ​တစ်​ခွက်​တောင်း​နေ​သူ​သည် အ​ဘယ်​သူ​ဖြစ်​သည်​ကို​လည်း​ကောင်း​သင်​သည် သိ​ပါ​လျှင် ထို​သူ​၏​ထံ​မှ​အ​သက်​ရေ​ကို တောင်း​လိမ့်​မည်။ ထို​သူ​သည်​လည်း​သင့်​အား ထို​ရေ​ကို​ပေး​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

11. ထို​အ​မျိုး​သ​မီး​က ``အ​ရှင်၊ ရေ​တွင်း​သည် နက်​ပါ​၏။ အ​ရှင့်​မှာ​ခပ်​စ​ရာ​ရေ​ပုံး​မ​ရှိ ပါ။ အ​ဘယ်​မှာ​လျှင်​အ​သက်​ရေ​ကို​ရ​ပါ မည်​နည်း။-

12. အ​ဖ​ယာ​ကုပ်​သည်​သူ​ကိုယ်​တိုင်​မှ​စ​၍​သား များ၊ သိုး​များ၊ နွား​များ​သည်​ဤ​ရေ​တွင်း​ရေ ကို​သောက်​ခဲ့​ကြ​ပါ​၏။ အ​ရှင်​သည်​အ​ဖ ယာ​ကုပ်​ထက်​ပင်​ကြီး​မြတ်​ပါ​သ​လော'' ဟု ဆို​၏။

13. သ​ခင်​ယေ​ရှု​က ``ဤ​ရေ​ကို​သောက်​သူ​တိုင်း နောက်​တစ်​ဖန်​ရေ​ငတ်​လိမ့်​ဦး​မည်။-

14. ငါ​ပေး​မည့်​ရေ​ကို​သောက်​သူ​မူ​ကား​အ​ဘယ် အ​ခါ​မျှ​ရေ​ငတ်​တော့​မည်​မ​ဟုတ်။ ထို​ရေ​သည် သူ​၏​အ​တွင်း​၌​ထာ​ဝ​စဉ်​စမ်း​ပေါက်​လျက် သူ့ အား​ထာ​ဝ​ရ​အ​သက်​ကို​ရ​ရှိ​စေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

15. ထို​အ​မျိုး​သ​မီး​က ``အ​ရှင်၊ ကျွန်​မ​သည်​နောက် တစ်​ဖန်​ရေ​မ​ငတ်​စေ​ရန်​လည်း​ကောင်း၊ ဤ​အ​ရပ် သို့​လာ​၍​ရေ​မ​ခပ်​ရ​စေ​ရန်​လည်း​ကောင်း ထို​ရေ ကို​ကျွန်​မ​အား​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​၏။

16. ကိုယ်​တော်​က ``သွား​လော့။ သင့်​ခင်​ပွန်း​ကို​ခေါ် ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ရှင်ယောဟန် 4