28. ငါသည်မေရှိယမဟုတ်။ ထိုအရှင်၏ရှေ့တော် ပြေးမျှသာဖြစ်၏။ ယင်းသို့ဖြစ်ကြောင်းသင် တို့အား ငါပြောကြားခဲ့သည်ကိုသင်တို့ ကိုယ်တိုင်ပင်သက်သေဖြစ်ကြ၏။-
29. မင်္ဂလာဆောင်သတို့သမီးကိုသိမ်းပိုက်ရ သူသည် မင်္ဂလာဆောင်သတို့သားဖြစ်၏။ သတို့ သား၏မိတ်ဆွေသည်ကားအဆင်သင့်စောင့် ဆိုင်းကာ သတို့သား၏အသံကိုနားထောင် လျက်နေ၏။ သူသည်သတို့သား၏အသံကို ကြားသော် လွန်စွာအားရဝမ်းမြောက်သကဲ့ သို့ ငါသည်လည်းအပြည့်အဝဝမ်းမြောက်ရ လေပြီ။-
30. ထိုအရှင်သည်တိုးတက်ရမည်။ ငါမူကား ဆုတ်ယုတ်ရမည်'' ဟုဆို၏။
31. ကောင်းကင်ဘုံမှကြွလာတော်မူသောအရှင် သည်အလုံးစုံတို့ထက်ကြီးမြတ်တော်မူ၏။ ကမ္ဘာမြေကြီးမှပေါက်ဖွားသူသည်ကမ္ဘာမြေ ကြီးသားဖြစ်၍ မြေကြီးနှင့်ဆိုင်သော အကြောင်းအရာများကိုပြောတတ်၏။-
32. ထိုအရှင်သည်မိမိမြင်ခဲ့ကြားခဲ့ရသော အရာများအကြောင်းကိုဟောပြောတော်မူ သော်လည်း ကိုယ်တော်၏ဟောပြောချက်ကို အဘယ်သူမျှလက်မခံကြ။-
33. ကိုယ်တော်၏ဟောပြောချက်ကိုလက်ခံသော သူမူကားယင်းသို့လက်ခံခြင်းအားဖြင့် ဘုရား သခင်သည်သစ္စာတော်ရှင်ဖြစ်ကြောင်းကို သက်သေခံသူဖြစ်၏။-
34. ဘုရားသခင်သည်မိမိစေလွှတ်တော်မူသောသူ အားဝိညာဉ်တော်ကိုအပြည့်အဝချပေးတော် မူသည်ဖြစ်၍ ထိုသူသည်ဘုရားသခင်၏နှုတ် ကပတ်တရားတော်ကိုဖော်ပြတတ်၏။-
35. ခမည်းတော်သည်သားတော်ကိုချစ်တော်မူ သဖြင့် တန်ခိုးအာဏာရှိသမျှကိုသားတော် လက်သို့ပေးအပ်တော်မူပြီ။-